Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 1:20

Judson Bible

မော​ရှေ​မှာ​ထား​သည်​အ​တိုင်း ဟေ​ဗြုန်​မြို့​ကို ကာ​လက်​အား​ပေး​ကြ၍၊ သူ​သည် အာ​န​က​သား​သုံး​ယောက်​တို့​ကို ထို​မြို့​မှ နှင်​ထုတ်​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

တောင်​မျက်​နှာ၌​လျှောက်​သွား၍ အာ​န​က​အ​မျိုး​သား အ​ဟိ​မန်၊ ရှေ​ရှဲ၊ တာ​လ​မဲ​နေ​သော ဟေ​ဗြုန်​မြို့​သို့ ရောက်​ကြ၏။ ဟေ​ဗြုန်​မြို့​ကား၊ အဲ​ဂု​တ္တု​ပြည်၌ ဇော​န​မြို့​မ​တည်​မီ ခု​နစ်​နှစ်​က​တည်​သော​မြို့ ဖြစ်​သ​တည်း။

ငါ့​ကျွန်​ကာ​လက်​မူ​ကား ထူး​ခြား​သော​သ​ဘော​ရှိ၍၊ ငါ့​နောက်​သို့ လုံး​လုံး​လိုက်​သော​ကြောင့် သူ​သွား​ခဲ့​ပြီး​သော​ပြည်​သို့ သူ့​ကို​ငါ​ဆောင်​သွင်း​သ​ဖြင့် သူ၏​သား​မြေး​တို့​သည် အ​မွေ​ခံ​ရ​ကြ​လိမ့်​မည်။

ထို​သူ​သည် ထာ​ဝ​ရ​ဘု​ရား​နောက်​တော်​သို့ လုံး​လုံး​လိုက်​သော​ကြောင့် မြင်​ရ၏။ သူ​နင်း​သော​ပြည်​ကို သူ​မှ​စ၍ သူ၏​သား​မြေး​တို့​အား ငါ​ပေး​မည်​ဟု ကျိန်​ဆို​တော်​မူ၏။

တစ်​ဖန် ယော​ရှု​သည် ဣ​သ​ရေ​လ​လူ​အ​ပေါင်း​တို့​နှင့်​တ​ကွ၊ ဧ​ဂ​လုန်​မြို့​မှ ဟေ​ဗြုန်​မြို့​သို့ ချီ​သွား၍ တိုက်​ကြ၏။

ထို​ကာ​လ​အ​ခါ ယော​ရှု​သည် ချီ​သွား၍၊ အာ​န​က​လူ​တို့​ကို တောင်​ပေါ်​အ​ရပ် ဟေ​ဗြုန်​မြို့၊ ဒေ​ဗိ​ရ​မြို့၊ အာ​နပ်​မြို့၊ ယု​ဒ​တောင်၊ ဣ​သ​ရေ​လ​တောင်​ရှိ​သ​မျှ​တို့​မှ ပယ်​ရှား၍၊ သူ​တို့​မြို့​များ​နှင့်​တ​ကွ ရှင်း​ရှင်း​ဖျက်​ဆီး​လေ၏။

ဟေ​ဗြုန်​မြို့​သည် အ​ထက်​က ကိ​ရ​ယ​သာ​ဘ​အ​မည်​ရှိ၏။ အာ​ဗ​သည် အာ​န​က​အ​မျိုး​သား​တို့​တွင်​လူ​ကြီး​ဖြစ်၏။ ထို​အ​ခါ တစ်​ပြည်​လုံး​စစ်​ငြိမ်း​လေ၏။

တစ်​ဖန် ယု​ဒ​အ​မျိုး​သည်၊ ကိ​ရ​ယ​သာ​ဘ​အ​မည်​ဟောင်း​ရှိ​သော ဟေ​ဗြုန်​မြို့၌​နေ​သော ခါ​န​နိ​လူ​တို့​ရှိ​ရာ​သို့ ချီ​သွား၍၊ ရှေ​ရှဲ၊ အ​ဟိ​မန်၊ တာ​လ​မဲ​တို့​ကို​လုပ်​ကြံ​ကြ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ