Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 15:18

Judson Bible

အ​လွန်​ရေ​ငတ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လျက်၊ ကိုယ်​တော်​သည် ဤ​ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကို ကိုယ်​တော်၏​ကျွန်​လက်၌ ပေး​တော်​မူ​ပြီး​မှ၊ ယ​ခု အ​ကျွန်ုပ်​သည် ရေ​ငတ်​သ​ဖြင့်​သေ၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​လက်​သို့ ရောက်​ရ​ပါ​မည်​လော​ဟု လျှောက်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

19 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြ​ဟံ​က၊ ဤ​အ​ရပ်​သား​တို့​သည် ဘု​ရား​သ​ခင်​ကို​မ​ကြောက်၊ အ​ကျွန်ုပ်၏​မ​ယား​အ​တွက် အ​ကျွန်ုပ်​ကို​သတ်​ကြ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​ထင်​သော​ကြောင့်၊ ထို​သို့​ပြု​မိ​ပါ​ပြီ။

ပေ​နွေ​လ​အ​ရပ်​ကို ယာ​ကုပ်​လွန်​သွား​သော​အ​ခါ၊ နေ​ထွက်​ချိန်​ရှိ၍၊ သူ​သည် ထော့​နဲ့​သွား​လေ၏။

ထို​သ​တင်း​ကို ဂါ​သ​မြို့၌ မ​ပြော​ကြ​နှင့်။ အာ​ရှ​ကေ​လုန်​မြို့​လမ်း​တို့၌ မ​ကြား​မ​ပြော​ကြ​နှင့်။ ဖိ​လိ​တ္တိ​အ​မျိုး​သ​မီး​တို့​သည် ဝမ်း​မြောက်၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော အ​မျိုး​သ​မီး​တို့​သည် ရွှင်​လန်း​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

ထို​နောက်​မှ ကျမ်း​စာ​ပြည့်​စုံ​စေ​ခြင်း​ငှာ အ​မှု​ရှိ​သ​မျှ​ကုန်​စင်​ပြီး​သည်​ကို သိ​တော်​မူ​လျှင်၊ ရေ​ငတ်​သည်​ဟု မိန့်​တော်​မူ၏။-

ထို​မှ​တစ်​ပါး၊ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သေး​သ​နည်း။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​မှ​စ၍ ပ​ရော​ဖက်​တို့​အ​ကြောင်း​များ​ကို ပြော၍​မ​ကုန်​နိုင်။-

မိ​ဘ​တို့​က၊ သင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ဖိ​လိ​တ္တိ​လူ​တို့​တွင် မ​ယား​ကို သွား၍ ယူ​ရ​မည်​အ​ကြောင်း၊ သင်၏​ညီ​အစ်​ကို​သ​မီး ငါ​တို့​အ​မျိုး​သား​ချင်း​သ​မီး​တို့​တွင် မိန်း​မ​တစ်​ယောက်​မျှ မ​ရှိ​လော​ဟု ဆို​သော်​လည်း၊ ရှံ​ဆုန်​က၊ ထို​မိန်း​မ​ကို တောင်း၍​ပေး​ပါ။ အ​လွန်​နှစ်​သက်​ပါ​သည်​ဟု အ​ဘ​အား​ပြော​ဆို၏။

မြည်း​မေး​ရိုး​ကို ပစ်​လိုက်၍၊ ထို​အ​ရပ်​ကို ရာ​မတ်​လေ​ဟိ​အ​မည်​ဖြင့် တွင်​လေ၏။

ရှံ​ဆုန်​က​လည်း၊ အို အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ အ​ကျွန်ုပ်​ကို အောက်​မေ့​တော်​မူ​ပါ။ အ​ကျွန်ုပ်​မျက်​စိ​နှစ်​ဖက်​ကို ဖောက်​သော ဖိ​လိ​တ္တိ​လူ​တို့၌ တစ်​ပြိုင်​နက်​အ​ပြစ်​ဒဏ် ပေး​နိုင်​မည်​အ​ကြောင်း၊ ယ​ခု​တစ်​ကြိမ်​မျှ​သာ ခွန်​အား​ကို ပြန်​ပေး​တော်​မူ​ပါ​ဘု​ရား​ဟု ထာ​ဝ​ရ​ဘု​ရား​အား ဆု​တောင်း​ပြီး​မှ၊

ဂိ​ဒေါင်​သည် ယော်​ဒန်​မြစ်​သို့​ရောက်​သော​အ​ခါ၊ သူ၌​ရှိ​သော သူ​သုံး​ရာ​တို့​သည် ပင်​ပန်း​လျက်​နှင့် ကူး၍​လိုက်​ကြ၏။

ဒါ​ဝိဒ်​က​လည်း၊ ထို​ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ဣ​သ​ရေ​လ​အ​မျိုး​ခံ​သော အ​ရှက်​ကွဲ​ခြင်း​ကို ပယ်​ရှင်း​သော​သူ​သည် အ​ဘယ်​အ​ကျိုး​ကို ရ​လိမ့်​မည်​နည်း။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​ရ​မည်​အ​ကြောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မိ​မိ​အ​နား​မှာ​ရှိ​သော​သူ​တို့​အား မေး​မြန်း​လျှင်၊

ကိုယ်​တော်​ကျွန်​သည် ခြင်္သေ့​နှင့်​ဝံ​နှစ်​ကောင်​လုံး​ကို သတ်​ပါ၏။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​သော​ကြောင့်၊ ထို​အ​ကောင်​တစ်​ကောင်​ကဲ့​သို့ ဖြစ်​ပါ​လိမ့်​မည်။

တစ်​ဖန်​ဒါ​ဝိဒ်​က၊ ငါ​သည် ရှော​လု​လက်​ဖြင့် ဆုံး​ရှုံး​ရ​သော အ​ချိန်​ရောက်​လိမ့်​မည်။ သို့​ဖြစ်၍ ဖိ​လိ​တ္တိ​ပြည်​သို့ အ​လျင်​အ​မြန် ပြေး​ကောင်း၏။ သည်​ထက်​ကောင်း​သော​အ​ရာ​မ​ရှိ။ သို့​ပြု​လျှင် ရှော​လု​သည် ဣ​သ​ရေ​လ​ပြည်​နယ်​တွင် ငါ့​ကို ရှာ၍​မ​တွေ့​နိုင်​ကြောင်း​ကို သိ​လျက်၊ အား​လျော့၍ သူ့​လက်​မှ ငါ​လွတ်​လိမ့်​မည်​ဟု အ​ကြံ​ရှိ​သည်​အ​တိုင်း၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ