Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 1:2

Judson Bible

ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် ချီ​သွား​ရ​မည်။ ထို​ပြည်​ကို သူ၏​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

11 ပူးပေါင်းရင်းမြစ်များ  

နေ​ထွက်​ရာ​အ​ရှေ့​မျက်​နှာ၌၊ ယု​ဒ​တပ်​အ​လံ​နှင့် ဆိုင်​သော​အ​လုံး​အ​ရင်း​သည် နေ​ရာ​ကျ၍ အ​မိ​န​ဒပ်​သား​နာ​ရှုန်​သည် ယု​ဒ​အ​မျိုး​သား​တို့​တွင် ဗိုလ်​လုပ်​ရ​မည်။

ထို​သို့​နှင့်​အ​ညီ၊ ပ​ထ​မ​နေ့၌ ယု​ဒ​အ​မျိုး၊ အ​မိ​န​ဒပ်​သား​နာ​ရှုန်​သည် ဆက်​သော ပူ​ဇော်​သ​ကာ​ဟူ​မူ​ကား၊

အ​ကြောင်း​မူ​ကား၊ ငါ​တို့​သ​ခင်​သည် ယု​ဒ​အ​မျိုး​ထဲ၌ ပေါ်​ထွန်း​သည်​ဟု ထင်​ရှား​လျက်​ရှိ၏။ ထို​အ​မျိုး​သည် ယဇ်​ပု​ရော​ဟိတ်​အ​ရာ​နှင့် စပ်​ဆိုင်​သည်​ဟု မော​ရှေ​သည် တစ်​ခွန်း​ကို​မျှ​မ​ပြော။

အ​ကယ်​စင်​စစ် ထာ​ဝ​ရ​ဘု​ရား​သည် ထို​ပြည်​တစ်​လျှောက်​လုံး​ကို ငါ​တို့​လက်​သို့ အပ်​တော်​မူ​ပြီ။ ငါ​တို့​ကြောင့် ပြည်​သူ​ပြည်​သား​အ​ပေါင်း​တို့​သည် စိတ်​ပျက်​လျက်​ရှိ​ကြ​ပါ၏​ဟု ယော​ရှု​အား​လျှောက်​ဆို၏။

တံ​ဆိပ် ခု​နစ်​ချက်​တို့​ကို​လည်း​ကောင်း၊ ဖွင့်​ခြင်း​ငှာ အောင်​မြင်​လေ​ပြီ​ဟု ငါ့​ကို​ပြော​ဆို၏။

ယု​ဒ​သည် မိ​မိ​အစ်​ကို​ရှိ​မောင်​အား၊ ခါ​န​နိ​လူ​တို့​ကို​တိုက်​ခြင်း​ငှာ ငါ့​အ​မွေ​မြေ​သို့ ငါ​နှင့်​အ​တူ​လိုက်​ပါ။ သင့်​အ​မွေ​မြေ​သို့​လည်း သင်​နှင့်​အ​တူ ငါ​လိုက်​သွား​မည်​ဟု​ဆို​သည်​အ​တိုင်း ရှိ​မောင်​သည်​လိုက်​သွား​လေ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ ထ၍ သွား​ပြီး​လျှင်၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ဗင်္ယာ​မိန်​အ​မျိုး​ကို အ​ဦး​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​ထံ​တော်၌ မေး​လျှောက်​ကြ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် အ​ဦး​ချီ​သွား​ရ​မည်​ဟု မိန့်​တော်​မူ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့ ညီ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန်​သွား၍ တိုက်​ရ​ပါ​မည်​လော၊ မ​သွား​ဘဲ​နေ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​ကြ​လော့။ နက်​ဖြန်​နေ့​တွင် သူ​တို့​ကို သင်​တို့​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ