Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 13:23

Judson Bible

မ​ယား​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​သတ်​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင်၊ မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ငါ​တို့​လက်​မှ ခံ​ယူ​တော်​မ​မူ။ ဤ​အ​ခြင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို​လည်း ပြ​တော်​မ​မူ။ ယ​ခု​အ​ခါ၌ ဤ​သို့​သော စ​ကား​ကို​လည်း မိန့်​တော်​မ​မူ​ဟု ပြန်​ပြော၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

ကိုယ်​တော်၏​စိတ်​အ​လို​ရှိ​သည်​အ​တိုင်း ပေး​သ​နား၍၊ အ​ကြံ​အ​စည်​တော်​ရှိ​သ​မျှ​တို့​ကို ပြည့်​စုံ​စေ​ခြင်း​ငှာ ပြု​တော်​မူ​ပါ​စေ​သော။

ထာ​ဝ​ရ​ဘု​ရား​ကို​ကြောက်​ရွံ့​သော​သူ​တို့​သည် ကိုယ်​တော်​မြတ်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​နှင့် ပ​ဋိ​ညာဉ်​တ​ရား​တော်​ကို သိ​ရ​သော​အ​ခွင့်​ရှိ​ကြ၏။

အ​ကယ်​စင်​စစ် အ​သက်​ရှင်​သော​သူ​တို့၏ နေ​ရာ​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏​ကျေး​ဇူး​တော်​ကို ငါ​တွေ့​မြင်​ပြီ​ဟု ယုံ​မှတ်​စွဲ​လမ်း​ခြင်း​ရှိ၏။

အ​ကျွန်ုပ်​အား ကောင်း​သော​နိ​မိတ်​လ​က္ခ​ဏာ​ကို ပြ​တော်​မူ​ပါ။ အ​ကျွန်ုပ်​ကို မုန်း​သော​သူ​တို့​သည် မြင်၍ ရှက်​ကြောက်​ကြ​ပါ​စေ။ အ​ကြောင်း​မူ​ကား၊ အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​သည် အ​ကျွန်ုပ်​ကို​မ​စ၍ ချမ်း​သာ​ပေး​တော်​မူ၏။

အ​ကြောင်း​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား​သည် သ​ဘော​ကောက်​သော​သူ​တို့​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။ ဖြောင့်​မတ်​သော​သူ​တို့​မူ​ကား၊ ကိုယ်​တော်​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​ရ​သော​အ​ခွင့်​ရှိ​ကြ၏။

ငါ​သည် ခ​မည်း​တော်၌​ရှိ​သည်​ကို​လည်း​ကောင်း၊ သင်​တို့​သည် ငါ၌​ရှိ​သည်​ကို​လည်း​ကောင်း၊ ငါ​သည် သင်​တို့၌​ရှိ​သည်​ကို​လည်း​ကောင်း၊ ထို​နေ့၌ သင်​တို့​သည် သိ​ရ​ကြ​လိမ့်​မည်။-

ယေ​ရှု​က​လည်း၊ ငါ့​ကို​ချစ်​သော​သူ​သည် ငါ့​စ​ကား​ကို နား​ထောင်​လိမ့်​မည်။ ငါ့​ခ​မည်း​တော်​သည် ထို​သူ​ကို ချစ်​တော်​မူ​သည်။ ငါ​တို့​သည်​လည်း၊ သူ့​ဆီ​သို့​ကြွ၍ နေ​ရာ​ချ​မည်။-

ယ​ခု​မှ​စ၍ ငါ​သည်​သင်​တို့​ကို ကျွန်​ဟူ၍​မ​ခေါ်။ ကျွန်​မူ​ကား၊ ကိုယ်​သ​ခင်​ပြု​သော​အ​မှု​ကို မ​သိ။ သင်​တို့​ကို အ​ဆွေ​ဟူ၍​ငါ​ခေါ်၏။ အ​ကြောင်း​မူ​ကား၊ ငါ​သည် ခ​မည်း​တော်​ထံ၌ ကြား​သ​မျှ​သော​အ​ရာ​တို့​ကို သင်​တို့​အား ငါ​ပြ​သ၏။-

မျက်​စိ​က၊ သင့်​ကို​ငါ​အ​လို​မ​ရှိ​ဟု လက်​ကို မ​ဆို​ရ။ ထို​နည်း​တူ၊ ဦး​ခေါင်း​က၊ သင်​တို့​ကို​ငါ​အ​လို​မ​ရှိ​ဟု ခြေ​တို့​ကို မ​ဆို​ရ။ ထို​မျှ​မ​က အား​နည်း​ဟန်​ရှိ​သော အင်္ဂါ​တို့​သည် သာ၍​အ​သုံး​ဝင်​ကြ၏။-

ထို​မိန်း​မ​သည် သား​ယောက်ျား​ကို ဖွား​မြင်၍၊ ရှံ​ဆုန်​အ​မည်​ဖြင့် မှည့်၏။ သူ​ငယ်​သည် ကြီး​ပွား၍ ထာ​ဝ​ရ​ဘု​ရား ကောင်း​ချီး​ပေး​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ