Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 11:10

Judson Bible

ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​က၊ သင်​ပြော​သော စ​ကား​အ​တိုင်း ငါ​တို့​မ​ပြု​လျှင် ထာ​ဝ​ရ​ဘု​ရား​သည် သင်​နှင့်​ငါ​တို့​စပ်​ကြား၌ သက်​သေ​ဖြစ်​တော်​မူ​ပါ​စေ​သော​ဟု ယေ​ဖ​သ​အား ပြန်​ပြော​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

16 ပူးပေါင်းရင်းမြစ်များ  

စာ​ရဲ​က​လည်း အ​ကျွန်ုပ်​ခံ​ရ​သော​အ​ပြစ်​သည် ကိုယ်​တော်​ခေါင်း​ပေါ်၌ တည်​ရှိ​ပါ​စေ။ အ​ကျွန်ုပ်၏​ကျွန်​မ​ကို ကိုယ်​တော်​ရင်​ခွင်၌ အ​ကျွန်ုပ်​အပ်​နှင်း​ပါ​ပြီ။ သူ​သည် ကိုယ်၌​ပ​ဋိ​သ​န္ဓေ​စွဲ​နေ​ကြောင်း​ကို​သိ​လျှင်၊ အ​ကျွန်ုပ်​ကို မ​ထီ​မဲ့​မြင်​ပြု​ပါ​သည်​တ​ကား။ ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် ကိုယ်​တော်​အ​မှု​ကို စီ​ရင်​တော်​မူ​ပါ​စေ​သော​ဟု၊ အာ​ဗြံ​အား​ဆို​လေ၏။

သို့​ဖြစ်၍ သင်​သည်​ငါ့​ကို​လည်း​ကောင်း၊ ငါ့​သား​ကို​လည်း​ကောင်း၊ ငါ့​မြေး​ကို​လည်း​ကောင်း၊ မ​လှည့်​စား။ ငါ​သည်​သင်၌​ကျေး​ဇူး​ပြု​သ​ကဲ့​သို့ ငါ၌​လည်း​ကောင်း၊ သင်​တည်း​နေ​ရာ ငါ့​ပြည်၌​လည်း​ကောင်း၊ ကျေး​ဇူး​ပြု​မည်​ဟု ဘု​ရား​သ​ခင်​ကို​တိုင်​တည်၍ ငါ့​အား​ကျိန်​ဆို​ပါ​လော့​ဟု ပြော​ဆို၏။

သင်​သည် ငါ့​သ​မီး​တို့​ကို ညှဉ်း​ဆဲ​သည်​ဖြစ်​စေ၊ ငါ့​သ​မီး​တို့​မှ​တစ်​ပါး အ​ခြား​သော​မိန်း​မ​နှင့် စုံ​ဖက်​သည်​ဖြစ်​စေ၊ ငါ​တို့၌​လူ​သက်​သေ​မ​ရှိ၊ ဘု​ရား​သ​ခင်​သည် ငါ​နှင့်​သင်၏​စပ်​ကြား၌ သက်​သေ​ဖြစ်​စေ​တော်​မူ​သ​တည်း ဟူ၍​လည်း​ကောင်း၊

အာ​ဗြ​ဟံ၏​ဘု​ရား​သ​ခင်၊ နာ​ခေါ်၏​ဘု​ရား​သ​ခင်၊ သင့်​အ​ဘ၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​စပ်​ကြား၌ စီ​ရင်​တော်​မူ​စေ​သ​တည်း​ဟူ၍​လည်း​ကောင်း၊ ယာ​ကုပ်​အား​ဆို၏။ ယာ​ကုပ်​သည်​လည်း၊ မိ​မိ​အ​ဘ​ကြောက်​ရွံ့​ရာ ဘု​ရား​ကို​တိုင်​တည်၍ ကျိန်​ဆို​ခြင်း​ကို​ပြု​လေ၏။

သင်၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား၏ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မ​မြွက်​မ​ဆို​နှင့်။ အ​ကြောင်း​မူ​ကား၊ နာ​မ​တော်​ကို မု​သား​နှင့်​ဆိုင်၍ မြွက်​ဆို​သော​သူ​ကို အ​ပြစ်​မ​ရှိ​ဟု ထာ​ဝ​ရ​ဘု​ရား​မှတ်​တော်​မ​မူ။

အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး၌ အ​ဓ​မ္မ​အ​မှု​ကို ပြု​ကြ​ပြီ။ သူ့​မ​ယား​တို့​ကို ပြစ်​မှား​ကြ​ပြီ။ ငါ​မ​မှာ​ထား​ဘဲ၊ ငါ၏​နာ​မ​ကို အ​မှီ​ပြု၍ မု​သား​စ​ကား​ကို ဟော​ပြော​ကြ​ပြီ။ ငါ​သိ​သည်​အ​တိုင်း သက်​သေ​ဖြစ်​သည်​ဟု ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

သူ​တို့​က​လည်း ကိုယ်​တော်​ဘု​ရား​သ​ခင် ထာ၀​ရ​ဘု​ရား​သည် ကိုယ်​တော်​အား​ဖြ​င့် အ​ကျွန်ုပ်​တို့​ကို မှာ​ထား​တော်​မူ​သ​မျှ​အ​တိုင်း၊ အ​ကျွန်ုပ်​တို့​သည် ပြု​ပါ​မည်​ဟု၊ ထာ၀​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​တို့၌ မှန်​ကန်၍ သ​စ္စာ​စော​င့်​သော သက်​သေ ဖြစ်​တော်​မူ​စေ​သ​တည်း။

အို လူ​များ​အ​ပေါင်း​တို့၊ ကြား​ကြ​လော့။ အို ပြည်​နှင့် ပြည်​သား​အ​ပေါင်း​တို့၊ နား​ထောင်​ကြ​လော့။ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​တည်း​ဟူ​သော သန့်​ရှင်း​သော​ဗိ​မာန်​တော်​ထဲ​က ဘု​ရား​ရှင်​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ခံ​တော်​မူ​မည်။

ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ထို​စာ​စောင်​ကို ငါ​ထုတ်​ဖော်​မည်။ ခိုး​တတ်​သော သူ၏​အိမ်​ထဲ​သို့​လည်း​ကောင်း၊ ငါ့​နာ​မ​ကို တိုင်​တည်၍ မ​မှန်​သော​ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၏ အိမ်​ထဲ​သို့​လည်း​ကောင်း​ဝင်၍ နေ​ရာ​ကျ​သ​ဖြင့်၊ သစ်​သား​များ၊ ကျောက်​များ​နှင့်​တ​ကွ ထို​အိမ်​ကို​စား​လိမ့်​မည်​ဟု မိန့်​တော်​မူ၏။

သင်​တို့​ကို စစ်​ကြော​စီ​ရင်​ခြင်း​ငှာ ငါ​ချဉ်း​မည်။ ပြု​စား​တတ်​သော​သူ၊ သူ့​မ​ယား​ကို ပြစ်​မှား​သော​သူ၊ မ​မှန်​သော ကျိန်​ဆို​ခြင်း​ကို ပြု​သော​သူ၊ သူ​ငှား​ကို အ​ခ​မ​ပေး ညှဉ်း​ဆဲ​သော​သူ၊ မိ​ဘ​မ​ရှိ​သော​သူ​ငယ်​နှင့် မု​ဆိုး​မ​ကို ညှဉ်း​ဆဲ​သော​သူ၊ ဧည့်​သည်​ကို မ​တ​ရား​သ​ဖြင့် စီ​ရင်​သော​သူ၊ ငါ့​ကို​မ​ကြောက်​ရွံ့​သော​သူ​တို့​တစ်​ဖက်၌ ငါ​သည် လျင်​မြန်​သော​သက်​သေ​ဖြစ်​မည်​ဟု ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင် ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ၏။

ငါ​သည်​သင်​တို့​ကို မ​ခြား​မ​လပ်​အောက်​မေ့၍ အ​စဉ်​မ​ပြတ် ဆု​တောင်း​ပ​တ္ထ​နာ​ပြု​သည်​ဟု သား​တော်၏ ဧ​ဝံ​ဂေ​လိ​တ​ရား​ကို ဟော​လျက်၊ အ​မှု​တော်​ကို စိတ်​ဝိ​ညာဉ်​နှင့်​တ​ကွ ငါ​ဆောင်​ရွက်၍ ငါ​ကိုး​ကွယ်​သော ဘု​ရား​သ​ခင်​သည် ငါ၏​သက်​သေ​ခံ​ဖြစ်​တော်​မူ၏။-

ငါ​သည် မု​သား​မ​ပြော​သည်​ကို ထာ​ဝ​ရ​မင်္ဂ​လာ​ရှိ​တော်​မူ​သော ငါ​တို့​သ​ခင်​ယေ​ရှု​ခ​ရစ်၏ ခ​မည်း​တော်​ဘု​ရား​သ​ခင် သိ​တော်​မူ၏။

တ​ရား​သူ​ကြီး​တို့​အား​လည်း၊ သင်​တို့ ညီ​အစ်​ကို၏​အ​မှု​တို့​ကို​နား​ထောင်၍ အ​မျိုး​သား​ချင်း တ​ရား​တွေ့​သည်​ဖြစ်​စေ၊ တစ်​ပါး​အ​မျိုး​သား​နှင့် တွေ့​သည်​ဖြစ်​စေ၊ တ​ရား​သ​ဖြင့်​စီ​ရင်​ကြ​လော့။

ယေ​ဖ​သ​က၊ အ​မ္မုန်​လူ​တို့​ကို စစ်​တိုက်​စေ​ခြင်း​ငှာ သင်​တို့​သည် ငါ့​ကို​ပြန်​ပို့၍ ထာ​ဝ​ရ​ဘု​ရား​သည် သူ​တို့​ကို ငါ့​ရှေ့​မှာ အပ်​တော်​မူ​လျှင်၊ ငါ​သည် သင်​တို့ အ​ထွတ်​ဖြစ်​ရ​သော​အ​ခွင့်​ကို ပေး​မည်​လော​ဟု ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​အား မေး​လေ​သော်၊

ရှ​မွေ​လ​က​လည်း၊ သင်​တို့​သည် ငါ့​လက်၌ သူ​တစ်​ပါး၏​ဥ​စ္စာ​ကို ရှာ၍​မ​တွေ့​ကြောင်း​ကို ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​တစ်​ဖက်၌ သက်​သေ​ဖြစ်​တော်​မူ၏။ ဘိ​သိက်​တော်​ကို ခံ​သော​သူ​လည်း သက်​သေ​ဖြစ်၏​ဟု​ဆို​လျှင်၊ သူ​တို့​က၊ သက်​သေ​ဖြစ်​ပါ​သည်​ဟု ဝန်​ခံ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား​သည် ကျွန်​တော်​နှင့် ကိုယ်​တော်​စပ်​ကြား​မှာ စီ​ရင်​တော်​မူ​ပါ​စေ​သော။ ကျွန်​တော်​အား ပြစ်​မှား​သော​အ​ပြစ်​ကို ထာ​ဝ​ရ​ဘု​ရား​ဆပ်​ပေး​တော်​မူ​ပါ​စေ​သော။ သို့​ရာ​တွင် ကျွန်​တော်​လက်​သည် ကိုယ်​တော်​အ​ပေါ်​သို့ မ​ရောက်​ပါ​စေ​နှင့်။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ