Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 11:14

Judson Bible

တစ်​ဖန် ယေ​ဖ​သ​သည် သံ​တ​မန်​ကို အ​မ္မုန်​ရှင်​ဘု​ရင်​ထံ​သို့ စေ​လွှတ်၍၊

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ငါ​သည် ငြိမ်​သက်​ခြင်း​ဘက်​မှာ နေ၏။ ငါ​ပြော​လျှင်​မူ​ကား၊ သူ​တို့​သည် စစ်​တိုက်​ခြင်း​ငှာ အ​လို​ရှိ​ကြ၏။

သင်​တို့​သည် တတ်​နိုင်​သ​မျှ​အ​တိုင်း လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ​ကြ​လော့။-

လူ​အ​ပေါင်း​တို့​နှင့် အ​သင့်​အ​တင့်​နေ၍ ငြိမ်​သက်​ခြင်း​ကို​လည်း​ကောင်း၊ သန့်​ရှင်း​ခြင်း ပါ​ရ​မီ​ကို​လည်း​ကောင်း မီ​အောင်​လိုက်​ကြ​လော့။ သန့်​ရှင်း​ခြင်း​ပါ​ရ​မီ မ​ရှိ​လျှင်၊ အ​ဘယ်​သူ​မျှ ထာ​ဝ​ရ​ဘု​ရား​ကို မ​ဖူး​မ​မြင်​ရ။-

ဒု​စ​ရိုက်​ကို​လွှဲ​ရှောင်၍ သု​စ​ရိုက်​ကို​ပြု​စေ။ သူ​တစ်​ပါး​နှင့် အ​သင့်​အ​တင့်​နေ​ခြင်း​ကို​ရှာ၍ မီ​အောင်​လိုက်​စေ။-

အ​မ္မုန်​ရှင်​ဘု​ရင်​က၊ ဣ​သ​ရေ​လ​အ​မျိုး​သည် အဲ​ဂု​တ္တု​ပြည်​မှ​လာ​သော​အ​ခါ၊ ငါ့​မြေ​ကို အာ​နုန်​မြစ်​မှ​စ၍ ယ​ဗ္ဗုတ်​ချောင်း၊ ယော်​ဒန်​မြစ်​တိုင်​အောင် လု၍​ယူ​သော​ကြောင့် ငါ​ပြု၏။ ထို​မြေ​ကို ယ​ခု အ​သင့်​အ​တင့်​ပြန်​ပေး​ပါ​ဟု ယေ​ဖ​သ၏​သံ​တ​မန်​အား ပြန်​ပြော၏။

ယေ​ဖ​သ​မှာ​လိုက်​သည်​ကား၊ ဣ​သ​ရေ​လ​အ​မျိုး​သည် မော​ဘ​မြေ၊ အ​မ္မုန်​မြေ​ကို လု​ယူ​သည်​မ​ဟုတ်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ