သူကြီး 14:2Judson Bibleမိဘထံသို့ ပြန်လာ၍၊ တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတစ်ယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ် ကြင်ဖက်ဖြစ်ဖို့ရာ တောင်း၍ပေးပါဟု ဆိုသော်၊ အခန်းကိုကြည့်ပါ။ |
ဥယျာဉ်တို့ကို စိုက်ပျိုး၍ အသီးကို စားကြလော့။ သင်တို့သည် ထိုပြည်၌ ခေါင်းပါးခြင်းမရှိ၊ တိုးပွားများပြားမည်အကြောင်း၊ မယားနှင့်နေ၍ သားသမီးကိုဖွားမြင်ကြလော့။ သားသမီးတို့ကိုလည်း၊ အချင်းချင်း တစ်ယောက်ကိုတစ်ယောက် ပေးစား၍၊ တစ်ဖန် သားသမီးကို ဖွားမြင်စေကြလော့။
မိဘတို့က၊ သင်သည် အရေဖျားလှီးခြင်းကို မခံသော ဖိလိတ္တိလူတို့တွင် မယားကို သွား၍ ယူရမည်အကြောင်း၊ သင်၏ညီအစ်ကိုသမီး ငါတို့အမျိုးသားချင်းသမီးတို့တွင် မိန်းမတစ်ယောက်မျှ မရှိလောဟု ဆိုသော်လည်း၊ ရှံဆုန်က၊ ထိုမိန်းမကို တောင်း၍ပေးပါ။ အလွန်နှစ်သက်ပါသည်ဟု အဘအားပြောဆို၏။