Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 12:1

Judson Bible

ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ မြောက်​သို့​ချီ​သွား​လျှင်၊ ယေ​ဖ​သ​အား သင်​သည် ငါ​တို့​ကို​မ​ခေါ်​ဘဲ၊ အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ဘယ်​ကြောင့် တိုက်​ခြင်း​ငှာ​သွား​သ​နည်း။ သင့်​အိမ်​ကို သင့်​အ​ပေါ်​မှာ မီး​ရှို့​မည်​ဟု ဆို​ကြ​သော်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

အ​ကျွန်ုပ်၏​မေ​တ္တာ​အ​တွက် သူ​တို့​သည် ရန်​ဘက်​ပြု​ကြ​ပါ၏။ အ​ကျွန်ုပ်​မူ​ကား ပ​တ္ထ​နာ​ပြု​လျက်​နေ​ပါ၏။

တစ်​ဖန် ကြိုး​စား​အား​ထုတ်​ခြင်း​အ​မှု​နှင့်၊ ကောင်း​မွန်​စွာ ပြီး​စီး​သော​အ​မှု အ​လုံး​စုံ​တို့​ကို​လည်း​ကောင်း၊ ထို​သို့​သော​အ​မှု​တို့​ကြောင့် သူ​တစ်​ပါး​ငြူ​စူ​ကြောင်း​ကို​လည်း​ကောင်း ငါ​ဆင်​ခြင်၏။ ထို​အ​မှု​အ​ရာ​သည် အ​န​တ္တ​အ​မှု၊ လေ​ကို ကျက်​စား​သော​အ​မှု​ဖြစ်၏။

ဧ​ဖ​ရိမ်​သည် နှုတ်​မြွက်​သော​အ​ခါ သူ​တစ်​ပါး​ကြောက်​လန့်​တတ်၏။ သူ​သည် ဣ​သ​ရေ​လ​အ​မျိုး၌ မြင့်​မြတ်၏။ နောက်​တစ်​ဖန် ဗာ​လ​ဘု​ရား​အား​ဖြင့် ပြစ်​မှား​သော​ကြောင့် သေ၏။

တိုင်း​နိုင်​ငံ​သည် မိ​မိ​နှင့် မ​သင့်​မ​တင့် ကွဲ​ပြား​လျှင် မ​တည်​နိုင်​ရာ။-

ယေ​ရှု​က​လည်း၊ ငါ​သည် ငါ့​ခ​မည်း​တော်၏​အ​ခွင့်​နှင့် ကောင်း​သော​အ​မှု​အ​များ​တို့​ကို သင်​တို့​အား​ပြ​ပြီ။ ထို​အ​မှု​တို့​တွင် အ​ဘယ်​မည်​သော​အ​မှု​ကြောင့် ငါ့​ကို ခဲ​နှင့် ပစ်​ကြ​မည်​နည်း​ဟု မေး​တော်​မူ​လျှင်၊-

အ​ကြောင်း​မူ​ကား၊ ဂုဏ်​ပြိုင်​ခြင်း၊ ရန်​တွေ့​ခြင်း​ရှိ​လျှင်၊ မ​ငြိမ်​မ​ဝပ်​ရုန်း​ရင်း​ခတ်​ခြင်း၊ ဆိုး​ညစ်​စွာ ပြု​မူ​ခြင်း အ​မျိုး​မျိုး​ရှိ​တတ်၏။-

ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်၊ ဂိ​လဒ်​အ​မျိုး​သား ယေ​ဖ​သ၏​သ​မီး​ကြောင့် တစ်​နှစ်​တစ်​နှစ်​လျှင် လေး​ရက်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ငှာ​သွား​ရ​သော ဣ​သ​ရေ​လ​ထုံး​စံ​ဓ​လေ့​ဖြစ်​လေ၏။

ယေ​ဖ​သ​က၊ ငါ​နှင့် ငါ၏​လူ​တို့​သည် အ​မ္မုန်​အ​မျိုး​သား​တို့​နှင့် ကြီး​သော​အ​မှု ရှိ​စဉ်​အ​ခါ၊ သင်​တို့​ကို ငါ​ခေါ်​သော်​လည်း၊ သင်​တို့​သည် အ​မ္မုန်​လူ​တို့​လက်​မှ ငါ့​ကို မ​ကယ်​မ​နုတ်​ဘဲ နေ​ကြ၏။

စ​တု​တ္ထ​နေ့​ရောက်​မှ၊ သူ​တို့​က၊ သင်၏​လင်​သည် စ​ကား​ဝှက်​အ​နက်​ကို ဖော်​ပြ​စေ​ခြင်း​ငှာ သူ့​ကို ချော့​မော့​ရ​မည်။ သို့​မ​ဟုတ် သင်​နှင့်​တ​ကွ သင့်​အ​ဆွေ​အ​မျိုး​ကို မီး​ရှို့​မည်။ ငါ​တို့​ဥ​စ္စာ​ကို လု​ယူ​ခြင်း​ငှာ ငါ​တို့​ကို ခေါ်​ဖိတ်​သ​လော​ဟု ရှံ​ဆုန်၏​မ​ယား​ကို ဆို​သော​ကြောင့်၊

ဖိ​လိ​တ္တိ​လူ​တို့​က​လည်း၊ ဤ​အ​မှု​ကို အ​ဘယ်​သူ​ပြု​သ​နည်း​ဟု မေး​မြန်း​သော်၊ တိ​မ​နတ်​မြို့​သား၏​သား​မက် ရှံ​ဆုန်​ပြု​ပြီ။ သူ၏​မ​ယား​ကို သူ၏​အ​ပေါင်း​အ​ဖော်​အား ပေး​စား​ပြီ​တ​ကား​ဟု ပြန်​ပြော​လျှင်၊ ဖိ​လိ​တ္တိ​လူ​တို့​သည်​လာ၍ ထို​မိန်း​မ​နှင့် သူ၏​အ​ဘ​ကို မီး​ရှို့​ကြ၏။

ဧ​ဖ​ရိမ်​လူ​တို့​က၊ သင်​သည် မိ​ဒျန်​လူ​တို့​ကို တိုက်​သွား​သော​အ​ခါ၊ ငါ​တို့​ကို​မ​ခေါ်​ဘဲ ငါ​တို့၌ အ​ဘယ်​သို့ ပြု​သ​နည်း​ဟု ကျပ်​ကျပ်​အ​ပြစ်​တင်​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ