သင်သည် ငါ့သမီးကို ဆက်ဆက်မုန်းသည်ဟု ငါအထင်ရောက်သောကြောင့်၊ သင့်အပေါင်းအဖော်အား ငါပေးစားပြီ။ သူ့ညီမသည် သူ့ထက်သာ၍လှသည် မဟုတ်လော။ အစ်မ၏ကိုယ်စား ညီမကိုယူပါတော့ဟု ဆို၏။
မုဆိုးမအဝတ်ကိုချွတ်၍ မျက်နှာဖုံးနှင့် မျက်နှာကိုဖုံးလျက်၊ ကိုယ်ကိုလည်းခြုံရုံလျက်၊ တိမနတ်မြို့သို့သွားသောလမ်းအနား၊ ဧနိမ်မြို့တံခါးဝ၌ ထိုင်နေလေ၏။ အကြောင်းမူကား၊ ရှေလကြီးသော်လည်း၊ မိမိနှင့် အိမ်ထောင်ဖက်မပြုရဟု သိမြင်သောကြောင့်တည်း။
နာဇရက်မြို့သား ယေရှု၏ နာမတော်နှင့် ဆန့်ကျင်သော အမှုများကို ပြုကောင်း၏ဟု အကျွန်ုပ်သည် စိတ်ထင်လျက်၊-
သူသည် လင်ရှေ့မှာငိုကြွေး၍ သင်သည် ငါ့ကိုမချစ် မုန်းပါ၏။ ငါ့အမျိုးသားချင်းတို့အား စကားဝှက်ကို ပြောသော်လည်း၊ အနက်ကို ငါ့အား မပြပါတကားဟု ဆို၏။ ရှံဆုန်ကလည်း၊ ငါသည် ကိုယ်မိဘကိုမျှမပြဘဲ သင့်အား ပြရမည်လောဟု ဆိုသော်လည်း၊
မယားကိုကား ရှံဆုန်ပေါင်းဖော်သော အဆွေခင်ပွန်းအား ပေးစားသတည်း။
ထိုအမှုကို ထောက်၍ ရှံဆုန်က၊ ငါသည် ဖိလိတ္တိလူတို့၌ အပြစ်ပြုသော်လည်း၊ သူတို့သည် ငါ့ကိုအပြစ်တင်စရာမရှိဟု ဆိုသည်နှင့်အညီ၊