သူကြီး 12:5Judson Bibleဂိလဒ်လူတို့သည် ဧဖရိမ်လူတို့ရှေ့မှာ ယော်ဒန်မြစ်ကူးရာအရပ်တို့ကို ဆီးတား၍ ပြေးလွတ်သော ဧဖရိမ်လူက၊ ကူးပါရစေဟု အခွင့်တောင်းသောအခါ၊ ဂိလဒ်လူတို့က၊ သင်သည် ဧဖရိမ်အမျိုးသား ဖြစ်သလောဟု မေးစစ်သော်၊ သူက မဟုတ်ပါဟု ဆိုလျှင်၊ အခန်းကိုကြည့်ပါ။ |
ဂိဒေါင်သည်လည်း၊ တမန်တို့ကို ဧဖရိမ်တောင်တစ်လျှောက်လုံးသို့ စေလွှတ်၍၊ သင်တို့သည် မိဒျန်လူတို့ကို ဆီးတားခြင်းငှာ ယော်ဒန်မြစ်နား၊ ဗက်ဗာရရွာတိုင်အောင် သူတို့အရင်စောင့်နေကြလော့ဟု မှာလိုက်သည်အတိုင်း၊ ဧဖရိမ်လူအပေါင်းတို့သည် စုဝေး၍၊ ယော်ဒန်မြစ်နား၊ ဗက်ဗာရရွာတိုင်အောင် စောင့်နေကြ၏။