Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 14:14

Judson Bible

ရှံ​ဆုန်​က​လည်း၊ စား​တတ်​သော​သူ၏​အ​ထဲ​က အ​စာ၊ သန်​စွမ်း​သော သူ၏​အ​ထဲ​က အ​ချို​ထွက်​လေ​စွ​ဟု ဆို၏။ ထို​စ​ကား​ဝှက်​အ​နက်​ကို သူ​တို့​သည် သုံး​ရက်​ပတ်​လုံး​ရှာ၍ မ​တွေ့​နိုင်​ကြ။

အခန်းကိုကြည့်ပါ။ ကော်ပီ

20 ပူးပေါင်းရင်းမြစ်များ  

သင်​နှင့် မိန်း​မ​ကို​လည်း​ကောင်း၊ သင်၏​အ​မျိုး​အ​နွယ်​နှင့် မိန်း​မ၏​အ​မျိုး​အ​နွယ်​ကို​လည်း​ကောင်း၊ ငါ​သည်​ရန်​ငြိုး​ဖွဲ့​စေ​မည်။ သူ​သည် သင်၏​ခေါင်း​ကို ကြိတ်​လိမ့်​မည်၊ သင်​သည် သူ၏​ဖ​နောင့်​ကို ကြိတ်​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

ကျီး​အ​တို့​သည် နေ့​တိုင်း နံ​နက်​တစ်​ခါ၊ ညဉ့်​ဦး​တစ်​ခါ မုန့်​နှင့် အ​မဲ​သား​ကို ဆောင်​ခဲ့​ကြ၏။ ချောင်း​ရေ​ကို​လည်း​သောက်​ရ၏။

အိုင်​ကြီး​တစ်​ဖက်၊ ဧ​ဒုံ​ပြည်​ဘက်​က များ​စွာ​သော အ​လုံး​အ​ရင်း စစ်​ချီ​လာ၍၊ အင်္ဂေ​ဒိ​အ​မည်​ရှိ​သော ဟာ​ဇ​ဇု​န္တာ​မာ​မြို့​မှာ ရှိ​ကြ​ပါ​သည်​ဟု ယော​ရှ​ဖတ်​အား ကြား​လျှောက်​လျှင်၊

ယော​ရှ​ဖတ်​နှင့် သူ၏​လူ​တို့​သည်၊ ရန်​သူ​တို့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ လာ​ကြ​သော​အ​ခါ၊ အ​သေ​ကောင်​တို့၌ များ​စွာ​သော​ဥ​စ္စာ၊ အ​ဖိုး​ထိုက်​သော တန်​ဆာ​တို့​ကို တွေ့​သ​ဖြင့်၊ ထမ်း၍​မ​သွား​နိုင်​အောင် ချွတ်​ယူ​ကြ၏။ လက်​ရ​ဥ​စ္စာ အ​လွန်​များ​သော​ကြောင့်၊ သုံး​ရက်​ပတ်​လုံး လု​ယူ​ထုပ်​ထား​လျက် နေ​ကြ၏။

ပ​ညာ​မြင့်​သော​ကြောင့် မိုက်​သော​သူ​မ​မီ​နိုင်။ မြို့​တံ​ခါး​ဝ၌ စ​ကား​မ​ပြော​ဝံ့။

ကိုယ်​တော်​က၊ သင်​တို့​သည် ကောင်း​ကင်​နိုင်​ငံ​တော်၏ နက်​နဲ​သော အ​ရာ​တို့​ကို သိ​ရ​သော​အ​ခွင့် ရှိ​ကြ၏။ ထို​သူ​တို့​မူ​ကား အ​ခွင့်​မ​ရှိ​ကြ၊-

ထို​အ​မတ်​က​လည်း၊ သွန်​သင်​ပဲ့​ပြင်​သော​သူ​မ​ရှိ​လျှင် အ​ဘယ်​သို့ နား​လည်​နိုင်​မည်​နည်း​ဟု​ဆို​ပြီး​မှ မိ​မိ​နှင့်​အ​တူ ဖိ​လိ​ပ္ပု​တက်၍ ထိုင်​နေ​ပါ​မည်​အ​ကြောင်း တောင်း​ပန်၏။

မ​ကွာ​စေ​သည်​သာ​မ​က၊ ငါ​တို့​ကို ချစ်​တော်​မူ​သော​သူ၏ ကျေး​ဇူး​တော်​ကြောင့်၊ ငါ​တို့​သည် ထို​အ​မှု​ခပ်​သိမ်း​တို့​ကို ခံ​စဉ်​တွင်​ပင် အ​ထူး​သ​ဖြင့် အောင်​မြင်​ကြ၏။-

အ​ကြောင်း​မူ​ကား၊ မျက်​မှောက်၌​ထင်​ရှား​သော အ​ရာ​တို့​သည် ခ​ဏ​သာ​တည်၍ မ​ထင်​ရှား​သော​အ​ရာ​တို့​သည် အ​စဉ်​အ​မြဲ​တည်​ကြောင်း​ကို ငါ​တို့​သည် ထောက်​လျက်၊ ထင်​ရှား​သော အ​ရာ​တို့​ကို မ​ကြည့်​မ​မှတ်​ဘဲ မ​ထင်​ရှား​သော​အ​ရာ​တို့​ကို ကြည့်​မှတ်​ကြ​စဉ်​အ​ခါ၊ ယ​ခု​ခ​ဏ​ခံ​ရ၍ ပေါ့​ပါး​သော ဆင်း​ရဲ​ခြင်း​ဒု​က္ခ​သည် အ​တိုင်း​ထက်​အ​လွန် ကြီး​မြတ်​လေး​လံ​သော နိ​စ္စ​ထာ​ဝ​ရ​ဘုန်း​အ​သ​ရေ​ကို ငါ​တို့​အ​ဖို့ ဖြစ်​စေ​တတ်၏။

ငါ​တို့​သည် အ​ပြစ်​နှင့်​ဆိုင်​သော​အ​ရာ၌ အ​သေ​ဖြစ်၍၊ ဖြောင့်​မတ်​ခြင်း​အ​ရာ၌ အ​သက်​ရှင်​စေ​မည်​အ​ကြောင်း၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင် သစ်​တိုင်​မှာ​ခံ​တော်​မူ​ပြီ။ ဒဏ်​ချက်​တော်​များ​အား​ဖြင့် သင်​တို့​သည် အ​နာ​ပျောက်​လျက် ရှိ​ကြ၏။-

မ​ဖော်​မ​ပြ​နိုင်​လျှင် သင်​တို့​သည် ခြုံ​ထည်​သုံး​ဆယ်၊ အင်္ကျီ​သုံး​ဆယ်​ကို ငါ့​အား​ပေး​ရ​မည်​ဟု​ဆို​သော် သူ​တို့​က၊ သင့်​စ​ကား​ဝှက်​ကို ငါ​တို့​အား ကြား​ပြော​ပါ​ဟု​ဝန်​ခံ​ကြ၏။

စ​တု​တ္ထ​နေ့​ရောက်​မှ၊ သူ​တို့​က၊ သင်၏​လင်​သည် စ​ကား​ဝှက်​အ​နက်​ကို ဖော်​ပြ​စေ​ခြင်း​ငှာ သူ့​ကို ချော့​မော့​ရ​မည်။ သို့​မ​ဟုတ် သင်​နှင့်​တ​ကွ သင့်​အ​ဆွေ​အ​မျိုး​ကို မီး​ရှို့​မည်။ ငါ​တို့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ ငါ​တို့​ကို ခေါ်​ဖိတ်​သ​လော​ဟု ရှံ​ဆုန်၏​မ​ယား​ကို ဆို​သော​ကြောင့်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ