ရှံဆုန် ဆံပင်ရိတ်သောနောက်၊ တစ်ဖန်ပေါက်ပြန်သောအခါ၊
သို့ရာတွင် ရန်သူပြည်၌နေကြသောအခါ၊ သူတို့ကိုရှင်းရှင်းဖျက်ဆီး၍၊ သူတို့နှင့် ငါပြုသောပဋိညာဉ်ကို ပယ်သည်တိုင်အောင် သူတို့ကိုငါမစွန့်ပစ်၊ မရွံရှာ။ ငါသည် သူတို့၏ဘုရားခင်ထာဝရဘုရားဖြစ်၏။
ထာဝရဘုရားသည် မိမိလူတို့အဖို့ တရားစီရင်တော်မူမည်။ ကိုယ်တော်၏ ကျွန်တို့သည် တန်ခိုးကုန်ကြောင်း၊ အချုပ်ခံရသောသူ၊ လွတ်သောသူတစ်ယောက်မျှ မရှိကြောင်းကို မြင်သောအခါ၊ သူတို့အမှုကြောင့် နောင်တရတော်မူလျက်၊
ဖိလိတ္တိလူတို့သည် ဖမ်းဆီး၍ သူ့မျက်စိကိုဖောက်ပြီးမှ ဂါဇမြို့သို့ ယူသွားပြီးလျှင် ကြေးဝါကြိုးနှင့်ချည်နှောင်၍ ထောင်အိမ်၌ ကြိတ်ဆုံနှင့် ကြိတ်စေကြ၏။
ဖိလိတ္တိမင်းတို့ကို၊ ငါတို့ဘုရားသည် ငါတို့ရန်သူကို ငါတို့လက်သို့ အပ်တော်မူပြီဟုဆိုလျက်၊ သူတို့ဘုရားဒါဂုန်အား ယဇ်ကြီးကိုပူဇော်၍ ပျော်မွေ့ခြင်းကို ပြုအံ့သောငှာ စည်းဝေးကြ၏။