Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 11:21

Judson Bible

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည်၊ ရှိ​ဟုန်​မင်း​နှင့်​တ​ကွ သူ၏​လူ​အ​ပေါင်း​တို့ ဣ​သ​ရေ​လ​အ​မျိုး​လက်၌ အပ်​တော်​မူ၍၊ သူ​တို့​ကို လုပ်​ကြံ​သ​ဖြင့် ထို​ပြည်၌​နေ​သော အာ​မော​ရိ​လူ​တို့၏ မြေ​တစ်​လျှောက်​လုံး​ကို သိမ်း​ယူ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

8 ပူးပေါင်းရင်းမြစ်များ  

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ပြေး၍၊ သူ​တို့​ကို ယု​ဒ​လူ​တို့​လက်​သို့ ဘု​ရား​သ​ခင်​အပ်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး၏ ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​သည် ဆား​နှင့်​ယှဉ်​သော​ပ​ဋိ​ညာဉ်​အား​ဖြင့်၊ ဣ​သ​ရေ​လ​နိုင်​ငံ​ကို ဒါ​ဝိဒ်​နှင့် သား​တော်​မြေး​တော်​တို့၌ အ​စဉ်​အပ်​တော်​မူ​ကြောင်း​ကို၊ သင်​တို့​သိ​မှတ်​သင့်​သည် မ​ဟုတ်​လော။

သင့်​နေ​ရာ​နယ်​အ​ပိုင်း​အ​ခြား​ကို၊ ဧ​ဒုံ​ပင်​လယ်​မှ​သည် ဖိ​လိ​တ္တိ​ပင်​လယ်​တိုင်​အောင်​လည်း​ကောင်း၊ တော​မှ​သည်​မြစ်​တိုင်​အောင်​လည်း​ကောင်း ငါ​မှတ်​သား​မည်။ ထို​အ​ရပ်​သား​များ​ကို သင့်​လက်​သို့​ငါ​အပ်၍၊ သင်​သည် နှင်​ထုတ်​ရ​လိမ့်​မည်။

အာ​ရဇ်​ပင်​အ​ရပ်​နှင့်​အ​မျှ​မြင့်၍ သ​ပိတ်​ပင်​ကဲ့​သို့ ခိုင်​မာ​သော အာ​မော​ရိ​အ​မျိုး​ကို သင်​တို့​ရှေ့​မှာ ငါ​ပယ်​ရှား၍၊ အ​ထက်၌ သူ၏​အ​သီး​ကို​လည်း​ကောင်း၊ အောက်၌ သူ၏​အ​မြစ်​ကို​လည်း​ကောင်း ငါ​ဖျက်​ဆီး​ပြီ။

ထို​မင်း​ကို၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဓား​နှင့်​လုပ်​ကြံ၍၊ အာ​နုန်​ချောင်း​မှ​သည် ယ​ဗ္ဗုတ်​ချောင်း​တိုင်​အောင်​လည်း​ကောင်း၊ အ​မ္မုန်​အ​မျိုး​သား​နေ​ရာ​တိုင်​အောင်​လည်း​ကောင်း၊ ထို​မင်း​ပိုင်​သော​မြေ​ကို သိမ်း​ယူ​ကြ၏။ အ​မ္မုန်​အ​မျိုး​သား နေ​ရာ​နယ်​စပ်​ကား အား​ကြီး၏။

ထို​အ​ခါ ရှိ​ဟုန်​မင်း​သည် သူ၏​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ ယာ​ဟတ်​မြို့​မှာ ငါ​တို့​ကို​တိုက်​ခြင်း​ငှာ ထွက်​လာ၏။

ထာ​ဝ​ရ​ဘု​ရား​က၊ ကြည့်​ရှု​လော့။ ယေ​ရိ​ခေါ​မြို့၊ ယေ​ရိ​ခေါ​မင်း​ကြီး​နှင့်​တ​ကွ ခွန်​အား​ကြီး​သော စစ်​သူ​ရဲ​တို့​ကို သင့်​လက်၌ ငါ​အပ်​လေ​ပြီ။

ရှိ​ဟုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို မ​ယုံ၊ မိ​မိ​ပြည်​ကို လျှောက်​သွား​စေ​ခြင်း​ငှာ အ​ခွင့်​မ​ပေး​သည်​သာ​မ​က၊ မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၍၊ ယာ​ဟတ်​မြို့၌ တပ်​ချ​ပြီး​လျှင် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ