Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 16:2

Judson Bible

ရှံ​ဆုန်​ရောက်​ကြောင်း​ကို ဂါ​ဇ​မြို့​သား​တို့​သည် ကြား​လျှင် ဝိုင်း​ထား​လျက်၊ မြို့​တံ​ခါး​ဝ၌ တစ်​ည​လုံး​ချောင်း​မြောင်း​လျက်၊ နံ​နက်​မိုး​လင်း​သော​အ​ခါ သူ့​ကို​သတ်​မည်​ဟု​ဆို၍ တစ်​ည​လုံး ငြိမ်​သက်​စွာ နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

ဥ​ယျာဉ်​စောင့်​တို့​သည် သား​ကို​မြင်​လျှင် ဤ​သူ​သည် အ​မွေ​ခံ​ဖြစ်၏။ လာ​ကြ၊ သူ့​ကို​သတ်၍ သူ၏​အ​မွေ​ဥ​စ္စာ​ကို ယူ​ကြ​ကုန်​အံ့​ဟု အ​ချင်း​ချင်း​တိုင်​ပင်၍၊-

နံ​နက်​အ​ချိန်​ရောက်​လျှင်၊ ယဇ်​ပု​ရော​ဟိတ်​အ​ကြီး​တို့​နှင့် လူ​တို့​တွင် အ​ကြီး​အ​ကဲ​ဖြစ်​သော သူ​အ​ပေါင်း​တို့​သည် ယေ​ရှု​ကို သတ်​အံ့​သော​ငှာ တိုင်​ပင်၍၊-

ယေ​ရု​ရှ​လင်​မြို့​ကို ဗိုလ်​ခြေ​များ ဝန်း​ရံ​လျက်​ရှိ​သည်​ကို သင်​တို့​မြင်​သော​အ​ခါ၊ ထို​မြို့​သည် ပျက်​စီး​ခြင်း​သို့ ရောက်​လု​သည်​ကို သိ​မှတ်​ကြ​လော့။-

ထို​ကြောင့်၊ နက်​ဖြန်​နေ့၌ စစ်​သူ​ကြီး​သည် ပေါ​လု​ကို ကိုယ်​တော်​တို့​ထံ​သို့ ပို့​ဆောင်​စေ​ခြင်း​ငှာ၊ သူ့​ကို​သာ၍ စေ့​စေ့​စစ်​ကြော​မည် အ​ဟန်​ပြု၍၊ လွှတ်​အ​ရာ​ရှိ​များ​နှင့်​အ​တူ ကိုယ်​တော်​တို့​သည် စစ်​သူ​ကြီး​ကို လျှောက်​ကြ​ပါ​လော့။ ပေါ​လု​သည် ကိုယ်​တော်​တို့​ထံ​သို့ မ​ရောက်​မီ​အ​ကြား​တွင် အ​ကျွန်ုပ်​တို့​သည် သူ့​ကို​သတ်​ခြင်း​ငှာ အ​သင့်​ရှိ​နှင့်​ပါ​ပြီ​ဟု လျှောက်​ကြ၏။

ထို​အ​ကြံ​အ​စည်​ကို ရှော​လု​သည်​သိ၏။ သူ့​ကို​သတ်​အံ့​သော​ငှာ မြို့​တံ​ခါး​တို့​ကို နေ့​ည​မ​ပြတ် စောင့်​ကြ​သော​ကြောင့်၊-

အ​လွန်​ရေ​ငတ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လျက်၊ ကိုယ်​တော်​သည် ဤ​ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကို ကိုယ်​တော်၏​ကျွန်​လက်၌ ပေး​တော်​မူ​ပြီး​မှ၊ ယ​ခု အ​ကျွန်ုပ်​သည် ရေ​ငတ်​သ​ဖြင့်​သေ၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​လက်​သို့ ရောက်​ရ​ပါ​မည်​လော​ဟု လျှောက်​သော်၊

ရှံ​ဆုန်​သည် သန်း​ခေါင်​တိုင်​အောင် အိပ်​ပြီး​မှ၊ သန်း​ခေါင်​အ​ချိန်၌​ထ၍ မြို့​တံ​ခါး​ရွက်​တို့​ကို၊ တံ​ခါး​တိုင် ကန့်​လန့်​ကျင်​နှင့်​တ​ကွ ယူ၍ ပ​ခုံး​ပေါ်​မှာ​တင်​လျက် ထမ်း​သွား၍၊ ဟေ​ဗြုန်​မြို့​ရှေ့၊ တောင်​ပေါ်၌​ပစ်​ထား​လေ၏။

ရှော​လု​သည် သူ့​ကို​စောင့်၍ နံ​နက်​ချိန်၌ သတ်​စေ​ခြင်း​ငှာ သူ့​အိမ်​သို့​လူ​ကို​စေ​လွှတ်၏။ ဒါ​ဝိဒ်​မ​ယား မိ​ခါ​လ​က၊ သင်​သည် ယ​နေ့​ည​မှာ ကိုယ်​အ​သက်​ကို မ​ကယ်​မ​လျှင်၊ နက်​ဖြန်​နေ့၌ အ​သေ​ခံ​ရ​လိမ့်​မည်​ဟု​ဆို​လျက်၊

ရှော​လု​သည် တောင်​တစ်​ဖက်၌​လည်း​ကောင်း၊ ဒါ​ဝိဒ်​နှင့် သူ၏​လူ​တို့​သည် တစ်​ဖက်၌​လည်း​ကောင်း၊ သွား​ကြ၍ ရှော​လု​ကို​ကြောက်​သ​ဖြင့်၊ လွတ်​အောင်​ကြိုး​စား​စဉ်​တွင်၊ ရှော​လု​နှင့် သူ၏​လူ​တို့​သည် ဒါ​ဝိဒ်​နှင့်​သူ၏​လူ​တို့​ကို ဝိုင်း၍ ဖမ်း​မိ​လု​ကြ​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ