ထိုသူလက်ထက်နောက်မှ၊ ဂိလဒ်ပြည်သား ယာဣရသည် ပေါ်ထွန်း၍၊ ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်နှစ်နှစ်ပတ်လုံး အုပ်စိုး၏။
လာဗန်ကလည်း၊ ယနေ့ဤကျောက်ပုံသည် ငါနှင့်သင်၏စပ်ကြား၌ သက်သေဖြစ်သည်ဟုဆို၏။ ထိုကြောင့် ဂိလဒ်ဟူ၍သမုတ်ကြ၏။
ဂဒ်အမျိုးသားနှင့် ရုဗင်အမျိုးသားတို့သည် စစ်တိုက်ခြင်းငှာ အသီးအသီးလက်နက်ကိုင်လျက် ထာဝရဘုရားရှေ့တော်၌ သင်တို့နှင့်အတူ ယော်ဒန်မြစ်တစ်ဖက်သို့ ကူးသွား၍၊ သင်တို့သည် ထိုပြည်ကိုအောင်ပြီးလျှင်၊ ထိုအမျိုးသားတို့အား ဂိလဒ်ပြည်ကို အပိုင်ပေးရကြမည်။
ထိုသူသည် ဣသရေလအမျိုးကို အနှစ်နှစ်ဆယ်သုံးနှစ်ပတ်လုံး အုပ်စိုးပြီးမှ သေ၍၊ ရှိမရမြို့မှာ သင်္ဂြိုဟ်လေ၏။
ထိုမင်း၌ကား သားသုံးဆယ်ရှိ၍၊ သူတို့သည် မြည်းသငယ်သုံးဆယ်တို့ကို စီးလျက် ဂိလဒ်ပြည်၌ ယာဝုတ်ယာဣရအမည်ဖြင့် ယနေ့တိုင်အောင် ခေါ်ဝေါ်သော မြို့သုံးဆယ်တို့ကို ကံကျွေးပြုကြ၏။