Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 15:15

Judson Bible

သူ​သည်​လည်း မြည်း​မေး​ရိုး​လတ်​လတ်​ကို​တွေ့၍ ကိုင်​ယူ​ပြီး​လျှင် လူ​တစ်​ထောင်​တို့​ကို သတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ဒါ​ဝိဒ်၏ အ​မှု​တော်​ထမ်း​သူ​ရဲ​ကြီး​တို့၏​အ​မည်​များ​ဟူ​မူ​ကား၊ ဟ​ပ္ပေါ​နိ​အ​မျိုး ယာ​ရှော​ဘံ​သည် ဗိုလ်​ချုပ်​ဖြစ်၏။ ထို​သူ​သည် လှံ​ကို​ကိုင်​လျက် လူ​သုံး​ရာ​ကို တစ်​ခါ​တည်း​တိုက်၍ လုပ်​ကြံ​လေ၏။

သင်​တို့​သည် ရန်​သူ​များ​ကို​လိုက်၍ ဓား​လက်​နက်​ဖြင့် အောင်​ကြ​လိမ့်​မည်။

သင်​တို့​တွင် လူ​ငါး​ယောက်​သည် ရန်​သူ​တစ်​ရာ​ကို လိုက်​လိမ့်​မည်။ လူ​တစ်​ရာ​သည် ရန်​သူ​တစ်​သောင်း​ကို​ပြေး​စေ၍ ဓား​လက်​နက်​ဖြင့် အောင်​ကြ​လိမ့်​မည်။

မီး​အ​ရှိန်​ကို ငြိမ်း​စေ​ခြင်း၊ ဓား​လက်​နက်​ဘေး​နှင့် ကင်း​လွတ်​ခြင်း၊ အ​နာ​မှ​ထ​မြောက်၍ ကျန်း​မာ​ခြင်း၊ စစ်​တိုက်​သော​အ​ခါ ခွန်​အား​နှင့်​ပြည့်​စုံ​ခြင်း၊ တစ်​ပါး​အ​မျိုး​သား​တို့၏ တပ်​များ​ကို ဖျက်​ဆီး​ခြင်း​အ​မှု​များ​ကို ပြု​ကြ၏။-

သင်​တို့​တစ်​ယောက်​သော်​လည်း အ​ခြား​သော​သူ​တစ်​ထောင်​ကို ပြေး​စေ​လိမ့်​မည်။ အ​ကြောင်း​မူ​ကား၊ သင်​တို့၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် က​တိ​တော်​ရှိ​သည်​အ​တိုင်း သင်​တို့​ဘက်၌ စစ်​တိုက်​တော်​မူ၏။

သတ်​ပြီး​လျှင် မြည်း​မေး​ရိုး​ဖြင့် အ​ပုံ​ပုံ၊ မြည်း​မေး​ရိုး​ဖြင့် လူ​တစ်​ထောင်​ကို ငါ​သတ်​လေ​ပြီ​ဟု​ဆို​သော​နောက်၊

မြည်း​မေး​ရိုး​ကို ပစ်​လိုက်၍၊ ထို​အ​ရပ်​ကို ရာ​မတ်​လေ​ဟိ​အ​မည်​ဖြင့် တွင်​လေ၏။

ဧ​ဟု​ဒ​နောက်​မှာ အာ​နတ်​သား​ရှံ​ဂါ​ပေါ်​ထွန်း၍၊ တုတ်​ချွန်​နှင့် ဖိ​လိ​တ္တိ​လူ​ခြောက်​ရာ​တို့​ကို သတ်​သ​ဖြင့်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို ကယ်​လွှတ်​လေ၏။

ထို​အ​ခါ ဟေ​ဗာ​မ​ယား​ယေ​လ​သည် သိ​သ​ရ​မော​လျက် အိပ်​ပျော်​စဉ်​တွင်၊ တဲ​တံ​သင်​တစ်​ချောင်း​နှင့် လက်​ရိုက်​ကို​ကိုင်​လျက် သူ့​ထံ​သို့ တိတ်​ဆိတ်​စွာ​သွား၍ တံ​သင်​ကို မြေ၌​စွဲ​စေ​သည်​တိုင်​အောင် သူ၏​နား​ပန်း​ထဲ​သို့ ရိုက်​သွင်း​သ​ဖြင့် သိ​သ​ရ​သည် သေ၏။

ထို​အ​ခါ လူ​သုံး​ရာ​တို့​ကို သုံး​စု​ခွဲ၍၊ တံ​ပိုး​တစ်​လုံး​နှင့် မီး​ခွက်​ပါ​သော အိုး​တစ်​လုံး​စီ​ကို လူ​တိုင်း​လက်၌ ဆောင်​စေ၏။

ယော​န​သန်​နှင့် လု​လင်​ပြု​သော ပ​ထ​မ​လုပ်​ကြံ​ခြင်း​အား​ဖြင့် နွား​တစ်​ရှဉ်း​ထွန်​နိုင်​သော မြေ​ကွက်​အ​တွင်း​တွင် လူ​နှစ်​ဆယ်​ခန့်​မျှ သေ​ကြ၏။

ယော​န​သန်​က၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော တပ်​သား​တို့​ဆီ​သို့​သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​မှု​ကို စောင့်​ကောင်း​စောင့်​တော်​မူ​လိမ့်​မည်။ လူ​များ​သော်​လည်း​ကောင်း၊ နည်း​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကို အ​ဆီး​အ​တား​မ​ရှိ​နိုင်​ဟု လက်​နက်​ဆောင်​လု​လင်​အား​ပြော​ဆို​လျှင်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ