Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 12:8

Judson Bible

ယေ​ဖ​သ​နောက်​မှ ဗက်​လင်​မြို့​သား ဣ​ဗ​ဇန်​သည်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ကေ​နိ​လူ၊ ကေ​န​ဇိ​လူ၊ ကာ​ဒ​မော​နိ​လူ၊

အို ဗက်​လင်​ဧ​ဖ​ရတ်​မြို့၊ အ​စိုး​ရ​သော ယု​ဒ​မြို့​တို့​တွင် သင်​သည် မြို့​ငယ်​မြို့​ယုတ်​ဖြစ်​သော်​လည်း၊ ဣ​သ​ရေ​လ​အ​မျိုး​ကို အုပ်​စိုး​ရ​သော သ​ခင်​သည် ငါ့​အ​ဖို့ သင်၏​အ​ထဲ​မှာ ပေါ်​ထွန်း​လ​တ္တံ့။ ထို​သ​ခင်​သည် ရှေး​ကပ်​က​မ္ဘာ​မှ​စ၍ ပေါ်​ထွန်း​သော​သ​ခင် ဖြစ်၏။

ယု​ဒ​ပြည်​ဗက်​လင်​မြို့၌ ဟေ​ရုဒ်​မင်း​ကြီး​လက်​ထက်၊ ယေ​ရှု​သည် ဖွား​မြင်​ခြင်း​ကို​ခံ​တော်​မူ​ပြီး​မှ၊ မာ​ဂု​ပ​ညာ​ရှိ​တို့​သည် အ​ရှေ့​ပြည်​က ယေ​ရု​ရှ​လင်​မြို့​သို့ ရောက်​လာ​ကြ​လျှင်။-

ထို​မှ​တစ်​ပါး၊ က​တ္တတ်​မြို့၊ န​ဟာ​လာ​လ​မြို့၊ ရှိ​မ​ရုန်​မြို့၊ ဣ​ဒ​လ​မြို့၊ ဗက်​လင်​မြို့​တည်း​ဟူ​သော ရွာ​နှင့်​တ​ကွ ဆယ်​နှစ်​မြို့​ရှိ​သ​တည်း။

အ​ဘိ​မ​လက်​လက်​ထက်​နောက်​မှ၊ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​တင်​သော​သူ ဣ​သ​ခါ​အ​မျိုး၊ ဒေါ​ဒေါ​သား​ဖု​ဝါ၏​သား တော​လ​သည် ပေါ်​ထွန်း၍၊ ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ရှ​မိ​ရ​မြို့​မှာ နေ​လေ၏။

ဂိ​လဒ်​ပြည်​သား​ယေ​ဖ​သ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ခြောက်​နှစ်​အုပ်​စိုး​ပြီး​မှ​သေ၍ ဂိ​လဒ်​မြို့​တစ်​မြို့၌ သင်္ဂြိုဟ်​လေ၏။

ထို​မင်း​သည် သား​သုံး​ဆယ်၊ သ​မီး​သုံး​ဆယ်​ရှိ၏။ သ​မီး​များ​ကို အ​ခြား​တစ်​ပါး​သို့ စေ​လွှတ်၍ ချွေး​မ​သုံး​ဆယ်​ကို သိမ်း​ထား၏။

ယု​ဒ​အ​မျိုး​နှင့် စပ်​ဆိုင်​သော ဗက်​လင်​ယု​ဒ​မြို့​သား လေ​ဝိ​အ​မျိုး လု​လင်​တစ်​ယောက်​သည်၊ ဗက်​လင်​မြို့​မှာ တည်း​ခို၍ နေ​ပြီး​လျှင်၊

ဣ​သ​ရေ​လ​ရှင်​ဘု​ရင် မ​ရှိ​သည်​ကာ​လ၊ ဧ​ဖ​ရိမ်​တောင်​ခါး​ပန်း၌ တည်း​ခို​သော လေ​ဝိ​လူ​တစ်​ယောက်​သည်၊ ယု​ဒ​ခ​ရိုင် ဗက်​လင်​မြို့​သူ မိန်း​မ​တစ်​ယောက်​ကို သိမ်း​ယူ၏။

တစ်​ဖန် ထာ​ဝ​ရ​ဘု​ရား​က၊ ရှော​လု​ကို ဣ​သ​ရေ​လ​ရှင်​ဘု​ရင်​အ​ရာ​မှ ငါ​ပယ်​သော​ကြောင့်၊ သင်​သည် အ​ဘယ်​မျှ ကာ​လ​ပတ်​လုံး စိတ်​မ​သာ ညည်း​တွား​လျက် နေ​လိမ့်​မည်​နည်း။ သင်၏​ဘူး​ကို ဆီ​နှင့်​ပြည့်​စေ​လော့။ ဗက်​လင်​မြို့​သား ယေ​ရှဲ​ရှိ​ရာ​သို့ ငါ​စေ​လွှတ်​မည်။ သူ၏​သား​တို့​တွင် ငါ့​အ​ဖို့ ရှင်​ဘု​ရင်​တစ်​ပါး​ကို ငါ​ပြင်​ဆင်​ပြီ​ဟု ရှ​မွေ​လ​အား မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ