အဘသည်လည်း၊ မိန်းမနေရာအရပ်သို့ သွားပြန်၍ ရှံဆုန်သည် လူပျိုထုံးစံအတိုင်း ပွဲလုပ်လေ၏။
လာဗန်သည် ထိုအရပ်၌နေသော သူအပေါင်းတို့ကိုစည်းဝေးစေ၍ ပွဲလုပ်လေ၏။
ပျော်မွေ့ခြင်းငှာ ပွဲကိုလုပ်တတ်၏။ စပျစ်ရည်သည်လည်း ရွှင်လန်းစေတတ်၏။ ငွေမူကား၊ အရာရာ၌ နိုင်တတ်၏။
ပွဲအုပ်သည် စပျစ်ရည်ဖြစ်စေသောရေကို မြည်းစမ်း၍၊ ထိုရေကို ခပ်သောအစေခံတို့သည် စပျစ်ရည်ကို အဘယ်မှာရသည်ကိုသိသော်လည်း၊ ပွဲအုပ်သည် မသိသောကြောင့်၊ မင်္ဂလာဆောင်လုလင်အား အသံကိုလွှင့်၍၊-
ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဖိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍လည်းကောင်း၊ ဤစကားသည် ဘုရားသခင်၏ နှုတ်တော်ထွက်စင်စစ်ဖြစ်၏ ဟူ၍လည်းကောင်း ငါ့အားပြောဆို၏။-
ထိုအရပ်သားတို့သည် ရှံဆုန်ကို မြင်သောအခါ၊ သူနှင့်အတူ ပွဲခံခြင်းငှာ အပေါင်းအဖော်သုံးဆယ်တို့ကို ခေါ်ခဲ့ကြ၏။
နှိုက်ယူ၍စားလျက် ခရီးသွားလေ၏။ မိဘထံသို့ရောက်သော် ပေး၍ သူတို့သည်လည်း စားကြ၏။ သို့ရာတွင် ထိုပျားရည်ကို ခြင်္သေ့အကောင်ထဲက နှိုက်ယူကြောင်းကို မကြားမပြောဘဲ နေ၏။