ရှံဆုန်ကလည်း၊ သင်တို့အား စကားဝှက်ကို ငါပြောမည်။ ပွဲခံရာခုနစ်ရက်တွင် ဖော်ပြနိုင်လျှင် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါပေးမည်။
အစ်ကိုရှိသမျှတို့အားလည်းအဝတ်လဲစရာဖို့ပေး၏။ ဗင်္ယာမိန်အားလည်း၊ ငွေအကျပ်သုံးရာနှင့် အဝတ်လဲစရာဖို့ အဝတ်ငါးစုံကို ထပ်၍ပေး၏။
ရှေဘပြည်ကို အစိုးရသောမိဖုရားသည် ရှောလမုန်၏ဂုဏ်အသရေနှင့် ထာဝရဘုရား၏နာမတော်သတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကိုစုံစမ်းခြင်းငှာလာ၏။
ဂေဟာဇိက ကောင်းပါ၏။ ယခုတွင် ပရောဖက် အမျိုးသားလုလင်နှစ်ယောက်သည် ဧဖရိမ်တောင်မှ ရောက်လာပြီ။ ငွေအခွက်တစ်ဆယ်နှင့် အဝတ်နှစ်စုံကို သူတို့အဖို့ပေးပါလော့ဟု တောင်းစေခြင်းငှာ၊ ကျွန်တော် သခင်သည် ကျွန်တော်ကိုစေလွှတ်ပါပြီဟု ဆိုလျှင်၊
ရှုရိရှင်ဘုရင်ကလည်း သွားလော့။ သွားလော့။ ဣသရေလရှင်ဘုရင်ထံသို့ စာပေးလိုက်မည်ဟု အမိန့်တော်အတိုင်း၊ နေမန်သည် ငွေအခွက်တစ်ရာ၊ ရွှေအခွက် ခြောက်ဆယ်၊ အဝတ်ဆယ်စုံကို ယူသွား၍၊
ထိုအခါ ရှောလမုန်သည် အလွန်များစွာသော ပရိသတ်တည်းဟူသော ဟာမတ်မြို့ဝင်ဝမှစ၍ အဲဂုတ္တုမြစ်တိုင်အောင် အနှံ့အပြား အရပ်ရပ်ကလာကြသော ဣသရေလအမျိုးသားအပေါင်းတို့နှင့်တကွ ခုနစ်ရက်ပတ်လုံး ပွဲခံတော်မူ၏။
ပုံစကားသို့ ကိုယ်နားကိုလှည့်လျက် နက်နဲသောအရာကို စောင်းတီး၍ ဖွင့်ပြပေအံ့။
ဉာဏ်ကောင်းသောသူသည် သုတ္တံစကားအနက်အဓိပ္ပာယ်ကိုလည်းကောင်း၊ ပညာရှိဟောပြော၍ နက်နဲသော စကားတို့ကိုလည်းကောင်း၊ နားလည်သော နိဿရည်းဆရာအဖြစ်သို့ ရောက်ရလိမ့်မည်။
ချောသောအထည်အလိပ်ကို ရက်၍ ရောင်းတတ်၏။ ခါးစည်းတို့ကိုလည်း ကုန်သည်၌ ချတတ်၏။
အချင်းလူသား၊ သင်သည်ဣသရေလအမျိုးအား စကားထာဝှက်၍ပုံပြောလျက်၊
ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ သူတို့က၊ ဤသူသည် ပုံပမာကိုသာဆောင်၍ ဟောပြောတတ်သည်မဟုတ်လောဟု၊ အကျွန်ုပ်ကိုရည်မှတ်၍ ဆိုတတ်ကြပါသည်ဟု လျှောက်လေ၏။
ထိုကြောင့် သူတို့သည် မြင်လျက်မမြင်၊ ကြားလျက်မကြား၊ အနက်ကိုလည်း နားမလည်သောကြောင့် ဥပမာကိုဆောင်၍ ငါဟောပြော၏။-
ယေရှုသည် ဤဥပမာများတို့ကိုဆောင်၍ ပရိသတ်များတို့အား ဟောပြောတော်မူ၏။ ဥပမာကင်း၍ ဟောပြောတော်မမူ၊-
အဝတ်တော်ကို ချွတ်၍ နီသောဝတ်လုံကို ခြုံစေကြ၏။-
သံချေး၊ ပိုးရွဖျက်ဆီး၍ သူခိုးထွင်းဖောက်ခိုးယူရာ မြေကြီးပေါ်မှာ ဘဏ္ဍာကို မဆည်းပူးကြနှင့်။-
ထိုအခါ ခေါ်ဖိတ်သောသူတို့သည် မြင့်မြတ်သော နေရာထိုင်ရာကို ရွေးကြသည်ကို မြင်တော်မူလျှင်၊ သူတို့အား ဥပမာကို မိန့်တော်မူသည်ကား၊-
တပည့်တော်တို့ကလည်း၊ ကိုယ်တော်သည် ယခုတွင်ပုံဥပမာကိုမဆောင်ဘဲ အတည့်အလင်း ဟောပြောတော်မူ၏။-
ယခုတွင် ငါတို့သည် မှန်အားဖြင့် ရိပ်မိလျက်သာ နေကြ၏။ ထိုအခါမူကား၊ မျက်မှောက်ထင်ထင် မြင်ရကြလိမ့်မည်။ ယခုတွင် ငါအသိအမြင် မစုံမလင်ဖြစ်၏။ ထိုအခါမူကား၊ သူတစ်ပါးသည် ငါ့ကိုသိသကဲ့သို့ ငါသိရလိမ့်မည်။-
သင်တို့ဥစ္စာပစ္စည်းသည် ပုပ်စပ်လျက်ရှိ၏။ အဝတ်ကိုလည်း ပိုးကိုက်စားလေပြီ။-
ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ၊ သူနှင့်အတူ ပွဲခံခြင်းငှာ အပေါင်းအဖော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ၏။
မဖော်မပြနိုင်လျှင် သင်တို့သည် ခြုံထည်သုံးဆယ်၊ အင်္ကျီသုံးဆယ်ကို ငါ့အားပေးရမည်ဟုဆိုသော် သူတို့က၊ သင့်စကားဝှက်ကို ငါတို့အား ကြားပြောပါဟုဝန်ခံကြ၏။