Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 14:3

Judson Bible

မိ​ဘ​တို့​က၊ သင်​သည် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ဖိ​လိ​တ္တိ​လူ​တို့​တွင် မ​ယား​ကို သွား၍ ယူ​ရ​မည်​အ​ကြောင်း၊ သင်၏​ညီ​အစ်​ကို​သ​မီး ငါ​တို့​အ​မျိုး​သား​ချင်း​သ​မီး​တို့​တွင် မိန်း​မ​တစ်​ယောက်​မျှ မ​ရှိ​လော​ဟု ဆို​သော်​လည်း၊ ရှံ​ဆုန်​က၊ ထို​မိန်း​မ​ကို တောင်း၍​ပေး​ပါ။ အ​လွန်​နှစ်​သက်​ပါ​သည်​ဟု အ​ဘ​အား​ပြော​ဆို၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

15 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​က​လည်း၊ ငါ​တို့​သည် ညီ​အစ်​ကို​ချင်း​ဖြစ်​လျက်၊ ငါ​နှင့် သင်၌​လည်း​ကောင်း၊ ငါ့​နွား​ကျောင်း​သား​တို့​နှင့်၊ သင့်​နွား​ကျောင်း​သား​တို့၌​လည်း​ကောင်း၊ ခိုက်​ရန်​မ​ရှိ​ပါ​စေ​နှင့်။

အာ​ဗြ​ဟံ​သည်​လည်း သိုး၊ နွား​တို့​ကို​ယူ​ပြီး​လျှင်၊ အ​ဘိ​မ​လက်​အား​ပေး၍ ထို​နှစ်​ပါး​တို့​သည် ပ​ဋိ​ညာဉ်​ပြု​ကြ၏။

ကျွန်ုပ်​တို့​နှ​မ​ကို အ​ရေ​ဖျား​လှီး​မင်္ဂ​လာ​ကို​မ​ခံ​သော​သူ​အား မ​ပေး​စား​နိုင်​ပါ။ ပေး​စား​လျှင်၊ ကဲ့​ရဲ့​ဖွယ်​သော​အ​ကြောင်း​ဖြစ်​ပါ၏။

ထို​သ​တင်း​ကို ဂါ​သ​မြို့၌ မ​ပြော​ကြ​နှင့်။ အာ​ရှ​ကေ​လုန်​မြို့​လမ်း​တို့၌ မ​ကြား​မ​ပြော​ကြ​နှင့်။ ဖိ​လိ​တ္တိ​အ​မျိုး​သ​မီး​တို့​သည် ဝမ်း​မြောက်၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော အ​မျိုး​သ​မီး​တို့​သည် ရွှင်​လန်း​ကြ​လိမ့်​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ၏။

သို့​မ​ဟုတ် သင်​တို့​သည်​ရွေ့​လျော့၍၊ သင်​တို့​တွင် ကျန်​ကြွင်း​သေး​သော ဤ​လူ​မျိုး​တို့၌ မှီ​ဝဲ​လျက်၊ ထိမ်း​မြား​ပေး​စား၍ ပေါင်း​ဖော်​ဆက်​ဆံ​ခြင်း​ရှိ​လျှင်၊

မိ​ဘ​ထံ​သို့ ပြန်​လာ၍၊ တိ​မ​နတ်​မြို့၌ ဖိ​လိ​တ္တိ​အ​မျိုး​ဖြစ်​သော မိန်း​မ​တစ်​ယောက်​ကို မြင်​ခဲ့​ပြီ။ ကျွန်ုပ် ကြင်​ဖက်​ဖြစ်​ဖို့​ရာ တောင်း၍​ပေး​ပါ​ဟု ဆို​သော်၊

အ​လွန်​ရေ​ငတ်၍ ထာ​ဝ​ရ​ဘု​ရား​ကို ဆု​တောင်း​လျက်၊ ကိုယ်​တော်​သည် ဤ​ကြီး​စွာ​သော ကယ်​တင်​ခြင်း​ကို ကိုယ်​တော်၏​ကျွန်​လက်၌ ပေး​တော်​မူ​ပြီး​မှ၊ ယ​ခု အ​ကျွန်ုပ်​သည် ရေ​ငတ်​သ​ဖြင့်​သေ၍ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​လက်​သို့ ရောက်​ရ​ပါ​မည်​လော​ဟု လျှောက်​သော်၊

ယော​န​သန်​က၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော တပ်​သား​တို့​ဆီ​သို့​သွား​ကြ​ကုန်​အံ့။ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​အ​မှု​ကို စောင့်​ကောင်း​စောင့်​တော်​မူ​လိမ့်​မည်။ လူ​များ​သော်​လည်း​ကောင်း၊ နည်း​သော်​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား ကယ်​တင်​တော်​မူ​ခြင်း​ကို အ​ဆီး​အ​တား​မ​ရှိ​နိုင်​ဟု လက်​နက်​ဆောင်​လု​လင်​အား​ပြော​ဆို​လျှင်၊

ဒါ​ဝိဒ်​က​လည်း၊ ထို​ဖိ​လိ​တ္တိ​လူ​ကို​သတ်၍ ဣ​သ​ရေ​လ​အ​မျိုး​ခံ​သော အ​ရှက်​ကွဲ​ခြင်း​ကို ပယ်​ရှင်း​သော​သူ​သည် အ​ဘယ်​အ​ကျိုး​ကို ရ​လိမ့်​မည်​နည်း။ အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏ ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​ရ​မည်​အ​ကြောင်း၊ အ​ရေ​ဖျား​လှီး​ခြင်း​ကို​မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​ဘယ်​သို့​သော​သူ ဖြစ်​သ​နည်း​ဟု မိ​မိ​အ​နား​မှာ​ရှိ​သော​သူ​တို့​အား မေး​မြန်း​လျှင်၊

ကိုယ်​တော်​ကျွန်​သည် ခြင်္သေ့​နှင့်​ဝံ​နှစ်​ကောင်​လုံး​ကို သတ်​ပါ၏။ အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော ထို​ဖိ​လိ​တ္တိ​လူ​သည် အ​သက်​ရှင်​တော်​မူ​သော ဘု​ရား​သ​ခင်၏​ဗိုလ်​ခြေ​တို့​ကို ကြိမ်း​ပ​သော​ကြောင့်၊ ထို​အ​ကောင်​တစ်​ကောင်​ကဲ့​သို့ ဖြစ်​ပါ​လိမ့်​မည်။

လက်​နက်​ဆောင်​လု​လင်​ကို ခေါ်​ပြီး​လျှင် သင့်​ဓား​ကို​ထုတ်၍ ငါ့​ကို​ထိုး​လော့။ သို့​မ​ဟုတ် အ​ရေ​ဖျား​လှီး​ခြင်း​ကို မ​ခံ​သော​လူ​တို့​သည် လာ၍ ငါ့​ကို​ထိုး​ပြီး​မှ မ​ရို​မ​သေ ညှဉ်း​ဆဲ​ကြ​လိမ့်​မည်​ဟု ဆို​သော်​လည်း၊ လက်​နက်​ဆောင်​လု​လင်​သည် အ​လွန်​ကြောက်၍ မ​ပြု​ဘဲ​နေ​သော​ကြောင့်၊ ရှော​လု​သည် ထို​ဓား​ကို​ယူ၍ ထောင်​ပြီး​လျှင်၊ ဓား​ဖျား​ပေါ်​မှာ​လှဲ၍ သေ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ