Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 15:6

Judson Bible

ဖိ​လိ​တ္တိ​လူ​တို့​က​လည်း၊ ဤ​အ​မှု​ကို အ​ဘယ်​သူ​ပြု​သ​နည်း​ဟု မေး​မြန်း​သော်၊ တိ​မ​နတ်​မြို့​သား၏​သား​မက် ရှံ​ဆုန်​ပြု​ပြီ။ သူ၏​မ​ယား​ကို သူ၏​အ​ပေါင်း​အ​ဖော်​အား ပေး​စား​ပြီ​တ​ကား​ဟု ပြန်​ပြော​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​သည်​လာ၍ ထို​မိန်း​မ​နှင့် သူ၏​အ​ဘ​ကို မီး​ရှို့​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ဒု​စ​ရိုက်​မျိုး​စေ့​ကို​ကြဲ​သော​သူ​သည် ဒု​က္ခ​စ​ပါး​ကို ရိတ်​ရ​မည်။ ဒေါ​သ​စိတ်​ရှိ၍ ဒဏ်​ပေး​နိုင်​သော တန်​ခိုး​လည်း ပျောက်​လိမ့်​မည်။

ဤ​အ​မှု​အ​ရာ၌ လွန်​ကျူး၍ ညီ​အစ်​ကို​ကို ပ​ရိ​ယာယ်​အား​ဖြင့် မ​ပြစ်​မှား​စေ​ခြင်း​ငှာ​လည်း​ကောင်း၊ အ​လို​တော်​ရှိ၏။ ငါ​တို့​သည် အ​ထက်​က ဟော​ပြော၍ သ​စ္စာ​ပေး​နှင့်​သည်​အ​တိုင်း၊ သ​ခင်​ဘု​ရား​သည် ထို​သို့​သော ပြစ်​မှား​ခြင်း​ကို ခံ​သော​သူ​အ​ပေါင်း​တို့​ဘက်၌ တ​ရား​စီ​ရင်​တော်​မူ​လိမ့်​မည်။-

ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ မြောက်​သို့​ချီ​သွား​လျှင်၊ ယေ​ဖ​သ​အား သင်​သည် ငါ​တို့​ကို​မ​ခေါ်​ဘဲ၊ အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ဘယ်​ကြောင့် တိုက်​ခြင်း​ငှာ​သွား​သ​နည်း။ သင့်​အိမ်​ကို သင့်​အ​ပေါ်​မှာ မီး​ရှို့​မည်​ဟု ဆို​ကြ​သော်၊

စ​တု​တ္ထ​နေ့​ရောက်​မှ၊ သူ​တို့​က၊ သင်၏​လင်​သည် စ​ကား​ဝှက်​အ​နက်​ကို ဖော်​ပြ​စေ​ခြင်း​ငှာ သူ့​ကို ချော့​မော့​ရ​မည်။ သို့​မ​ဟုတ် သင်​နှင့်​တ​ကွ သင့်​အ​ဆွေ​အ​မျိုး​ကို မီး​ရှို့​မည်။ ငါ​တို့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ ငါ​တို့​ကို ခေါ်​ဖိတ်​သ​လော​ဟု ရှံ​ဆုန်၏​မ​ယား​ကို ဆို​သော​ကြောင့်၊

မီး​ရှူး​တို့​ကို မီး​ညှိ​သ​ဖြင့် ဖိ​လိ​တ္တိ​လူ​တို့ စ​ပါး​လယ်​ထဲ​သို့ လွှတ်​လိုက်၍ စ​ပါး​ပင်​ကို​လည်း​ကောင်း၊ ကောက်​လှိုင်း​ကို​လည်း​ကောင်း၊ စ​ပျစ်​ဥ​ယျာဉ်၊ သံ​လွင်​ဥ​ယျာဉ်​တို့​ကို​လည်း​ကောင်း မီး​လောင်​လေ၏။

ရှံ​ဆုန်​က​လည်း၊ ထို​သို့​ပြု​သော​ကြောင့် ငါ​သည် စိတ်​ပြေ​အောင် ပြု​မည်။ စိတ်​ပြေ​ပြီး​မှ ငြိမ်​သက်​စွာ​နေ​မည်​ဟု ဆို​လျက်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ