Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 1:29

Judson Bible

ထို​အ​တူ ဧ​ဖ​ရိမ်​အ​မျိုး​သည် ဂေ​ဇာ​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ သူ​တို့​သည် ဂေ​ဇာ​မြို့၌ ရော​နှော​လျက်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

6 ပူးပေါင်းရင်းမြစ်များ  

ရှော​လ​မုန်​မင်း​ကြီး​သည် ငွေ​ခွဲ​ရ​သော​အ​ကြောင်း​ဟူ​မူ​ကား၊ ဗိ​မာန်​တော်၊ နန်း​တော်၊ မိ​လ္လော​မြို့၊ ယေ​ရု​ရှ​လင်​မြို့​ရိုး၊ ဟာ​ဇော်​မြို့၊ မေ​ဂိ​ဒ္ဒေါ​မြို့ ဂေ​ဇာ​မြို့​တို့​ကို တည်​ဆောက်​ခြင်း​ငှာ ငွေ​ခွဲ​ရ​သ​တည်း။

ဂေ​ဇာ​မြို့​ကို​ကား၊ အဲ​ဂု​တ္တု​ဖာ​ရော​ဘု​ရင်​သည် စစ်​ချီ၍ တိုက်​ယူ​မီး​ရှို့​သ​ဖြင့်၊ မြို့​သား​ခါ​နာ​နိ​လူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ မိ​မိ​သ​မီး၊ ရှော​လ​မုန်၏ ခင်​ပွန်း​အား လက်​ဆောင်​ပေး​နှင့်​လေ​ပြီ။

ထို​အ​ခါ ဂေ​ဇာ​မင်း​ကြီး​ဟော​ရံ​သည်၊ လာ​ခိ​ရှ​မြို့​ကို ကူ​ညီ​မည်​ဟု လာ​သော​ကြောင့်၊ ယော​ရှု​သည် ထို​မင်း​ကြီး​နှင့် သူ၏​လူ​အ​ပေါင်း​တို့​ကို တစ်​ယောက်​မျှ​မ​ကျန်​ကြွင်း​ရ​ဘဲ ရှင်း​ရှင်း​လုပ်​ကြံ​လေ၏။

ဂေ​ဇာ​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​ဘဲ သူ​တို့​သည် ယ​နေ့​တိုင်​အောင် ဧ​ဖ​ရိမ်​အ​မျိုး​သား​တို့​နှင့် အ​တူ​နေ၍ အ​ခွန်​ပေး​ရ​ကြ၏။

တစ်​ဖန် ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အား​ကြီး​သော​အ​ခါ၊ ခါ​န​နိ​လူ​တို့​ကို မ​နှင်​ထုတ်​သော်​လည်း အ​ခွန်​ကို​ဆက်​သွင်း​စေ​ကြ၏။

ထို​အ​တူ ဇာ​ဗု​လုန်​အ​မျိုး​သည် ကိ​တ​ရုန်​မြို့​သား၊ န​ဟာ​လော​လ​မြို့​သား​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ ခါ​န​နိ​လူ​တို့​သည် ရော​နှော​လျက်​နေ၍၊ အ​ခွန်​ပေး​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ