Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 1:19

Judson Bible

ထာ​ဝ​ရ​ဘု​ရား​သည် ယု​ဒ​နှင့်​အ​တူ​ရှိ​တော်​မူ၍၊ သူ​သည် တောင်​ပေါ်​မှာ​နေ​သော သူ​တို့​ကို​နှင်​ထုတ်​လေ၏။ ချိုင့်​သား​တို့​ကို မ​နှင်​ထုတ်​နိုင်။ အ​ကြောင်း​မူ​ကား၊ သူ​တို့​သည် သံ​ရ​ထား​ရှိ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

34 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား​သည် ယော​သပ်​ဘက်၌​ရှိ​တော်​မူ​သ​ဖြင့် သူ​သည် အ​ကြံ​ထ​မြောက်​တတ်၏။ အဲ​ဂု​တ္တု​အ​မျိုး​သား မိ​မိ​သ​ခင်၏​အိမ်၌​နေ​ရ​လေ၏။

သို့​သော်​လည်း ထာ​ဝ​ရ​ဘု​ရား​သည်​သူ့​ဘက်၌​ရှိ၍ ကယ်​မ​သ​နား​တော်​မူ​သ​ဖြင့်၊ ထောင်​မှူး​ထံ​မျက်​နှာ​ရ​စေ​တော်​မူ၏။

ဒါ​ဝိဒ်​တိုး​ပွား၍ အား​ကြီး​သ​ဖြင့် ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင် ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ ရှိ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​သည် သူ​နှင့်​အ​တူ​ရှိ​တော်​မူ​သ​ဖြင့် သူ​သည် ပြု​လေ​ရာ​ရာ၌ အောင်​လေ၏။ အာ​ရှု​ရိ​ရှင်​ဘု​ရင်၏​ကျွန်​မ​ခံ။ ပုန်​ကန်​လေ၏။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ၏။ ယာ​ကုပ်၏​ဘု​ရား​သ​ခင်​သည် ငါ​တို့​ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

ကောင်း​ကင်​ဗိုလ်​ခြေ အ​ရှင်​ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​နှင့်​အ​တူ​ရှိ​တော်​မူ၏။ ယာ​ကုပ်​အ​မျိုး၏ ဘု​ရား​သ​ခင်​သည် ငါ​တို့ ခို​လှုံ​ရာ​ဖြစ်​တော်​မူ၏။

လေး​ကို​ချိုး​လျက်၊ လှံ​ကို အ​ပိုင်း​ပိုင်း​ဖြတ်​လျက်၊ ရ​ထား​ကို​မီး​ရှို့​လျက်၊ မြေ​ကြီး​စွန်း​တိုင်​အောင် စစ်​မှု​ကို ငြိမ်း​စေ​တော်​မူ၏။

ဘု​ရား​သ​ခင်​အား​ဖြင့် ငါ​တို့​သည် ရဲ​ရင့်​စွာ ပြု​ကြ​မည်။ ငါ​တို့၏ ရန်​သူ​များ​ကို ကိုယ်​တော်​တိုင်​နင်း​တော်​မူ​မည်။

တစ်​ဖန် နေ​အောက်​မှာ​ရှိ​သော အ​မှု​အ​ရာ​တို့​ကို ငါ​ပြန်၍​ကြည့်​ရှု​သော​အ​ခါ၊ လျင်​မြန်​သော​သူ​သည် ပြိုင်၍​ပြေး​သော်​လည်း မ​နိုင်​တတ်။ ခွန်​အား​ကြီး​သော​သူ​သည် စစ်​တိုက်၍ မ​အောင်​တတ်။ ပ​ညာ​ရှိ​သော​သူ​သည် ဝ​စွာ​မ​စား​တတ်။ ဉာဏ်​ကောင်း​သော​သူ​သည် စည်း​စိမ်​ကို​မ​ရ​တတ်။ လိ​မ္မာ​သော​သူ​သည် သူ​တစ်​ပါး​ရှေ့၌ မျက်​နှာ​မ​ရ​တတ်။ ခပ်​သိမ်း​သော​သူ​တို့၌ ကာ​လ​အ​ချိန်​စေ့​ခြင်း၊ အ​ဆင်​သင့်​ခြင်း​ရှိ​သည်​အ​တိုင်း ဖြစ်​တတ်​သည်​ကို ငါ​မြင်၏။

မ​စိုး​ရိမ်​နှင့်။ ငါ​သည် သင့်​ဘက်​မှာ​ရှိ၏။ မ​ကြောက်​နှင့်။ သင်၏​ဘု​ရား​သ​ခင် ငါ​သည် သင့်​ကို​ခိုင်​ခံ့​စေ​မည်။ သင့်​ကို စောင့်​မ​မည်။ ငါ့​သ​စ္စာ​လက်​ယာ​လက်​ဖြင့် ထောက်​ပင့်​မည်။

ထို​ကြောင့်၊ ထာ​ဝ​ရ​ဘု​ရား​သည် ကိုယ်​တော်​တိုင် နိ​မိတ်​လ​က္ခ​ဏာ​ကို သင်​တို့​အား​ပေး​တော်​မူ​မည်။ ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍၊ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​လ​တ္တံ့။

တိုင်​ပင်​ကြ​လော့။ သင်​တို့​အ​ကြံ​သည် ပျက်​လိမ့်​မည်။ စီ​ရင်​ကြ​လော့။ စီ​ရင်​သည်​အ​တိုင်း မ​တည်​ရ။ အ​ကြောင်း​မူ​ကား၊ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌​ရှိ​တော်​မူ၏။

ဗျာ​ဒိတ်​တော်​အ​ချက်​ဟူ​မူ​ကား ကြည့်​ရှု​လော့။ သ​တို့​သ​မီး​က​ညာ​သည် ပ​ဋိ​သ​န္ဓေ​စွဲ​ယူ၍ သား​ယောက်ျား​ကို ဖွား​မြင်​လ​တ္တံ့။ ထို​သား​ကို ဧ​မာ​နွေ​လ​အ​မည်​ဖြင့် မှည့်​ရ​ကြ​လ​တ္တံ့​ဟု လာ​သ​တည်း။ ဧ​မာ​နွေ​လ​အ​နက်​ကား ငါ​တို့​နှင့်​အ​တူ ရှိ​တော်​မူ​သော​ဘု​ရား​သ​ခင်​ဟု ဆို​လို​သ​တည်း။-

သို့​ဖြစ်၍ ဤ​အ​ရာ​များ​တို့၌ အ​ဘယ်​သို့ ပြော​စ​ရာ​ရှိ​သ​နည်း။ ဘု​ရား​သ​ခင်​သည် ငါ​တို့​ဘက်၌ ရှိ​တော်​မူ​လျှင်၊ အ​ဘယ်​သူ​သည် ငါ​တို့​တစ်​ဖက်၌ နေ​နိုင်​မည်​နည်း။-

ငါ့​ကို ခွန်​အား​နှင့်​ပြည့်​စုံ​စေ​တော်​မူ​သော ခ​ရစ်​တော်​အား​ဖြင့် ခပ်​သိမ်း​သော​အ​မှု​တို့​ကို ငါ​တတ်​စွမ်း​နိုင်၏။-

သင့်​အ​သက်​တည်​သည်​ကာ​လ​ပတ်​လုံး သင့်​ရှေ့​မှာ အ​ဘယ်​သူ​မျှ​မ​ခံ​မ​ရပ်​နိုင်​ရာ။ မော​ရှေ​နှင့်​အ​တူ ငါ​ရှိ​သ​ကဲ့​သို့ သင်​နှင့် အ​တူ​ငါ​ရှိ​လိမ့်​မည်။ ငါ​သည် သင့်​ကို​မ​စွန့်၊ သင့်​ကို​ပစ်၍​မ​ထား။

သင့်​ကို ငါ​မှာ​ထား​သည်​မ​ဟုတ်​လော။ အား​ယူ၍ ရဲ​ရင့်​ခြင်း​ရှိ​လော့။ မ​ကြောက်​နှင့်၊ စိတ်​မ​ပျက်​နှင့်။ သွား​လေ​ရာ​ရာ၌ သင်၏​ဘု​ရား​သ​ခင် ထာ​ဝ​ရ​ဘု​ရား​ရှိ​သည်​ဟု မိန့်​တော်​မူ၏။

သို့​ဖြစ်၍ ထို​နေ့၌ ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သော ဤ​တောင်​ကို အ​ကျွန်ုပ်​အား​ပေး​ပါ။ ဤ​တောင်​ပေါ်​မှာ အာ​န​က​လူ​ရှိ​ကြောင်း​ကို​လည်း​ကောင်း၊ ကြီး​မား​ခိုင်​ခံ့​သော​မြို့​တို့​နှင့် ပြည့်​စုံ​ကြောင်း​ကို​လည်း​ကောင်း၊ ထို​နေ့၌ ကိုယ်​တော်​သည်​ကြား​ရ​ပြီ။ သို့​ရာ​တွင် ထာ​ဝ​ရ​ဘု​ရား​သည် အ​ကျွန်ုပ်​နှင့် အ​တူ​ရှိ​တော်​မူ​လျှင်၊ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း ထို​သူ​တို့​ကို​နှင်​ထုတ်​ခြင်း​ငှာ အ​ကျွန်ုပ်​တတ်​စွမ်း​နိုင်​ပါ​သည်​ဟု လျှောက်​ဆို၏။

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ယော​ရှု​နှင့်​အ​တူ ရှိ​တော်​မူ၍၊ သူ၏​သ​တင်း​သည် တစ်​ပြည်​လုံး၌ နှံ့​ပြား​ကျော်​စော​လေ၏။

ထို​သို့ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ကျိန်​အပ်​သော​သူ​ဖြစ်​သော​ကြောင့်၊ ရန်​သူ​တို့​ရှေ့​မှာ မ​ခံ​မ​ရပ်​နိုင်၊ ကျော​ကို​လှည့်​ရ​ကြ၏။ ကျိန်​အပ်​သော​သူ​ကို သင်​တို့​အ​ထဲ​က မ​ပယ်​မ​ရှင်း​လျှင် သင်​တို့​နှင့်​အ​တူ ငါ​မ​နေ။

ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် ချီ​သွား​ရ​မည်။ ထို​ပြည်​ကို သူ၏​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။

သိ​သ​ရ​သည် မိ​မိ​ရ​ထား​ရှိ​သ​မျှ​တည်း​ဟူ​သော သံ​ရ​ထား​ကိုး​ရာ​နှင့် ဂေါ​အိမ်​ပြည် ဟာ​ရော​ရှက်​မြို့​မှ​စ၍ ကိ​ရှုန်​မြစ်​တိုင်​အောင် မိ​မိ​လူ​အ​ပေါင်း​တို့​ကို စု​ဝေး​စေ၏။

ထို​မင်း၌ သံ​ရ​ထား​ကိုး​ရာ​ရှိ၏။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​ကို အ​နှစ်​နှစ်​ဆယ်​ပတ်​လုံး အ​လွန်​ညှဉ်း​ဆဲ​သော​ကြောင့်၊ သူ​တို့​သည် ထာ​ဝ​ရ​ဘု​ရား​ကို အော်​ဟစ်​ကြ၏။

ထို​သို့ ထာ​ဝ​ရ​ဘု​ရား​သည် ရှော​လု​ထံ​မှ​ထွက်၍ ဒါ​ဝိဒ်​နှင့်​အ​တူ ရှိ​တော်​မူ​သော​ကြောင့်၊ ရှော​လု​သည် ဒါ​ဝိဒ်​ကို​ကြောက်​ရွံ့​သ​ဖြင့်၊

ဒါ​ဝိဒ်​သည် အ​ရာ​ရာ၌ သ​တိ​ပ​ညာ​နှင့်​ပြု​မူ၍ သူ​နှင့်​အ​တူ ထာ​ဝ​ရ​ဘု​ရား​ရှိ​တော်​မူ၏၊

ဒါ​ဝိဒ်​သည် ရှော​လု​စေ​ခိုင်း​သ​မျှ​ကို သွား၍ သ​တိ​ပ​ညာ​နှင့်​ပြု​မူ​သော​ကြောင့်၊ စစ်​သူ​ရဲ​အုပ်​အ​ရာ၌ ခန့်​ထား​တော်​မူ​သ​ဖြင့်၊ ဒါ​ဝိဒ်​သည် ကျွန်​တော်​မျိုး​မှ​စ၍ လူ​အ​ပေါင်း​တို့​တွင် မျက်​နှာ​ရ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ