Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 16:24

Judson Bible

လူ​များ​တို့​သည် ရှံ​ဆုန်​ကို မြင်​သော​အ​ခါ၊ ငါ​တို့​ဘု​ရား​သည် ငါ​တို့​ပြည်​ကို ဖျက်​ဆီး၍၊ ပြည်​သား​အ​များ​တို့​ကို သတ်​သော ငါ​တို့၏​ရန်​သူ​ကို၊ ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ​ဟု မိ​မိ​တို့​ဘု​ရား​ကို ချီး​မွမ်း​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ဝတ်​တန်​ဆာ​တော်​ကို ချွတ်​ပြီး​မှ ခေါင်း​တော်၊ လက်​နက်​တော်​ကို​ယူ၍ သူ​တို့​ရုပ်​တု​အိမ်​များ၌​လည်း​ကောင်း၊ လူ​များ​တို့၌​လည်း​ကောင်း၊ သ​တင်း​ကျော်​စော​စေ​ခြင်း​ငှာ၊ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်​သို့ ပေး​လိုက်​ကြ၏။

ရုပ်​တု​ဆင်း​တု​ကို ဝတ်​ပြု​သော​သူ၊ အ​ချည်း​နှီး​သက်​သက်​သော​အ​ရာ၌ ဝါ​ကြွား​သော​သူ​အ​ပေါင်း​တို့​သည် အ​ရှက်​ကွဲ​ခြင်း​ရှိ​ကြ​စေ။ ဘု​ရား​အ​ပေါင်း​တို့၊ ထာ​ဝ​ရ​ဘု​ရား​ကို ပျပ်​ဝပ်​ကိုး​ကွယ်​ကြ​လော့။

အို အ​ကျွန်ုပ်​တို့ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော် ထာ​ဝ​ရ​ဘု​ရား​တစ်​ပါး​သာ၊ ဘု​ရား​သ​ခင် ဖြစ်​တော်​မူ​သည်​ကို မြေ​ကြီး​ပေါ်​မှာ​ရှိ​သ​မျှ​သော တိုင်း​နိုင်​ငံ​တို့​သည် သိ​မည်​အ​ကြောင်း၊ အ​ကျွန်ုပ်​တို့​ကို ထို​မင်း​လက်​မှ ယ​ခု​ကယ်​ယူ​တော်​မူ​ပါ၊ အ​ကျွန်ုပ်​တောင်း​ပန်​ပါ​သည်​ဟု ပ​တ္ထ​နာ​ပြု​လေ၏။

သို့​ရာ​တွင်၊ ငါ​နုတ်​ဆောင်​ခြင်း​ကျေး​ဇူး​ကို​မြင်​သော တစ်​ပါး​အ​မျိုး​သား​တို့​ရှေ့​မှာ ငါ၏​နာ​မ​အ​သ​ရေ​ကို မ​ပျက်​စေ​ခြင်း​ငှာ၊ ငါ​သည် နာ​မ​တော်​အ​တွက် စီ​ရင်​လေ၏။

ကောင်း​ကင်​ဘုံ၏ အ​ရှင်​ကို ဆန့်​ကျင်​ဘက်​ပြု၍၊ ဗိ​မာန်​တော်၏ ဖ​လား​တို့​ကို ရှေ့​တော်​သို့ ယူ​ခဲ့​စေ၍၊ ကိုယ်​တော်​တိုင်​မှ​စ​သော မှူး​တော်​မတ်​တော်၊ မိ​ဖု​ရား၊ မောင်း​မ​မိဿံ​တို့​သည် ထို​ဖ​လား​တို့​နှင့် စ​ပျစ်​ရည်​ကို သောက်​ကြ​ပြီ​တ​ကား။ မျက်​စိ​မ​မြင်၊ နား​မ​ကြား၊ အ​ဘယ်​အ​ရာ​ကို​မျှ မ​သိ​သော ငွေ​ဘု​ရား၊ ရွှေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း၍၊ ကိုယ်​တော်၏ အ​သက်​သ​ခင်​တည်း​ဟူ​သော ကိုယ်​တော်၏​အ​မှု​အ​လုံး​စုံ​တို့​ကို စီ​ရင်​ပိုင်​တော်​မူ​သော ဘု​ရား​သ​ခင်​ကို မ​ချီး​မွမ်း​ဘဲ နေ​ပါ​ပြီ​တ​ကား။

စ​ပျစ်​ရည်​ကို​သောက်၍၊ ရွှေ​ဘု​ရား၊ ငွေ​ဘု​ရား၊ ကြေး​ဝါ​ဘု​ရား၊ သံ​ဘု​ရား၊ သစ်​သား​ဘု​ရား၊ ကျောက်​ဘု​ရား​တို့​ကို ချီး​မွမ်း​ကြ၏။

မိ​မိ​ကျွန်​အား ယဇ်​ပူ​ဇော်၍၊ မိ​မိ​ပိုက်​အား နံ့​သာ​ပေါင်း​ကို မီး​ရှို့​တတ်၏။ အ​ကြောင်း​မူ​ကား၊ ထို​တန်​ဆာ​အား​ဖြင့် ဥ​စ္စာ​ရ​တတ်၍ ဝ​စွာ​စား​ရ၏။

ရန်​ဘက်​ပြု​သော​သူ​တို့​သည် ထောင်​လွှား​လျက်၊ ဤ​အ​မှု​အ​လုံး​စုံ​ကို ထာ​ဝ​ရ​ဘု​ရား​မ​ပြု၊ ဘုန်း​ကြီး​သော​ငါ​တို့​လက်​ရုံး​ပြ​ပြီ​ဟု ပြော​မည်​ကို စိုး​ရိမ်​စ​ရာ​မ​ရှိ​လျှင်​လည်း​ကောင်း၊ သူ​တို့​ကို မြေ​ကြီး​စွန်း​တိုင်​အောင် အ​ရပ်​ရပ်​သို့​ကွဲ​ပြား​စေ၍၊ အ​ဘယ်​သူ​မျှ မ​အောက်​မေ့​စေ​ခြင်း​ငှာ ပယ်​ရှင်း​မည်​ဟု ငါ​အ​ကြံ​ရှိ၏။

မြေ​ကြီး​ပေါ်​မှာ​နေ​သော သူ​တို့​သည် ထို​အ​လောင်း​ကောင်​တို့​ကို မြင်​သော​အ​ခါ၊ ဝမ်း​မြောက်၍ ပျော်​မွေ့​ခြင်း​ကို ပြု​ကြ​လိမ့်​မည်။ တစ်​ယောက်​ကို​တစ်​ယောက် လက်​ဆောင်​ပေး​လိုက်​ကြ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ အ​ထက်​က ထို​ပ​ရော​ဖက်​နှစ်​ပါး​တို့​သည် မြေ​ကြီး​ပေါ်​မှာ နေ​သော​သူ​တို့​ကို ပြင်း​စွာ နှောင့်​ယှက်​ညှဥ်း​ဆဲ​ကြ​သည်​ဟု ငါ့​အား ပြော​ဆို​လေ၏။-

လေ​ဟိ​အ​ရပ်​သို့ ရောက်​သော​အ​ခါ၊ ဖိ​လိ​တ္တိ​လူ​တို့​သည် ကြွေး​ကြော်​ကြ၏။ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် သူ့​အ​ပေါ်​မှာ သက်​ရောက်​သ​ဖြင့်၊ သူ့​လက်၌ ချည်​သော​ကြိုး​တို့​သည် မီး​ထိ​သော ပိုက်​ဆန်​ရိုး​ကဲ့​သို့ ဖြစ်၍ အ​ချည်​အ​နှောင်​ကျွတ်​လေ၏။

သတ်​ပြီး​လျှင် မြည်း​မေး​ရိုး​ဖြင့် အ​ပုံ​ပုံ၊ မြည်း​မေး​ရိုး​ဖြင့် လူ​တစ်​ထောင်​ကို ငါ​သတ်​လေ​ပြီ​ဟု​ဆို​သော​နောက်၊

သူ​တို့​ကို ကြီး​စွာ​သော လုပ်​ကြံ​ခြင်း​အား​ဖြင့် တစ်​ပြိုင်​နက် ရိုက်​သတ်​ပြီး​လျှင် ဧ​တံ​ကျောက်​ထိပ်​သို့ သွား၍ နေ၏။

စိတ်​နှ​လုံး​ရွှင်​လန်း​သော​အ​ခါ၊ ရှံ​ဆုန်​ကို ခေါ်​ခဲ့။ ငါ​တို့​အ​ဖို့ က​စား​ပါ​လေ​စေ​ဟု ဆို​သ​ဖြင့်၊ ရှံ​ဆုန်​ကို ထောင်​အိမ်​မှ​ခေါ်​ခဲ့၍ သူ​သည် က​စား​ရ၏။ သူ​ကို​လည်း ဇ​ရပ်​တိုင်​ကြား​မှာ ထား​ကြ၏။

ရှော​လု၏​ခေါင်း​ကို​ဖြတ်၍ လက်​နက်​တော်​ကို​ချွတ်​ပြီး​မှ သူ​တို့ ရုပ်​တု​ကျောင်း​များ၌​လည်း​ကောင်း၊ လူ​များ​တို့၌​လည်း​ကောင်း၊ သ​တင်း​ကျော်​စော​စေ​ခြင်း​ငှာ ဖိ​လိ​တ္တိ​ပြည်​အ​ရပ်​ရပ်​သို့ ပေး​လိုက်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ