Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 10:18

Judson Bible

ဂိ​လဒ်​ပြည်​သား မင်း​များ​တို့​က၊ အ​ကြင်​သူ​သည် အ​မ္မုန်​အ​မျိုး​သား​တို့​ကို အ​ဦး​တိုက်၏။ ထို​သူ​သည် ဂိ​လဒ်​ပြည်​သား​အ​ပေါင်း​တို့၏​အ​ထွတ်​ဖြစ်​စေ​ဟု တိုင်​ပင်​စီ​ရင်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

မင်း​အ​ရာ၌ ချီး​မြှောက်​ရ​သော မှူး​တော်​မတ်​တော် မ​ရှိ​ရ။ မင်း​ရိုး​ပြတ်​ရ​လိမ့်​မည်။

ယော​ရှု အ​နိ​စ္စ​ရောက်​သော​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ခါ​န​နိ​လူ​တို့​ရှိ​ရာ​သို့ ရှေ့​ဦး​စွာ​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​ကြ​လျှင်၊

အ​မ္မုန်​အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ ဂိ​လဒ်​ပြည်၌ တပ်​ချ​ကြ၏။ ဣ​သ​ရေ​လ အ​မျိုး​သား​တို့​သည် စည်း​ဝေး၍ မိ​ဇ​ပါ​မြို့​မှာ တပ်​ချ​ကြ၏။

ဂိ​လဒ်​အ​မျိုး​သား ယေ​ဖ​သ​သည် ခွန်​အား​ကြီး​သော သူ​ရဲ​ဖြစ်၏။ သူ့​အ​ဘ​ကား ဂိ​လဒ်၊ သူ့​အ​မိ​ကား ပြည့်​တန်​ဆာ​ဖြစ်၏။

ထို​အ​ခါ ယေ​ဖ​သ​သည် ဂိ​လဒ်​ပြည်​သား အ​သက်​ကြီး​သူ​တို့​နှင့်​သွား၍ သူ့​ကို လူ​များ​တို့၏​အထွတ် ဗိုလ်​ချုပ်​မင်း​အ​ရာ၌ ခန့်​ထား​ကြ၏။ ယေ​ဖ​သ​သည်​လည်း ထို​စ​ကား​အ​လုံး​စုံ​တို့​ကို မိ​ဇ​ပါ​မြို့​မှာ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပြန်​ကြား​လျှောက်​ထား၏။

နောက်​တစ်​ဖန် အ​မ္မုန်​အ​မျိုး​သား​တို့​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်​ကြ၏။

ဂိ​လဒ်​ပြည်​သား​ယေ​ဖ​သ​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို ခြောက်​နှစ်​အုပ်​စိုး​ပြီး​မှ​သေ၍ ဂိ​လဒ်​မြို့​တစ်​မြို့၌ သင်္ဂြိုဟ်​လေ၏။

အ​ချို့​တို့​က​လည်း၊ ထို​လူ​ထွက်​လာ​သည်​ကို မြင်​သ​လော။ ဣ​သ​ရေ​လ​အ​မျိုး​ကို​ကြိမ်း​ပ​လျက် ထွက်​လာ​ပါ​သည်​တ​ကား။ သူ့​ကို သတ်​သော​သူ​အား ရှင်​ဘု​ရင်​သည် ကြီး​သော​စည်း​စိမ်​နှင့် ချီး​မြှောက်၍ သ​မီး​တော်​ကို​လည်း ပေး​စား​တော်​မူ​မည်။ ထို​သူ၏​အ​ဆွေ​အ​မျိုး​ကို​လည်း ဣ​သ​ရေ​လ​နိုင်​ငံ​တွင် မင်း​မှု လွှတ်​တော်​မူ​မည်​ဟု ပြော​ဆို​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ