Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 11:11

Judson Bible

ထို​အ​ခါ ယေ​ဖ​သ​သည် ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​နှင့်​သွား၍ သူ့​ကို လူ​များ​တို့၏​အထွတ် ဗိုလ်​ချုပ်​မင်း​အ​ရာ၌ ခန့်​ထား​ကြ၏။ ယေ​ဖ​သ​သည်​လည်း ထို​စ​ကား​အ​လုံး​စုံ​တို့​ကို မိ​ဇ​ပါ​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြန်​ကြား​လျှောက်​ထား၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

14 ပူးပေါင်းရင်းမြစ်များ  

သို့​ရာ​တွင် ငါ​တို့​သည် ကိုယ်​တန်​ခိုး​ကို အ​မှီ​ပြု၍၊ ကိုယ်​အ​လို​အ​လျောက် တစ်​စုံ​တစ်​ခု​ကို​ကြံ​စည်​ခြင်း​ငှာ တတ်​နိုင်​သည်​မ​ဟုတ်။ ဘု​ရား​သ​ခင်​ကို အ​မှီ​ပြု၍​သာ တတ်​နိုင်​သည်​နှင့်​အ​ညီ၊-

ကောင်းမြတ်​စုံ​လင်​သော ဆု​ကျေး​ဇူး​ရှိ​သ​မျှ​တို့​သည် အ​လင်း​တို့၏ အ​ဘ​ထံ​တော်​က သက်​ရောက်​သည်​ဖြစ်၍၊ အ​ထက်​အ​ရပ်​မှ လာ​ကြ၏။ ထို​အ​ဘသည် ရွေ့​လျော့​တိမ်း​ယိမ်း​ခြင်း​မ​ရှိ၊ ပြောင်း​လဲ​ခြင်း​အ​ရိပ်​နှင့် ကင်း​လွတ်​တော်​မူ၏။-

သင်​တို့​တွင် တစ်​စုံ​တစ်​ယောက်​သော​သူ​သည် ပ​ညာ​ကို​လို​လျှင်၊ ကဲ့​ရဲ့​ပြစ်​တင်​ခြင်း​ကို ပြု​တော်​မ​မူ​ဘဲ၊ ခပ်​သိမ်း​သော သူ​တို့​အား စေ​တ​နာ​စိတ်​နှင့် ပေး​သ​နား​တော်​မူ​သော ဘု​ရား​သ​ခင်​ကို တောင်း​စေ၊ တောင်း​လျှင် ရ​လိမ့်​မည်။-

ဒိ​လန်​မြို့၊ မိ​ဇ​ပါ​မြို့၊ ယော​က​သေ​လ​မြို့၊

အ​မ္မုန်​အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ ဂိ​လဒ်​ပြည်၌ တပ်​ချ​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ မိ​ဇ​ပါ​မြို့​မှာ တပ်​ချ​ကြ၏။

ထို​နောက်​မှ ယေ​ဖ​သ​သည်၊ အ​မ္မုန်​ရှင်​ဘု​ရင်​ထံ​သို့ သံ​တ​မန်​ကို စေ​လွှတ်၍၊ သင်​သည် ငါ​နှင့် အ​ဘယ်​သို့ ဆိုင်​သ​နည်း။ ငါ့​နိုင်​ငံ၌ စစ်​တိုက်​ခြင်း​ငှာ အ​ဘယ်​ကြောင့် ငါ့​ကို ရန်​ပြု​သ​နည်း​ဟု​မေး​သော်၊

ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဝိ​ညာဉ်​တော်​သည် ယေ​ဖ​သ​အ​ပေါ်​မှာ သက်​ရောက်၍၊ သူ​သည် ဂိ​လဒ်​ပြည်၊ မ​နာ​ရှေ​ပြည်​ကို​လျှောက်​လျက် ဂိ​လဒ်​ပြည် မိ​ဇ​ပါ​မြို့​ကို လွန်၍ အ​မ္မုန်​လူ​တို့​ရှိ​ရာ​သို့ ချီ​သွား​လေ၏။

ယေ​ဖ​သ​သည် မိ​ဇ​ပါ​မြို့ မိ​မိ​အိမ်​သို့ ရောက်​လာ​သော​အ​ခါ၊ မိ​မိ​သ​မီး​သည် ပတ်​သာ​တီး​လျက်၊ က​လျက် ခ​ရီး​ဦး​ကြို​ပြု​အံ့​သော​ငှာ ထွက်​လာ၏။ သူ​သည် တစ်​ယောက်​တည်း​သော​သ​မီး​ဖြစ်၍၊ သူ​မှ​တစ်​ပါး သား​သ​မီး​မ​ရှိ။

ထို​အ​ခါ ဣ​သ​ရေ​လ​အ​မျိုး​သား အ​ပေါင်း​တို့​သည်၊ ဂိ​လဒ်​ပြည်​သား​တို့​နှင့်​တ​ကွ ထ​လျက်၊ ဒန်​မြို့​မှ​စ၍ ဗေ​ရ​ရှေ​ဘ​မြို့​တိုင်​အောင် ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် တစ်​ယောက်​သော​သူ​ကဲ့​သို့ မိ​ဇ​ပါ​မြို့၊ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်၌ စည်း​ဝေး​ကြ၏။

တစ်​ဖန် ရှ​မွေ​လ​သည် လူ​များ​တို့​ကို မိ​ဇ​ပါ​မြို့ ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့​ခေါ်၍ စည်း​ဝေး​စေ​ပြီး​လျှင်၊

လူ​အ​ပေါင်း​တို့​သည် ဂိ​လ​ဂါ​လ​မြို့​သို့​သွား၍၊ ထို​မြို့၌ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ ရှော​လု​ကို ရှင်​ဘု​ရင်​အ​ရာ၌ ချီး​မြှောက်​ကြ၏။ ထို​မြို့၌​လည်း၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်​မှာ မိတ်​သ​ဟာ​ယ​ယဇ်​ကို ပူ​ဇော်​သ​ဖြင့်၊ ရှော​လု​နှင့် ဣ​သ​ရေ​လ အ​မျိုး​သား​အ​ပေါင်း​တို့​သည် အ​လွန်​ပျော်​မွေ့​ခြင်း​ကို ပြု​ကြ၏။

ထို​သူ​တို့၏ စ​ကား​များ​ကို ရှ​မွေ​လ​သည်​ကြား​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ လျှောက်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ