Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 13:24

Judson Bible

ထို​မိန်း​မ​သည် သား​ယောက်ျား​ကို ဖွား​မြင်၍၊ ရှံ​ဆုန်​အ​မည်​ဖြင့် မှည့်၏။ သူ​ငယ်​သည် ကြီး​ပွား၍ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​ငယ်​သည်​ကား၊ ကြီး​ပွား၍ ဉာဏ်​သ​တ္တိ​နှင့် ပြည့်​စုံ၏။ ဣ​သ​ရေ​လ​လူ​တို့​အား မ​ထင်​ရှား​မီ​တိုင်​အောင် တော​အ​ရပ်၌ နေ​လေ၏။

ယေ​ရှု​သည်​လည်း အ​စဉ်​အ​တိုင်း​ကြီး၍ ပ​ညာ​တိုး​ပွား​လျက်၊ ဘု​ရား​သ​ခင့်​ရှေ့၊ လူ​တို့​ရှေ့​မှာ မျက်​နှာ​ရ​တော်​မူ၏။

ထို​မှ​တစ်​ပါး၊ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သေး​သ​နည်း။ ဂိ​ဒေါင်၊ ဗာ​ရက်၊ ရှံ​ဆုံ၊ ယေ​ဖ​သ၊ ဒါ​ဝိဒ်၊ ရှ​မွေ​လ​မှ​စ၍ ပ​ရော​ဖက်​တို့​အ​ကြောင်း​များ​ကို ပြော၍​မ​ကုန်​နိုင်။-

ထာ​ဝ​ရ​ဘု​ရား​သည် ဟ​န္န​ကို အ​ကြည့်​အ​ရှု​ကြွ​တော်​မူ​သ​ဖြင့်၊ သူ​သည် ပ​ဋိ​သ​န္ဓေ​ယူ၍၊ သား​သုံး​ယောက်၊ သ​မီး​နှစ်​ယောက်​တို့​ကို ဖွား​မြင်​လေ၏။ သူ​ငယ်​ရှ​မွေ​လ​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ကြီး​ပွား​သ​တည်း။

သူ​ငယ်​ရှ​မွေ​လ​သည် ကြီး​ပွား၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ လူ​တို့​ရှေ့၌ မျက်​နှာ​ရ​လေ၏။

ရှ​မွေ​လ​သည် အ​စဉ်​အ​တိုင်း​ကြီး၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ​သ​ဖြင့်၊ သူ၏​စ​ကား​တစ်​ခွန်း​မျှ ပျက်​စေ​ခြင်း​ငှာ အ​ခွင့်​ပေး​တော်​မ​မူ။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ