Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 1:16

Judson Bible

မော​ရှေ​ယော​က္ခ​မ၏​သား​မြေး​ဖြစ်​သော ကေ​နိ​အ​မျိုး​သား​တို့​သည်၊ ယု​ဒ​အ​မျိုး​သား​တို့​နှင့်​အ​တူ စွန်​ပ​လွံ​မြို့​မှ အာ​ရဒ်​မြို့​တောင်​ဘက်၊ ယု​ဒ​တော​သို့ လိုက်​သွား၍ နေ​ရာ​ကျ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

26 ပူးပေါင်းရင်းမြစ်များ  

ဆ​ဋ္ဌ​မ​သား ဩ​ဇင်၊ သ​တ္တ​မ​သား ဧ​လိ​ဟု၊ အ​ဋ္ဌ​မ​သား ဒါ​ဝိဒ်​တည်း။

ယာ​ဗက်​မြို့၌​နေ​သော ရှော​ဖ​ရိ​လူ၊ တိ​ရ​သိ​လူ၊ ရှိ​မ​သိ​လူ၊ စု​ခ​သိ​လူ​တည်း။ ထို​သူ​တို့​သည် ရေ​ခပ်​အ​မျိုး၏​အ​ဘ ဟေ​မတ်​မှ ဆင်း​သက်​သော ကိ​နိ​အ​မျိုး​ဖြစ်​သ​တည်း။

ထို​အ​ခါ အာ​ရှု​ရိ​ရှင်​ဘု​ရင်​လာ၍​ကူ​မ​စေ​ခြင်း​ငှာ၊ အာ​ခတ်​မင်း​ကြီး​သည် သံ​တ​မန်​ကို စေ​လွှတ်​လေ၏။

ဘု​ရား​သ​ခင်​သည် မော​ရှေ​မှ​စ၍ ကိုယ်​တော်၏​လူ ဣ​သ​ရေ​လ​အ​မျိုး​အ​ဖို့ ပြု​တော်​မူ​သ​မျှ​ကို​လည်း​ကောင်း၊ ထာ​ဝ​ရ​ဘု​ရား​သည် ဣ​သ​ရေ​လ​အ​မျိုး​ကို​အဲ​ဂု​တ္တု​ပြည်​မှ နုတ်​ဆောင်​တော်​မူ​ကြောင်း​ကို​လည်း​ကောင်း၊ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ဖြစ်​သော မော​ရှေ၏​ယော​က္ခ​မ ယေ​သ​ရော​ကြား​သည်​ရှိ​သော်၊

မော​ရှေ၏​ယော​က္ခ​မ​ယေ​သ​ရော​သည်၊ မီး​ရှို့​စ​ရာ​ယဇ်​နှင့် ဘု​ရား​သ​ခင်​အ​ဖို့ ယဇ်​များ​ကို​ဆောင်​ခဲ့​၍၊ အာ​ရုန်​နှင့် ဣ​သ​ရေ​လ​အ​မျိုး​အ​သက်​ကြီး​သူ​အ​ပေါင်း​တို့​သည်၊ မော​ရှေ၏​ယော​က္ခ​မ​နှင့်​အ​တူ ဘု​ရား​သ​ခင့်​ရှေ့​တော်၌ အ​စာ​စား​ခြင်း​ငှာ လာ​ကြ၏။

ထို​နောက် မော​ရှေ​သည် ယော​က္ခ​မ​သွား​ရ​သော​အ​ခွင့်​ကို​ပေး၍၊ သူ​သည် မိ​မိ​နေ​ရာ​သို့​သွား​လေ၏။

မော​ရှေ​သည်​ယော​က္ခ​မ​ကို ခ​ရီး​ဦး​ကြို​ပြု​ခြင်း​ငှာ​ထွက်​၍ ဦး​ချ​နမ်း​ရှုပ်​လျက်၊ ကျန်း​မာ​ကြောင်း​ကို တစ်​ယောက်​နှင့် တစ်​ယောက်​မေး​မြန်း​လျက် တဲ​သို့​ဝင်​ကြ​၏။

မော​ရှေ​သည်၊ မိ​မိ​ယော​က္ခ​မ မိ​ဒျန်​ယဇ်​ပု​ရော​ဟိတ်​ယေ​သ​ရော၏​သိုး​ဆိတ်​များ​ကို ထိန်း​စဉ်၊ တော​နောက်​ဘက်​သို့​ဆောင်​သွား၍၊ ဟော​ရပ်​အ​မည်​ရှိ​သော ဘု​ရား​သ​ခင်၏​တောင်​သို့ ရောက်​လေ၏။

မော​ရှေ​သည်​လည်း ယော​က္ခ​မ​ယေ​သ​ရော​ထံ​သို့​ပြန်​သွား၍၊ အဲ​ဂု​တ္တု​ပြည်၌​ရှိ​သော ကျွန်ုပ်​အ​မျိုး​သား​ချင်း​တို့​သည် အ​သက်​ရှင်​သေး​သ​လော​ဟု ကြည့်​ရှု​ခြင်း​ငှာ၊ သူ​တို့​ရှိ​ရာ​သို့ ကျွန်ုပ်​သွား​ရ​သော​အ​ခွင့်​ကို​ပေး​ပါ​လော့​ဟု ဆို​သော်၊ ယေ​သ​ရော​က၊ ငြိမ်​ဝပ်​စွာ​သွား​လော့​ဟု ပြန်​ဆို​လေ၏။

သင်​သည် ရေ​ခပ်​အ​မျိုး​သား​တို့​အိမ်​သို့​သွား၍၊ သူ​တို့​နှင့် နှုတ်​ဆက်​ပြီး​မှ၊ ဗိ​မာန်​တော် အ​ခန်း​တစ်​ခန်း​ထဲ​သို့ ခေါ်​သွင်း၍ စ​ပျစ်​ရည်​ကို တိုက်​ပေး​လော့​ဟု မိန့်​တော်​မူ​သည်​အ​တိုင်း၊

ဣ​သ​ရေ​လ​အ​မျိုး​သည် အ​သ​ရိမ်​လမ်း​ဖြင့် လာ​ကြ​သည်​သ​တင်း​ကို တောင်​မျက်​နှာ၌​နေ​သော ခါ​နာန်​အ​မျိုး အာ​ရဒ်​မင်း​ကြီး​ကြား​လျှင်၊ ဣ​သ​ရေ​လ​အ​မျိုး​ကို စစ်​တိုက်၍ လူ​အ​ချို့​တို့​ကို ဖမ်း​ဆီး​သိမ်း​သွား​လေ၏။

ထို​ကာ​လ​အ​ခါ ဗ​တ္တိ​ဇံ​ဆ​ရာ​ယော​ဟန်​သည် ပေါ်​ထွန်း​လျှင်၊ ကောင်း​ကင်​နိုင်​ငံ​တော်​သည် တည်​လု​နီး​ပြီ။-

တောင်​ပြည်​နှင့်​တ​ကွ ဇော​ရ​မြို့​တိုင်​အောင် စွန်​ပ​လွံ​မြို့​တည်း​ဟူ​သော ယေ​ရိ​ခေါ​မြို့​တည်​သော​ချိုင့်​နှင့် လွင်​ပြင်​တို့​ကို ပြ​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​က​လည်း၊ ငါ​သည် အာ​ဗြ​ဟံ၊ ဣ​ဇာက်၊ ယာ​ကုပ်​တို့​အား​ကျိန်​ဆို၍ သင်၏​အ​မျိုး​အ​နွယ်​အား​ငါ​ပေး​မည်​ဟု က​တိ​ထား​သော​ပြည်​ကို ကြည့်​လော့။ သင်​သည် ကိုယ်​မျက်​စိ​နှင့်​မြင်​ရ​သော​အ​ခွင့်​ကို ငါ​ပေး၏။ သို့​ရာ​တွင် ကူး၍​မ​သွား​ရ​ဟု မိန့်​တော်​မူ၏။

ဟော​မာ​မင်း​ကြီး​တစ်​ပါး၊ အာ​ရဒ်​မင်း​ကြီး​တစ်​ပါး၊

ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​သည် အ​ဆွေ​အ​မျိုး​အ​လိုက်​ရ​သော မြို့​များ​ဟူ​မူ​ကား၊ ယေ​ရိ​ခေါ​မြို့၊ ဗေ​သော​ဂ​လ​မြို့၊ ဧ​မ​က္ကေ​ဇဇ်​မြို့၊

သ​မီး​က၊ ကောင်း​ချီး​ပေး​စေ​ချင်​ပါ၏။ ကိုယ်​တော်​သည် တောင်​မျက်​နှာ​အ​ရပ်​ကို ပေး​ပါ​ပြီ။ စမ်း​ရေ​တွင်း​တို့​ကို​လည်း ပေး​တော်​မူ​ပါ​ဦး​ဟု တောင်း​သည်​အ​တိုင်း အ​ဘ​သည်​အ​ထက်​စမ်း​ရေ​တွင်း၊ အောက်​စမ်း​ရေ​တွင်း​တို့​ကို ပေး​လေ၏။

ထို​မင်း​သည် အ​မ္မုန်​အ​မျိုး​သား၊ အာ​မ​လက်​အ​မျိုး​သား​တို့​ကို စု​ဝေး​စေ​လျက်​ချီ​သွား၍၊ ဣ​သ​ရေ​လ​လူ​တို့​ကို လုပ်​ကြံ​ပြီး​မှ၊ စွန်​ပ​လွံ​မြို့​ကို သိမ်း​ယူ​သ​ဖြင့်၊

မော​ရှေ၏​ယော​က္ခ​မ ဟော​ဗတ်၏​သား​မြေး​အ​ဝင်၊ ကေ​နိ​အ​မျိုး​သား​ဟေ​ဗာ​သည်၊ ကေ​နိ​လူ​တို့​နှင့်​ခွာ၍ ကေ​ဒေ​ရှ​မြို့​အ​နား၊ ဇာ​နိမ်​သ​ပိတ်​ပင်​ခြေ​ရင်း၌ တဲ​ကို​ဆောက်​လျက် နေ​နှင့်​သ​တည်း။

သိ​သ​ရ​သည် ကေ​နိ​အ​မျိုး​သား ဟေ​ဗာ၏​မ​ယား ယေ​လ၏​တဲ​သို့ ခြေ​ဖြင့်​ပြေး၏။ ထို​ကာ​လ၌ ဟာ​ဇော်​ရှင်​ဘု​ရင်​ယာ​ဘိန်​သည် ဟေ​ဗာ​အ​မျိုး​သား​ချင်း ကေ​နိ​လူ​တို့​နှင့် မိတ်​သ​ဟာ​ယ​ဖွဲ့​လျက် ရှိ​သ​တည်း။

ကေ​နိ​လူ​တို့​ရှိ​ရာ​သို့ စေ​လွှတ်​လျက်၊ သင်​တို့​ကို အာ​မ​လက်​လူ​တို့​နှင့်​အ​တူ ငါ​ဖျက်​ဆီး​မည်​ဟု စိုး​ရိမ်​စ​ရာ​ရှိ​သော​ကြောင့်၊ သူ​တို့​အ​ထဲ​က ထွက်​သွား၍ နေ​ရာ​ပြောင်း​ကြ​လော့။ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် အဲ​ဂု​တ္တု​ပြည်​မှ ထွက်​လာ​သော​အ​ခါ သင်​တို့​သည် ကျေး​ဇူး​ပြု​ကြ​ပြီ​ဟု မှာ​လိုက်​သည်​အ​တိုင်း၊ ကေ​နိ​လူ​တို့​သည် အာ​မ​လက်​လူ​တို့​အ​ထဲ​က ထွက်​သွား​ကြ၏။

အာ​ခိတ်​မင်း​က၊ သင်​တို့​သည် ယ​နေ့ အ​ဘယ်​အ​ရပ်​သို့​သွား၍ တိုက်​သ​နည်း​ဟု မေး​သော်၊ ဒါ​ဝိဒ်​က၊ ယု​ဒ​ပြည်​တောင်​ဘက်၊ ယေ​ရ​မေ​လ​ပြည်​တောင်​ဘက်၊ ကေ​နိ​ပြည်​တောင်​ဘက်​သို့ သွား၍ တိုက်​ပါ​သည်​ဟု လျှောက်၏။

ရာ​ခ​လ​မြို့၊ ယေ​ရ​မေ​လ​လူ နေ​ရာ​မြို့​များ၊ ကေ​နိ​လူ နေ​ရာ​မြို့​များ၊




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ