Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 11:31

Judson Bible

အ​ကျွန်ုပ်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ရှိ​ရာ​မှ ငြိမ်​ဝပ်​စွာ ပြန်​လာ​သော​အ​ခါ၊ အ​ကျွန်ုပ်​ကို ခ​ရီး​ဦး​ကြို ပြု​အံ့​သော​ငှာ အ​ကျွန်ုပ်​အိမ်​တံ​ခါး​ဝ​မှ ထွက်​လာ​သော​သူ မည်​သည်​ကို ထာ​ဝ​ရ​ဘု​ရား​အား အ​မှန်​ဆက်​သ၍ မီး​ရှို့​ရာ​ယဇ် ပူ​ဇော်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ထား​ပြီး​မှ၊

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် တစ်​ဖန် အ​ဘ၏​အိမ်​သို့ ငြိမ်​ဝပ်​စွာ​ပြန်​ရောက်၍၊ ထာ​ဝ​ရ​ဘု​ရား​သည်​ငါ၏​ဘု​ရား​ဖြစ်​တော်​မူ​လျှင်​လည်း​ကောင်း၊ မှတ်​တိုင်​ပြု၍ ငါ​ထူ​ထောင်​သော ဤ​ကျောက်​သည်​လည်း၊ ဘု​ရား​သ​ခင်၏​ဗိ​မာန်​ဖြစ်​ရ​မည်။

တစ်​ဖန် မိန့်​တော်​မူ​သည်​ကား၊ နွား​ကို​သတ်​သော​သူ​သည် လူ​ကို​သတ်​သော​သူ​နှင့် တူ၏။ သိုး​သ​ငယ်​ကို ယဇ်​ပူ​ဇော်​သော​သူ​သည် ခွေး​လည်​ပင်း​ကို ဖြတ်​သော​သူ​နှင့်​တူ၏။ အ​လှူ​ဒါ​န​ကို လှူ​ဒါန်း​သော​သူ​သည် ဝက်​သွေး​ကို လှူ​ဒါန်း​သော​သူ​နှင့် တူ၏။ လော​ဗန်​ကို မီး​ရှို့​သော​သူ​သည် ရုပ်​တု​ကို ကောင်း​ချီး​ပေး​သော​သူ​နှင့် တူ၏။ အ​ကယ်​စင်​စစ် ထို​သူ​တို့​သည် မိ​မိ​အ​လို​ရှိ​ရာ​လမ်း​ကို ရွေး​ကြ၏။ မိ​မိ​ဆိုး​ညစ်​သော အ​မှု​တို့၌ မွေ့​လျော်​ကြ​၏။

ပြည့်​တန်​ဆာ​လုပ်၍ ရ​သော​ငွေ၊ ခွေး​ကို​ရောင်း၍ ရ​သော​ငွေ​ကို သ​စ္စာ​က​တိ​ပြေ​စေ​ခြင်း​ငှာ၊ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား၏ အိမ်​တော်​သို့ မ​သွင်း​ရ။ ထို​သို့​သော​ငွေ​ကို စက်​ဆုပ်​ရွံ​ရှာ​တော်​မူ၏။

ယေ​ဖ​သ​သည် ထာ​ဝ​ရ​ဘု​ရား​အား သ​စ္စာ​က​တိ​ထား​လျက်၊ အ​ကယ်၍ ကိုယ်​တော်​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ကျွန်ုပ်​လက်၌ အပ်​တော်​မူ​လျှင်၊

အ​မ္မုန်​အ​မျိုး​သား​တို့​ကို တိုက်​ခြင်း​ငှာ ချီ​သွား၍၊ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ယေ​ဖ​သ​လက်၌ အပ်​တော်​မူ​သ​ဖြင့်၊

အို​ကောင်း​ကင် ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ကျွန်​မ​ကို မေ့​လျော့​တော်​မ​မူ​ဘဲ၊ ကိုယ်​တော်​ကျွန်​မ၏ ဆင်း​ရဲ​ခြင်း​ကို ကြည့်​ရှု​အောက်​မေ့​သ​ဖြင့်၊ သား​ယောက်ျား​ကို ပေး​သ​နား​တော်​မူ​လျှင်၊ သူ၏​ဆံ​ပင်​ရိတ်​ခြင်း​ကို အ​လျှင်း​မ​ပြု။ တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား၏​ကျွန်​ဖြစ်​စေ​ခြင်း​ငှာ ကျွန်​မ​အပ်​ပါ​မည်​ဟု သ​စ္စာ​က​တိ​ပြု​လေ၏။

ထို​ကြောင့် ကျွန်​မ​သည် သူ့​ကို ထာ​ဝ​ရ​ဘု​ရား​အား ငှား​ပါ​ပြီ။ သူ​သည် တစ်​သက်​လုံး ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ အ​ငှား​ခံ၍ နေ​ရ​ပါ​မည်​သ​ခင်​ဟု လျှောက်​ပြီး​မှ၊ ထို​အ​ရပ်၌ ထာ​ဝ​ရ​ဘု​ရား​ကို ကိုး​ကွယ်​ကြ၏။

ထို​နေ့၌ ဣ​သ​ရေ​လ​လူ​တို့​သည် ဆင်း​ရဲ​ခံ​ရ​ကြ၏။ အ​ကြောင်း​မူ​ကား၊ ရှော​လု​က၊ ငါ​သည် ငါ့​ရန်​သူ​တို့၌ ငါ့​စိတ်​ပြေ​မည်​အ​ကြောင်း၊ ညဉ့်​ဦး​ချိန်​မ​ရောက်​မီ အ​စာ​စား​သော​သူ​တိုင်း ကျိန်​ဆဲ​အပ်​စေ​ဟု လူ​တို့​အား အ​ကျိန်​ပေး​သော​ကြောင့် အ​ဘယ်​သူ​မျှ အ​စာ​မ​စား​ရ။

ရှော​လု​က​လည်း၊ ယော​န​သန်၊ သင်​သည်​ဆက်​ဆက်​မ​သေ​လျှင်၊ ဘု​ရား​သ​ခင်​သည် ထို​မျှ​မ​က ငါ၌ ပြု​တော်​မူ​ပါ​စေ​သော​ဟု ဆို​သော်​လည်း၊

သူ​ငယ် ရှ​မွေ​လ​သည် ပိတ်​သင်​တိုင်း​ကို ဝတ်​စည်း​လျက်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့၌ အ​မှု​တော်​ကို ဆောင်​ရွက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ