Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 13:8

Judson Bible

ထို​အ​ခါ မာ​နော်​က၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​သည် ဖွား​မြင်​လ​တ္တံ့​သော သူ​ငယ်၌ အ​ဘယ်​သို့​ပြု​ရ​မည်​ကို ဘု​ရား​သ​ခင်၏​တ​မန်​တော်​သည် တစ်​ဖန်​လာ၍ သွန်​သင်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ် နား​မ​လည်​သော​အ​ရာ​ကို သွန်​သင်​တော်​မူ​ပါ။ ဒု​စ​ရိုက်​ကို ပြု​မိ​သည်​ဖြစ်၍၊ နောက်​တစ်​ဖန် မ​ပြု​ဘဲ​နေ​ပါ​မည်​ဟု ဘု​ရား​သ​ခင်​အား လျှောက်​သင့်​သည် မ​ဟုတ်​လော။

သို့​သော်​လည်း ထ၍ မြို့​သို့​ဝင်​လော့။ သင်​ပြု​ရ​မည်​အ​မှု​ကို ပြော​လိမ့်​မည်​ဟု​မိန့်​တော်​မူ၏။-

မာ​နော်​သည်​ထ၍ မ​ယား​နှင့်​အ​တူ ထို​သူ​ထံ​သို့ သွား​ပြီး​လျှင်၊ သင်​သည် ဤ​မိန်း​မ​အား​ပြော​သော​သူ မှန်​သ​လော​ဟု မေး​သော်၊ မှန်​သည်​ဟု ဆို၏။

ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ထို​မိန်း​မ​အား ကိုယ်​ထင်​ရှား၍၊ သင်​သည် မြုံ​သော​ကြောင့် သား​မ​ဖွား​သော်​လည်း၊ ယ​ခု ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။

ထို​မိန်း​မ​သည်​လည်း မိ​မိ​ခင်​ပွန်း​ထံ​သို့ သွား၍ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​သော မျက်​နှာ​ရှိ​သော ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​ဆီ​သို့ လာ၏။ အ​ဘယ်​က​လာ​သ​နည်း​ဟု အ​ကျွန်ုပ်​လည်း မ​မေး။ သူ​သည်​လည်း မိ​မိ​အ​မည်​ကို​မ​ပြော။

သူ​က​လည်း၊ သင်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ စ​ပျစ်​ရည်​ကို မ​သောက်​နှင့်။ သေ​ရည်​သေ​ရက်​ကို မ​သောက်​နှင့်။ မ​စင်​ကြယ်​သော​အ​စာ​ကို မ​စား​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​ငယ်​သည် အ​မိ​ဝမ်း​ထဲ​မှ​စ၍ သေ​သော​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်၏​နာ​ဇ​ရိ​လူ​ဖြစ်​ရ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​မြွက်​ကြောင်း​ကို ပြော​ဆို​လေ၏။

ထာ​ဝ​ရ​ဘု​ရား​သည် မာ​နော်​စ​ကား​ကို နား​ထောင်​တော်​မူ၍၊ ဘု​ရား​သ​ခင်၏​ကောင်း​ကင်​တ​မန်​သည် လယ်​လုပ်​ရာ​အ​ရပ်၌ ထိုင်​လျက်​ရှိ​သော ထို​မိန်း​မ​ဆီ​သို့ လာ​ပြန်၏။ ထို​အ​ခါ ခင်​ပွန်း​မာ​နော်​မ​ရှိ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ