Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 13:20

Judson Bible

မီး​လျှံ​သည် ယဇ်​ပ​လ္လင်​ပေါ်​က မိုး​ကောင်း​ကင်​သို့ တက်​စဉ်​တွင်၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယဇ်​ပ​လ္လင်​မီး​လျှံ၌ တက်​လေ၏။ မာ​နော်​လင်​မ​ယား​တို့​သည် ကြည့်၍​မြင်​လျှင် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အာ​ဗြံ​သည်​လည်း​ပျပ်​ဝပ်​လျင်၊ ဘု​ရား​သ​ခင်​က၊

ထို​သို့ နှုတ်​ဆက်​လျက်​သွား​ကြ​စဉ်​တွင်၊ မီး​ရ​ထား​နှင့် မီး​မြင်း​တို့​သည် ပေါ်​လာ၍ ထို​သူ​နှစ်​ယောက်​တို့​ကို ခွဲ​ခွာ​သ​ဖြင့်၊ ဧ​လိ​ယ​သည် လေ​ပွေ​အား​ဖြင့် ကောင်း​ကင်​သို့ တက်​လေ၏။

ဒါ​ဝိဒ်​သည် မျှော်​ကြည့်၍၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ယေ​ရု​ရှ​လင်​မြို့​အ​ပေါ်​မှာ ဓား​ကို​မိုး​လျက် မိုး​ကောင်း​ကင်​နှင့် မြေ​ကြီး​ကြား​မှာ ရပ်​နေ​သည်​ကို​မြင်​လျှင်၊ ကိုယ်​တိုင်​မှ​စ၍ ဣ​သ​ရေ​လ​အ​မျိုး​သား အ​သက်​ကြီး​သူ​တို့​သည် လျှော်​တေ​အ​ဝတ်​ကို ဝတ်​လျက် မြေ​ပေါ်​မှာ ပျပ်​ဝပ်​လျက်​နေ​ကြ၏။

ဒါ​ဝိဒ်​သည် အ​ရော​န​ရှိ​ရာ​သို့ ရောက်​သော​အ​ခါ၊ အ​ရော​န​ကြည့်၍ ဒါ​ဝိဒ်​ကို​မြင်​လျှင်၊ ကောက်​နယ်​တ​လင်း​မှ​ဆင်း၍ ဒါ​ဝိဒ်​ရှေ့​မှာ ဦး​ချ​ပျပ်​ဝပ်​လေ၏။

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့ ယဇ်​ပ​လ္လင်​ကို​တည်၍၊ မီး​ရှို့​ရာ​ယဇ်၊ မိတ်​သ​ဟာ​ယ​ယဇ်​တို့​ကို ပူ​ဇော်​လေ၏။ ထို​သို့ ထာ​ဝ​ရ​ဘု​ရား​ကို ပ​တ္ထ​နာ​ပြု​သော​အ​ခါ၊ မီး​ရှို့​ရာ​ယဇ်​ပ​လ္လင်​ပေါ်​သို့ မီး​ကျ​သ​ဖြင့် ကောင်း​ကင်​ထဲ​က ထူး​တော်​မူ၏။

ကြွေး​ကြော်​ခြင်း​အ​သံ​နှင့် ဘု​ရား​သ​ခင်​တက်​တော်​မူ၏။ တံ​ပိုး​မှုတ်​ခြင်း​အ​သံ​နှင့် ထာ​ဝ​ရ​ဘု​ရား တက်​တော်​မူ၏။

သူ​တို့၏​ခေါင်း​များ​အ​ထက်၊ မိုး​မျက်​နှာ​ကြက်​အ​ပေါ်၌​လည်း နီ​လာ​ကျောက်​ကဲ့​သို့ အ​ဆင်း​အ​ရောင်​ရှိ​သော ရာ​ဇ​ပ​လ္လင်​သ​ဏ္ဌာန်​ပေါ်၏။ ပ​လ္လင်​သ​ဏ္ဌာန်​အ​ပေါ်၌​လည်း လူ​ပုံ​သ​ဏ္ဌာန်​ကဲ့​သို့​ပေါ်၏။

ထို​သို့ ထွန်း​တောက်​သော အ​ရောင်​သည် မိုး​ရွာ​သော​နေ့​တွင်၊ မိုး​တိမ်၌​ပေါ်​သော သက်​တံ၏ အ​ရောင်​ကဲ့​သို့ ဖြစ်၏။ ဤ​ရွေ့​ကား၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သ​ဏ္ဌာန် အ​ဆင်း​အ​ရောင်​ဖြစ်​သ​တည်း။

သို့​ရာ​တွင်၊ ထို​သူ၏​စ​ကား​သံ​ကို ငါ​ကြား၏။ ကြား​သော​အ​ခါ မြေ​ပေါ်​မှာ​ပျပ်​ဝပ်၍ မိန်း​မော​တွေ​ဝေ​လျက် နေ၏။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​မှ​မီး​ထွက်၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ​ရှိ​သော မီး​ရှို့​ရာ​ယဇ်​နှင့်​ဆီ​ဥ​ကို လောင်​လေ၏။ ထို​အ​ကြောင်း​အ​ရာ​ကို လူ​များ​တို့​သည်​မြင်​သော​အ​ခါ ကြွေး​ကြော်၍​ပျပ်​ဝပ်​ကြ၏။

တ​ပည့်​တော်​တို့​သည် ကြား​ရ​လျှင်၊ ပျပ်​ဝပ်၍ အ​လွန်​ကြောက်​လန့်​ခြင်း ရှိ​ကြ၏။-

ထို​သား​တော်​သည် ဘု​ရား​သ​ခင်၏ ဘုန်း​တော်​ရောင်​ခြည်​နှင့် ဇာ​တိ​အ​ဖြစ်​တော်၏ ပုံ​သ​ဏ္ဌာန်​ဖြစ်၍၊ တန်​ခိုး​နှင့် ပြည့်​စုံ​သော မိ​မိ​အ​မိန့်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​ရာ​တို့​ကို မ​စ​တော်​မူ​သော​သူ​ဖြစ်​လျက်၊ ငါ​တို့​အ​ပြစ်​များ​ကို ကိုယ်​တော်​တိုင်​အား​ဖြင့် သုတ်​သင်​ပယ်​ရှင်း​ပြီး​လျှင်၊ မြင့်​သော​အ​ရပ်​မှာ တန်​ခိုး​အာ​နု​ဘော်​တော်၏ လက်​ယာ​ဘက်၌ ထိုင်​တော်​မူ၏။

ဂိ​ဒေါင်​သည် သွား၍ ဆိတ်​သ​ငယ်​တစ်​ကောင်​ကို​လည်း​ကောင်း၊ မုန့်​ညက်​တစ်​ဧ​ဖာ​နှင့် လုပ်​သော တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို​လည်း​ကောင်း ပြင်​ဆင်​လေ၏။ ဆိတ်​သား​ကို တောင်း၌​ထည့်၍၊ ဆိတ်​သား​ပြုတ်​ရည်​ကို အိုး၌​လောင်း​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​ရှိ​ရာ သ​ပိတ်​ပင်​အောက်​သို့ ဆောင်​ခဲ့၍ ဆက်​လေ၏။

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ကောင်း​ကင်​တ​မန်​သည် မိ​မိ​ကိုင်​သော တောင်​ဝှေး​ကို​ဆန့်၍၊ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို တို့​သ​ဖြင့်၊ ကျောက်​ထဲ​က​မီး​ထ၍ အ​မဲ​သား​နှင့် တ​ဆေး​မဲ့​မုန့်​ပြား​တို့​ကို လောင်​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ကောင်း​ကင်​တ​မန်​သည် ကွယ်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ