သူကြီး 1:4Judson Bibleယုဒချီသွား၍ ထာဝရဘုရားသည် ခါနနိလူ၊ ဖေရဇိလူတို့ကိုအပ်တော်မူသဖြင့်၊ ဗေဇက်မြို့၌ လူတစ်ထောင်ကို သတ်လေ၏။ အခန်းကိုကြည့်ပါ။ |
သို့ဖြစ်၍ သင်၏ ဘုရားသခင်ထာဝရဘုရားသည် သင့်ရှေ့မှာကြွသဖြင့်၊ လောင်သောမီးကဲ့သို့ဖြစ်လျက် သူတို့ကိုဖျက်ဆီး၍၊ သင့်မျက်မှောက်၌ နှိမ့်ချတော်မူမည်အကြောင်းကို ယခုသဘောကျလော့။ ထာဝရဘုရား မိန့်တော်မူသည်အတိုင်း၊ သင်သည် သူတို့ကိုနှင်ထုတ်၍ အလျင်အမြန် ဖျက်ဆီးရလိမ့်မည်။
ယောနသန်က၊ အရေဖျားလှီးခြင်းကိုမခံသော တပ်သားတို့ဆီသို့သွားကြကုန်အံ့။ ထာဝရဘုရားသည် ငါတို့အမှုကို စောင့်ကောင်းစောင့်တော်မူလိမ့်မည်။ လူများသော်လည်းကောင်း၊ နည်းသော်လည်းကောင်း၊ ထာဝရဘုရား ကယ်တင်တော်မူခြင်းကို အဆီးအတားမရှိနိုင်ဟု လက်နက်ဆောင်လုလင်အားပြောဆိုလျှင်၊