သူကြီး 15:14Judson Bibleလေဟိအရပ်သို့ ရောက်သောအခါ၊ ဖိလိတ္တိလူတို့သည် ကြွေးကြော်ကြ၏။ ထာဝရဘုရား၏ဝိညာဉ်တော်သည် သူ့အပေါ်မှာ သက်ရောက်သဖြင့်၊ သူ့လက်၌ ချည်သောကြိုးတို့သည် မီးထိသော ပိုက်ဆန်ရိုးကဲ့သို့ ဖြစ်၍ အချည်အနှောင်ကျွတ်လေ၏။ အခန်းကိုကြည့်ပါ။ |
သူတို့သည် တွေ့၍ရသော ဥစ္စာကိုဝေဖန်လျက် နေကြသည်မဟုတ်လော။ စစ်သူရဲတို့အား အပျိုကညာ တစ်ယောက်နှစ်ယောက်စီ၊ သိသရဖို့ ပန်းဆိုးသောအဝတ်၊ ပန်းဆိုး၍ ချယ်လှယ်သော အဝတ်တန်ဆာ၊ အောင်သောသူတို့၏ လည်ပင်း၌ ဆင်စရာဖို့ ပန်းဆိုး၍ချယ်လှယ်လျက် အဆင်းအရောင် ထူးခြားသော အဝတ်တန်ဆာကို လုယူ၍ ဝေဖန်လျက် နေကြသည်မဟုတ်လောဟု သိသရ၏အမိသည် ဆိုတတ်၏။