Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 15:19

Judson Bible

လေ​ဟိ​အ​ရပ်၌ ချိုင့်​ဝှမ်း​ရာ​ကို ဘု​ရား​သ​ခင်​ဖောက်​တော်​မူ၍ ရေ​ထွက်​လေ၏။ သူ​သည် ရေ​ကို​သောက်​သ​ဖြင့် အ​သက်​ရှူ​ပြန်၍ အား​ဖြည့်​လေ၏။ သို့​ဖြစ်၍ ထို​ချိုင့်​ဝှမ်း​ရာ​ကို အ​ဟ​က္ကော​ရ​အ​မည်​ဖြင့် တွင်၍ ယ​နေ့​တိုင်​အောင် လေ​ဟိ​အ​ရပ်၌ ရှိ​သ​တည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

ထို​သို့​မိန့်​မြွက်​တော်​မူ​သော ထာ​ဝ​ရ​ဘု​ရား​ကို၊ အာ​တော​ဧ​လ​ရော ဟူ​သော​အ​မည်​ဖြင့်​ခေါ်​ဝေါ်၍၊ ငါ့​ကို​မြင်​တော်​မူ​သော​သူ​ကို ဤ​အ​ရပ်၌​ပင် ငါ​ဖူး​မြင်​ရ​သည်​တ​ကား​ဟု ဟာ​ဂ​ရ​ဆို​လေ၏။

ထို​အ​ရပ်​ကို​လည်း၊ ဗေ​သ​လ​အ​မည်​ဖြင့်​မှည့်​လေ၏။ ထို​မြို့၏ အ​မည်​ဟောင်း​ကား၊ ဥ​လံ​လု​ဇ​ဟူ​သ​တည်း။

အ​ထက်​က အ​ဘ၏​ဥ​စ္စာ​နည်း​လှ၏။ ယ​ခု​တိုး​ပွား၍ များ​ပြား​လျက်​ရှိ၏။ ကျွန်ုပ်​သွား​လာ​လုပ်​ကိုင်​သော​အား​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် အ​ဘ​အား​ကောင်း​ချီး​ပေး​တော်​မူ​ပြီ။ ယ​ခု​မှာ၊ ကျွန်ုပ်​သည် ကိုယ်​အိမ်​သူ​အိမ်​သား​တို့​ကို အ​ဘယ်​သော​အ​ခါ ကျွန်ုပ်​ပြု​စု​ရ​ပါ​အံ့​နည်း​ဟု ဆို​လေ၏။

သူ​တို့​သည်​လည်း ယော​သပ်​ပြော​သ​မျှ​သော​စ​ကား​တို့​ကို ပြန်​ပြော​ကြ၏။ အ​ဘ​ယာ​ကုပ်​သည် မိ​မိ​စီး​စ​ရာ​ဖို့ ယော​သပ်​ပေး​လိုက်​သော​လှည်း​တို့​ကို မြင်​သော​အ​ခါ စိတ်​နှ​လုံး​အား​ဖြည့်​ပြန်၏။

လမ်း​နား​မှာ​စီး​သော​ရေ​ကို​သောက်၍၊ ခေါင်း​တော်​ကို ချီး​မြှင့်​တော်​မူ​မည်။

အ​ကျွန်ုပ်​သည် ဆင်း​ရဲ​ခံ​ရ​သော​အ​ခါ ထာ​ဝ​ရ​ဘု​ရား​ကို​အော်​ဟစ်၍၊ ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်​တော်​မူ၏။

ဤ​ဆင်း​ရဲ​သော​သူ၏ အော်​ဟစ်​ခြင်း​အ​သံ​ကို ထာ​ဝ​ရ​ဘု​ရား​သည် နား​ထောင်၍၊ ခပ်​သိမ်း​သော ဆင်း​ရဲ​ထဲ​က ကယ်​လွှတ်​တော်​မူ၏။

အ​မှု​ရောက်​သည်​ကာ​လ၌ ငါ့​ကို​ပ​တ္ထ​နာ​ပြု​လော့။ ငါ​သည် ကယ်​လွှတ်​မည်။ သင်​သည်​လည်း ငါ့​ကို​ချီး​မွမ်း​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

မော​ရှေ​သည်​လည်း ယဇ်​ပ​လ္လင်​ကို​တည်၍၊ ယေ​ဟော​ဝါ​နိဿိ​ဟု သ​မုတ်​လေ၏။

အ​ထက်​သို့ မျှော်​ကြည့်​ကြ​လော့။ ထို​အ​ရာ​တို့​ကို အ​ဘယ်​သူ ဖန်​ဆင်း​သ​နည်း။ ထို​သူ​သည် သူ​တို့​အ​လုံး​အ​ရင်း​ကို အ​ရေ​အ​တွက်​အား​ဖြင့် ထုတ်​ဆောင်​တော်​မူ၏။ အ​လုံး​စုံ​တို့​ကို နာ​မည်​ဖြင့်​ခေါ်​တော်​မူ၏။ ခွန်​အား​ကြီး၍ တန်​ခိုး​နှင့် ပြည့်​စုံ​တော်​မူ​သော​ကြောင့်၊ တစ်​စုံ​တစ်​ခု​မျှ မ​ပေါ်​ဘဲ​မ​နေ​ရ။

ထို​ဘု​ရား​သည် မော​သော​သူ​တို့​အား၊ ခွန်​အား​ကို​ပေး​တော်​မူ၏။ နွမ်း​နယ်​သော​သူ​တို့​အား၊ အ​စွမ်း​သ​တ္တိ​နှင့် ပြည့်​စုံ​သော​အ​ခွင့်​ကို ပေး​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ရေ​ငတ်​သော​သူ​အ​ပေါ်​မှာ ရေ​ကို ငါ​သွန်း​လောင်း၍၊ သွေ့​ခြောက်​သော​မြေ​ကို ရေ​လွှမ်း​မိုး​စေ​မည်။ သင်၏ အ​မျိုး​အ​ပေါ်​မှာ ငါ့​ဝိ​ညာဉ်​ကို​လည်း​ကောင်း၊ သင်၏​အ​နွယ်​အ​ပေါ်​မှာ ငါ့​ကောင်း​ချီး​မင်္ဂ​လာ​ကို​လည်း​ကောင်း ငါ​သွန်း​လောင်း​မည်။

မိ​မိ​လက်​ကို​ဆန့်၍ ကျောက်​ကို​လှံ​တံ​နှင့် နှစ်​ကြိမ်​ရိုက်​သ​ဖြင့်၊ ရေ​သည် များ​စွာ​ထွက်၍၊ လူ​ပ​ရိ​သတ်​တို့​နှင့် တိ​ရ​စ္ဆာန်​တို့​သည် သောက်​ရ​ကြ၏။

တစ်​ဖန် ဖိ​လိ​တ္တိ​လူ​တို့​သည် ယု​ဒ​ပြည်​သို့​ချီ​သွား၍ တပ်​ချ​သ​ဖြင့်၊ လေ​ဟိ​အ​ရပ်၌ အ​နှံ့​အ​ပြား​နေ​ကြ၏။

သင်္ဘော​သ​ဖန်း​သီး​ပျဉ် တစ်​ဖဲ့၊ စ​ပျစ်​သီး​နှစ်​ပြွတ်​ကို​လည်း ပေး၍ သူ​သည်​စား​သ​ဖြင့် အား​ပြည့်​ပြန်၏။ သုံး​ရက်​ပတ်​လုံး မ​စား​မ​သောက်​ဘဲ ငတ်​မွတ်​ခဲ့​ပြီ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ