Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 1:6

Judson Bible

အ​ဒေါ​နိ​ဗေ​ဇက်​သည် ပြေး​လေ၏။ ယု​ဒ​လူ​တို့​သည် လိုက်၍​ဖမ်း​မိ​ပြီး​လျှင် လက်​မ၊ ခြေ​မ​တို့​ကို ဖြတ်​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

နိုင်​ငံ​တော် အ​တိုင်း​တိုင်း အ​ပြည်​ပြည် အ​မြို့​မြို့၌​ရှိ​သော ယု​ဒ​လူ​တို့​သည် စု​ဝေး၍၊ မိ​မိ​တို့​အ​သက်​ကို စောင့်​ရ​သော​အ​ခွင့်၊ တိုက်​လာ​သော​ပြည်​သူ၊ စစ်​သူ​ရဲ​အ​ပေါင်း​တို့​ကို မိန်း​မ​သူ​ငယ်​နှင့်​တ​ကွ သတ်​ဖြတ်​သုတ်​သင်​ပယ်​ရှင်း၍၊ သူ​တို့​ဥ​စ္စာ​ကို လု​ယူ​သိမ်း​ရုံး​ရ​သော​အ​ခွင့်​ကို ရှင်​ဘု​ရင်​ပေး​တော်​မူ၏။

မင်း​သား​တို့​ကို အ​ရှက်​ခွဲ၍၊ လမ်း​မ​ရှိ​သော တော​အ​ရပ်၌​လည်​စေ​တော်​မူ၏။

အ​ကျွန်ုပ်​တို့​ကို ကွယ်​ကာ​တော်​မူ​သော ဘု​ရား​ရှင်၊ သူ​တို့​ကို သတ်​တော်​မ​မူ​ပါ​နှင့်။ သတ်​လျှင် အ​ကျွန်ုပ်၏​လူ​တို့​သည် သ​တိ​လစ်​ကြ​ပါ​လိမ့်​မည်။ တန်​ခိုး​တော်​အား​ဖြင့် အ​ရပ်​ရပ်​ကွဲ​ပြား​စေ၍ နှိမ့်​ချ​တော်​မူ​ပါ။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ပင်​လယ်​ရေ​သည် အဲ​ဂု​တ္တု​လူ​များ၊ ရ​ထား​များ၊ မြင်း​စီး​သူ​ရဲ​များ​တို့​အ​ပေါ်​သို့​ပြန်​စေ​ခြင်း​ငှာ၊ ပင်​လယ်​အ​ပေါ်​မှာ လက်​ကို​ဆန့်​လော့​ဟု မော​ရှေ​အား​မိန့်​တော်​မူ​သည်​အ​တိုင်း၊

မျက်​စိ​အ​တွက် မျက်​စိ​ကို​လည်း​ကောင်း၊ သွား​အ​တွက် သွား​ကို​လည်း​ကောင်း၊ လက်​အ​တွက် လက်​ကို​လည်း​ကောင်း၊ ခြေ​အ​တွက် ခြေ​ကို​လည်း​ကောင်း၊

ထို​သိုး​ကို​သတ်​ပြီး​လျင် အ​သွေး​ကို​ယူ၍ အာ​ရုန်၏​လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ သူ၏​သား​တို့၏ လက်​ယာ​နား​ပျဉ်း၌​လည်း​ကောင်း၊ သူ​တို့၏​လက်​ယာ​လက်​မ၌​လည်း​ကောင်း၊ လက်​ယာ​ခြေ​မ၌​လည်း​ကောင်း ထည့်၍၊ ယဇ်​ပ​လ္လင်​အ​ပေါ်​ပတ်​လည်၌ ဖျန်း​ရ​မည်။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ သင်​တို့​သည် အ​သီး​အ​သီး ညီ​အစ်​ကို​ချင်း၊ အိမ်​နီး​ချင်း​တို့​အား လွတ်​ရ​သော​အ​ခွင့်​ကို ထင်​ရှား​စွာ​မ​စီ​ရင်၊ ငါ့​စ​ကား​ကို နား​မ​ထောင်​သော​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် သင်​တို့​အ​ဖို့၊ ဓား​ဘေး၊ ကာ​လ​နာ​ဘေး၊ မွတ်​သိပ်​ခြင်း​ဘေး​တို့​အား လွတ်​သော​အ​ခွင့်​ကို ထင်​ရှား​စွာ​စီ​ရင်၍၊ အ​တိုင်း​တိုင်း​အ​ပြည်​ပြည်​တို့၌ အ​နှောင့်​အ​ယှက် ခံ​စေ​မည်။

မြို့​ပတ်​လည်၌ ကြွေး​ကြော်​ကြ​လော့။ သူ​သည်​ဝန်​ချ​ပြီ။ မြို့​ရိုး​နှင့် ပြ​အိုး​တို့​သည် ပြို​လဲ​ကြ​ပြီ။ ထာ​ဝ​ရ​ဘု​ရား၏​အ​မျက်​တော်​ပြေ​ခြင်း အ​မှု​ဖြစ်၍၊ သူ့​ကို​အ​ပြစ်​နှင့်​အ​လျောက် စီ​ရင်​ကြ​လော့။ သူ​သည်​ပြု​ဖူး​သည်​အ​တိုင်း သူ၌​ပြု​ကြ​လော့။

ကိ​ရ​ယဿေ​ဖာ​မြို့​ကို တိုက်​ယူ​လုပ်​ကြံ​သော​သူ​အား ငါ​သည်​သ​မီး​အာ​ခ​သ​ကို ပေး​စား​မည်​ဟု​ဆို​လျှင်၊

အ​ဒေါ​နိ​ဗေ​ဇက်​မင်း​ကို ဗေ​ဇက်​မြို့၌​တွေ့၍၊ ခါ​န​နိ​လူ၊ ဖေ​ရ​ဇိ​လူ​တို့​ကို​သတ်​သော​အ​ခါ၊

အ​ဒေါ​နိ​ဗေ​ဇက်​က​လည်း၊ လက်​မ​နှင့် ခြေ​မ​ဖြတ်​သော မင်း​ကြီး​ခု​နစ်​ဆယ်​တို့​သည်၊ အ​ထက်​က ငါ့​စား​ပွဲ​အောက်၌ စား​နုပ်​စား​ပေါက်​ကို ကောက်၍ စား​ရ​ကြ၏။ ငါ​ပြု​ဖူး​သည်​အ​တိုင်း၊ ဘု​ရား​သ​ခင်​သည် ငါ၌​အ​ပြစ်​ပေး​တော်​မူ​ပြီ​ဟု ဆို၏။ ထို​မင်း​ကို ယေ​ရု​ရှ​လင်​မြို့​သို့​ပို့၍ သူ​သည် ထို​မြို့​မှာ​သေ​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ