တစ်ရံရောအခါ၊ ရှံဆုန်သည် တိမနတ်မြို့သို့ သွား၍၊ ထိုမြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတစ်ယောက်ကို မြင်လျှင်၊
ဘုရားသခင်၏သားတို့သည် လူသမီးတို့လှကြောင်းကိုမြင်၍၊ ကိုယ်စိတ်ရှိသည်အတိုင်း စုံဖက်ကြ၏။
နောက်တစ်နေ့ညဉ့်ဦးယံ၌ ဒါဝိဒ်သည် လျောင်းစက်ရာမှထ၍ နန်းတော်မိုးပေါ်မှာ စင်္ကြံသွားစဉ်တွင်၊ အလွန်အဆင်းလှသော မိန်းမတစ်ယောက်ရေချိုးသည်ကို မြင်တော်မူ၏။
ငါသည်အပျိုကိုမျှ မကြည့်ရှုမည်အကြောင်း၊ ကိုယ်မျက်စိနှင့် ပဋိညာဉ်ဝန်ခံခြင်းကို ပြုပြီ။
အနတ္တကို ပမာဏမပြုစေခြင်းငှာ အကျွန်ုပ်မျက်စိကို အခြားသို့လွှဲတော်မူပါ။ လမ်းခရီးတော်၌ အကျွန်ုပ်အသက်ရှင်စေတော်မူပါ။
ဗာလာမြို့ အနောက်ဘက်နားမှာလျှောက်လျက် စိရတောင်သို့လည်းကောင်း၊ ခေသလုန်တောင်တည်းဟူသော ယာရိမ်တောင် မြောက်ဘက်နားမှာလျှောက်လျက် ဗက်ရှေမက်မြို့၊ တိမနာမြို့သို့လည်းကောင်း၊
ဧလုန်မြို့၊ သိမနာသမြို့၊ ဧကြုန်မြို့၊
လောက၌ရှိသမျှသော အရာတည်းဟူသော ကိုယ်ကာယတပ်မက်ခြင်း၊ မျက်စိတပ်မက်ခြင်း၊ လောကီစည်းစိမ်၌ ဝါကြွားခြင်းတို့သည် ခမည်းတော်နှင့်မစပ်ဆိုင်၊ လောကနှင့်သာ စပ်ဆိုင်ကြ၏။-
ထာဝရဘုရား၏ဝိညာဉ်တော်သည်၊ ဇောရာမြို့နှင့် ဧရှတောလမြို့စပ်ကြား၊ ဒန်အမျိုးတပ်၌ တစ်ခါတလေ နှိုးဆော်စပြုတော်မူ၏။
မိဘထံသို့ ပြန်လာ၍၊ တိမနတ်မြို့၌ ဖိလိတ္တိအမျိုးဖြစ်သော မိန်းမတစ်ယောက်ကို မြင်ခဲ့ပြီ။ ကျွန်ုပ် ကြင်ဖက်ဖြစ်ဖို့ရာ တောင်း၍ပေးပါဟု ဆိုသော်၊
နောက်တစ်ဖန် ရှံဆုန်သည် ဂါဇမြို့သို့သွား၍ ပြည့်တန်ဆာမိန်းမကို တွေ့ပြီးလျှင် သူ့ဆီသို့ဝင်၍နေ၏။