Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 13:7

Judson Bible

သူ​က​လည်း၊ သင်​သည် ပ​ဋိ​သ​န္ဓေ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လိမ့်​မည်။ စ​ပျစ်​ရည်​ကို မ​သောက်​နှင့်။ သေ​ရည်​သေ​ရက်​ကို မ​သောက်​နှင့်။ မ​စင်​ကြယ်​သော​အ​စာ​ကို မ​စား​နှင့်။ အ​ကြောင်း​မူ​ကား၊ ထို​သူ​ငယ်​သည် အ​မိ​ဝမ်း​ထဲ​မှ​စ၍ သေ​သော​နေ့​တိုင်​အောင် ဘု​ရား​သ​ခင်၏​နာ​ဇ​ရိ​လူ​ဖြစ်​ရ​လိမ့်​မည်​ဟု အ​ကျွန်ုပ်​အား မိန့်​မြွက်​ကြောင်း​ကို ပြော​ဆို​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

သူ​တို့​က​လည်း၊ အ​ကျွန်ုပ်​တို့​သည် စ​ပျစ်​ရည်​ကို မ​သောက်​ပါ။ အ​ကြောင်း​မူ​ကား၊ အ​ကျွန်ုပ်​တို့ အ​မျိုး၏​အ​ဘ ရေ​ခပ်၏​သား ယော​န​ဒပ်​က၊ သင်​တို့​မှ​စ၍ သား​စဉ်​မြေး​ဆက်​တို့​သည် စ​ပျစ်​ရည်​ကို မ​သောက်​ရ​ကြ။

သင်​တို့​သား​အ​ချို့​ကို ပ​ရော​ဖက်​အ​ရာ၊ လု​လင်​အ​ချို့​ကို နာ​ဇ​ရိ​လူ​အ​ရာ၌ ငါ​ခန့်​ထား​ပြီ။ အို ဣ​သ​ရေ​လ​အ​မျိုး​သား​တို့၊ ဤ​စ​ကား​မှန်​သည် မ​ဟုတ်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​မေး​တော်​မူ၏။

ယောက်ျား​ဖြစ်​စေ၊ မိန်း​မ​ဖြစ်​စေ၊ ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ မိ​မိ​ကို​ခြား​နား​စေ၍၊ နာ​ဇ​ရိ​သ​စ္စာ​ပြု​ခြင်း​ငှာ မိ​မိ​ကို မိ​မိ​ခွဲ​ထား​သော​အ​ခါ၊

သို့​ဖြစ်၍ သ​တိ​ပြု​လော့။ စ​ပျစ်​ရည်​ကို မ​သောက်​နှင့်။ သေ​ရည်​သေ​ရက်​ကို မ​သောက်​နှင့်။ မ​စင်​ကြယ်​သော​အ​စာ​ကို မ​စား​နှင့်။

ထို​မိန်း​မ​သည်​လည်း မိ​မိ​ခင်​ပွန်း​ထံ​သို့ သွား၍ ဘု​ရား​သ​ခင်၏ ကောင်း​ကင်​တ​မန်​မျက်​နှာ​ကဲ့​သို့ ကြောက်​မက်​ဖွယ်​သော မျက်​နှာ​ရှိ​သော ဘု​ရား​သ​ခင်၏ လူ​တစ်​ယောက်​သည် အ​ကျွန်ုပ်​ဆီ​သို့ လာ၏။ အ​ဘယ်​က​လာ​သ​နည်း​ဟု အ​ကျွန်ုပ်​လည်း မ​မေး။ သူ​သည်​လည်း မိ​မိ​အ​မည်​ကို​မ​ပြော။

ထို​အ​ခါ မာ​နော်​က၊ အို​ဘု​ရား​ရှင်၊ အ​ကျွန်ုပ်​တို့​သည် ဖွား​မြင်​လ​တ္တံ့​သော သူ​ငယ်၌ အ​ဘယ်​သို့​ပြု​ရ​မည်​ကို ဘု​ရား​သ​ခင်၏​တ​မန်​တော်​သည် တစ်​ဖန်​လာ၍ သွန်​သင်​စေ​တော်​မူ​ပါ​ဟု ထာ​ဝ​ရ​ဘု​ရား​အား တောင်း​လျှောက်​သော်၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ