သူကြီး 10:10Judson Bibleထိုအခါ ဣသရေလအမျိုးသားတို့က၊ အကျွန်ုပ်တို့သည် ကိုယ်တော်ကို ပြစ်မှားပါပြီ။ အကျွန်ုပ်တို့၏ ဘုရားသခင်ကို စွန့်၍၊ ဗာလဘုရားတို့ကို ဝတ်ပြုမိပါပြီဟု ထာဝရဘုရားအား ဟစ်ကြော်ကြ၏။ အခန်းကိုကြည့်ပါ။ |
သစ်တုံးအား၊ ကိုယ်တော်သည် အကျွန်ုပ်အဘဖြစ်တော်မူ၏ ဟူ၍လည်းကောင်း၊ ကျောက်အားလည်း၊ ကိုယ်တော်သည် အကျွန်ုပ်ကို ဖွားမြင်တော်မူပြီ ဟူ၍လည်းကောင်းဆိုလျက်၊ စင်စစ် ငါ့ကို မျက်နှာမပြု၊ ကျောခိုင်းကြသော်လည်း၊ အမှုရောက်လျှင်မူကား၊ ထတော်မူပါ၊ အကျွန်ုပ်တို့ကို ကယ်မတော်မူပါဟု လျှောက်တတ်ကြ၏။
သူတို့သည် မိဇပါမြို့၌ စည်းဝေးသဖြင့်၊ ရေကိုခပ်၍ ထာဝရဘုရားရှေ့တော်၌သွန်းလောင်းခြင်း၊ အစာရှောင်ခြင်း အကျင့်တို့ကိုကျင့်လျက်၊ အကျွန်ုပ်တို့သည် ထာဝရဘုရားကို ပြစ်မှားပါပြီဟု ဝန်ခံကြ၏။ ရှမွေလသည် မိဇပါမြို့၌ ဣသရေလအမျိုးသားတရားမှုတို့ကို စစ်ကြောစီရင်လေ၏။