Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 11:40

Judson Bible

ထို​နောက်​မှ ဣ​သ​ရေ​လ​အ​မျိုး​သ​မီး​တို့​သည်၊ ဂိ​လဒ်​အ​မျိုး​သား ယေ​ဖ​သ၏​သ​မီး​ကြောင့် တစ်​နှစ်​တစ်​နှစ်​လျှင် လေး​ရက်​ပတ်​လုံး ငို​ကြွေး​မြည်​တမ်း​ခြင်း​ငှာ​သွား​ရ​သော ဣ​သ​ရေ​လ​ထုံး​စံ​ဓ​လေ့​ဖြစ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​အ​ဖို့​တည်​သော ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရာ​ယဇ်​တို့​ကို တစ်​နှစ်​တစ်​နှစ်​လျှင် သုံး​ကြိမ်​ပူ​ဇော်၍၊ ထာ၀​ရ​ဘု​ရား​ရှေ့​တော်၌​ရှိ​သော ယဇ်​ပ​လ္လင်​ပေါ်​မှာ နံ့​သာ​ပေါင်း​ကို​မီး​ရှို့​သ​ဖြင့် အိမ်​တော်​ကို လက်​စ​သတ်​လေ၏။

ယေ​ရ​မိ​သည်​လည်း မြည်​တမ်း​သော​စ​ကား​ကို စီ​ရင်၍ သီ​ချင်း​သည် ယောက်ျား​မိန်း​မ​ရှိ​သ​မျှ​တို့​သည်၊ ယ​နေ့​တိုင်​အောင် ယော​ရှိ​မင်း​ကို အောက်​မေ့​လျက်၊ ထို​မြည်​တမ်း​သော​စ​ကား​ကို သုံး​ဆောင်​သ​ဖြင့်၊ ဣ​သ​ရေ​လ​ထုံး​စံ ဖြစ်​လေ၏။ ထို​စ​ကား​သည် မြည်​တမ်း​စာ၌ ရေး​ထား​လျက်​ရှိ​သ​တည်း။

ယု​ဒ​လူ​တို့​သည် ကိုယ်​တိုင်​မှ​စ၍ သား​မြေး၊ ဘာ​သာ​ဝင်​သူ အ​ပေါင်း​တို့​နှင့်​တ​ကွ၊ မော်​ဒ​ကဲ​မှာ​စာ၌ စီ​ရင်​ထုံး​ဖွဲ့​သည်​အ​တိုင်း၊ ထို​နေ့ နှစ်​ရက်​ကို နှစ်​တိုင်း​အ​စဉ်​မ​ပြတ် စောင့်​မည်​အ​ကြောင်း၊

နှစ်​လ​စေ့​သော​အ​ခါ အ​ဘ​ထံ​သို့ ပြန်​လာ၍၊ အ​ဘ​သည် သ​စ္စာ​က​တိ​ရှိ​သည်​အ​တိုင်း​ပြု​လေ၏။ ထို​မိန်း​မ​သည် ယောက်ျား​နှင့် မ​ဆက်​ဆံ​သော​သူ​ဖြစ်၏။

ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ မြောက်​သို့​ချီ​သွား​လျှင်၊ ယေ​ဖ​သ​အား သင်​သည် ငါ​တို့​ကို​မ​ခေါ်​ဘဲ၊ အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ဘယ်​ကြောင့် တိုက်​ခြင်း​ငှာ​သွား​သ​နည်း။ သင့်​အိမ်​ကို သင့်​အ​ပေါ်​မှာ မီး​ရှို့​မည်​ဟု ဆို​ကြ​သော်၊

ရေ​ကျင်း​များ​အ​နား​မှာ လက်​ရ​ဥ​စ္စာ​ကို ဝေ​မျှ​သော​သူ​တို့၏​အ​သံ​ကို ကြား​သော​အ​ခါ သီ​ချင်း​ဆို​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား၏ တ​ရား​သော​အ​မှု၊ ဣ​သ​ရေ​လ​မြို့​ရွာ​တို့၌ တ​ရား​သ​ဖြင့် ပြု​တော်​မူ​သော​အ​မှု​တို့​ကို ထို​အ​ရပ်​တို့​တွင် ချီး​မွမ်း​ကြ​လိမ့်​မည်။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​လူ​တို့​သည် မိ​မိ​တို့​နေ​သော​မြို့​သို့ ပြန်​သွား​ကြ​လိမ့်​မည်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ