Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 11:26

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး​သည် ဟေ​ရှ​ဘုန်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ အာ​ရော်​မြို့​ရွာ​တို့၌​လည်း​ကောင်း၊ အာ​နုန်​မြစ်​နား​မှာ​ရှိ​သော မြို့​ရွာ​အ​လုံး​စုံ​တို့၌​လည်း​ကောင်း အ​နှစ်​သုံး​ရာ​ပတ်​လုံး​နေ​စဉ်​တွင် အ​ဘယ်​ကြောင့် သင်​တို့​သည် မ​ရ​ပြန်​သ​နည်း။

အခန်းကိုကြည့်ပါ။ ကော်ပီ

21 ပူးပေါင်းရင်းမြစ်များ  

အို အာ​ရော်​မြို့​သား၊ လမ်း​နား​မှာ​ရပ်၍ ကြည့်​ရှု​လော့။ အ​ဘယ်​အ​မှု​ရှိ​သ​နည်း​ဟု၊ ပြေး​သော​ယောက်ျား​နှင့် အ​သက်​လွတ်​သော မိန်း​မ​ကို မေး​မြန်း​လော့။

ခါ​နာန်​ပြည်၌ လူ​ခု​နစ်​မျိုး​တို့​ကို ပယ်​ရှား​ပြီး​လျှင်၊ ထို​ပြည်​ကို ဣ​သ​ရေ​လ​အ​မျိုး​အား အ​မွေ​ပေး​ကမ်း ဝေ​ငှ​တော်​မူ၏။-

သင်​တို့​သည် ထ၍​ခ​ရီး​သွား​သ​ဖြင့် အာ​နုန်​မြစ်​ကို​ကူး​ကြ​လော့။ အာ​မော​ရိ​အ​မျိုး၊ ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင်​ရှိ​ဟုန်​နှင့် သူ၏​မြေ​ကို သင်​တို့​လက်၌ ငါ​အပ်​သော​ကြောင့်၊ ထို​မြေ​ကို​သိမ်း​စ​ပြု၍ ထို​မင်း​ကို​စစ်​တိုက်​ကြ​လော့။

အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့​မှ​စ၍ ဂိ​လဒ်​မြို့​တိုင်​အောင်၊ မြစ်​နား၌ ရှိ​သ​မျှ​သော​မြို့​တို့​တွင် ငါ​တို့​မ​အောင်​နိုင်​သော​မြို့ တစ်​မြို့​မျှ​မ​ရှိ။ ငါ​တို့​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် အ​လုံး​စုံ​တို့​ကို ငါ​တို့၌​အပ်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ သူ့​ကို​မ​ကြောက်​နှင့်။ သူ​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​တို့​ကို​လည်း​ကောင်း၊ သူ့​မြေ​ကို​လည်း​ကောင်း၊ သင့်​လက်၌​ငါ​အပ်​ပေး​မည်။ ဟေ​ရှ​ဘုန်​မြို့​နေ အာ​မော​ရိ​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​ပြု​သ​ကဲ့​သို့ ဤ​မင်း​ကို​လည်း​ပြု​ရ​မည်​ဟု ငါ့​အား မိန့်​တော်​မူ၏။

ဟေ​ရှ​ဘုန်​ရှင်​ဘု​ရင် ရှိ​ဟုန်​ကို​ပြု​သ​ကဲ့​သို့၊ အ​ရပ်​ရပ်၌ ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​တို့​ကို သုတ်​သင်​ပယ်​ရှင်း​ကြ၏။

ထို​မင်း​ကြီး​အ​ပေါင်း​တို့​ကို ကာ​လ​ကြာ​မြင့်​စွာ စစ်​တိုက်​ရ၏။

အာ​နုန်​မြို့​အ​နား​မှာ အာ​ရော်​မြို့၊ မြစ်​တစ်​ဝက်၊ ဂိ​လဒ်​ပြည်​တစ်​ဝက်​မှ​စ၍ အ​မ္မုန်​ပြည်​စွန်း​အ​ပိုင်း​အ​ခြား ယ​ဗ္ဗုတ်​မြစ်​တိုင်​အောင်​လည်း​ကောင်း၊

အ​မ္မုန်​ပြည်​စွန်း​တိုင်​အောင်၊ ဟေ​ရှ​ဘုန်​မြို့၌ မင်း​ပြု​သော အာ​မော​ရိ​ရှင်​ဘု​ရင်​ရှိ​ဟုန် အ​စိုး​ရ​သော​မြို့​ရှိ​သ​မျှ၊

အာ​နုန်​မြစ်​နား၌​ရှိ​သော အာ​ရော်​မြို့၊ မြစ်​အ​ကွေ့၌ ရှိ​သ​မျှ​သော​မြို့​တို့​နှင့်​တ​ကွ၊ မေ​ဒ​ဘ​လွင်​ပြင်​တစ်​လျှောက်​လုံး၊

ဟေ​ရှ​ဘုန်​မြို့​နှင့်​တ​ကွ လွင်​ပြင်၌ ရှိ​သ​မျှ​သော​မြို့၊ ဒိ​ဘုန်​မြို့၊ ဗာ​မုတ်​ဗာ​လ​မြို့၊ ဗက်​ဗာ​လ​မောင်​မြို့၊

ထာ​ဝ​ရ​ဘု​ရား​သည် ပတ်​ဝန်း​ကျင်​နေ​သော ရန်​သူ​အ​ပေါင်း​တို့​လက်​မှ ဣ​သ​ရေ​လ​အ​မျိုး​ကို ကယ်​လွှတ်၍၊ ငြိမ်​သက်​ခြင်း​အ​ခွင့်​ကို ကြာ​မြင့်​စွာ​သော ကာ​လ​ပတ်​လုံး​ပေး​တော်​မူ​ပြီး​မှ၊ ယော​ရှု​သည် အ​သက်​ကြီး၍ အို​မင်း​သော​အ​ခါ၊

ယော်​ဒန်​မြစ်​တစ်​ဖက် အာ​မော​ရိ​လူ​နေ​ရာ ဂိ​လဒ်​ပြည်၌​နေ​သော ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​ကို ထို​နှစ်​မှ​စ၍ တစ်​ဆယ်​ရှစ်​နှစ်​ပတ်​လုံး ညှဉ်း​ဆဲ​ကြ၏။

အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး​ငြိမ်း​ပြီး​မှ၊ ကေ​နတ်၏​သား ဩ​သံ​ယေ​လ​သည် သေ​လေ၏။

မော​ဘ​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​လက်၌​ရှုံး​သ​ဖြင့်၊ အ​နှစ်​ရှစ်​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး ငြိမ်း​လေ၏။

အို​ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်၏ ရန်​သူ​အ​ပေါင်း​တို့​သည် ထို​သို့​ပျက်​စီး​ခြင်း​သို့ ရောက်​ကြ​ပါ​စေ​သော။ ထာ​ဝ​ရ​ဘု​ရား​ကို​ချစ်​သော​သူ​တို့​သည် အ​ရှိန်​တန်​ခိုး​နှင့် ထွက်​သွား​သော နေ​မင်း​ကဲ့​သို့​ဖြစ်​ပါ​စေ​သော​ဟု သီ​ချင်း​ဆို​ကြ၏။ ထို​နောက် အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး​ငြိမ်း​လေ၏။

ထို​သို့ မိ​ဒျန်​အ​မျိုး​သည် ဣ​သ​ရေ​လ​အ​မျိုး​ရှေ့​မှာ​ရှုံး၍၊ နောက်​တစ်​ဖန် အ​စိုး​မ​ရ​ဘဲ နေ​ကြ၏။ ဂိ​ဒေါင်​လက်​ထက် အ​နှစ်​လေး​ဆယ်​တိုင်​တိုင် တစ်​ပြည်​လုံး​ငြိမ်း​လေ၏။

အ​ဘိ​မ​လက်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အုပ်​စိုး၍ သုံး​နှစ်​စေ့​သော​အ​ခါ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ