ထိုအတူအာရှာအမျိုးသည် အက္ခောမြို့သား၊ ဇိဒုန်မြို့သား၊ အာလပ်မြို့သား၊ အာခဇိပ်မြို့သား၊ ဟေလဗမြို့သား၊ အာဖိတ်မြို့သား၊ ရဟောဘမြို့သားတို့ကို မနှင်ထုတ်ဘဲ၊
ဂိလဒ်ပြည်၊ နောက်သိမ်းသောပြည်၊ ဒန်ယန်ပြည်တို့ကို လွန်ပြီးမှ ဇိဒုန်ပြည်သို့ဝိုင်းသွား၍၊
နေဗတ်၏သား ယေရောဗောင်ပြုသော ဒုစရိုက်အပြစ်လမ်းသို့သာလိုက်လျှင်၊ သာမညအပြစ်ရောက်မည်ဟု ထင်မှတ်လျက်၊ ဇိဒုန်မင်းကြီး ဧသဗာလသမီး ယေဇဗေလနှင့်စုံဖက်၍၊ ဗာလဘုရားကိုဝတ်ပြုကိုးကွယ်၏။
ထိုအတူ ဇာဗုလုန်အမျိုးသည် ကိတရုန်မြို့သား၊ နဟာလောလမြို့သားတို့ကို မနှင်ထုတ်ဘဲ၊ ခါနနိလူတို့သည် ရောနှောလျက်နေ၍၊ အခွန်ပေးကြ၏။
အာရှာအမျိုးသားတို့သည် ပြည်သားခါနနိလူတို့နှင့် ရောနှော၍ နေကြ၏။