Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သူ​ကြီး 1:1

Judson Bible

ယော​ရှု အ​နိ​စ္စ​ရောက်​သော​နောက်၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ခါ​န​နိ​လူ​တို့​ရှိ​ရာ​သို့ ရှေ့​ဦး​စွာ​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​ကြ​လျှင်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

17 ပူးပေါင်းရင်းမြစ်များ  

တစ်​ဖန် ယော​ရှ​ဖတ်​က၊ ထာ​ဝ​ရ​ဘု​ရား၏ နှုတ်​က​ပတ်​တော်​ကို ယ​နေ့​မေး​မြန်း​ပါ​လော့​ဟု ဣ​သ​ရေ​လ ရှင်​ဘု​ရင်​အား​ဆို​သော်၊

မော​ရှေ​က​လည်း၊ ဤ​သူ​တို့​သည် ဘု​ရား​သ​ခင်၏​အ​ယူ​တော်​ကို​ခံ​လို၍ ကျွန်ုပ်​ထံ​သို့​လာ​သော​ကြောင့် ဤ​သို့​ဖြစ်​၏။

ဗျာ​ဒိတ်​ရင်​ဖုံး​အ​ထဲ၌ ဥ​ရိမ်​နှင့် သု​မိမ်​ကို​သွင်း​ထား​ရ​မည်။ အာ​ရုန်​သည် ထာ​ဝ​ရ​ဘု​ရား ရှေ့​တော်​သို့​ဝင်​သော​အ​ခါ မိ​မိ​နှ​လုံး​အ​ပေါ်​မှာ ဥ​ရိမ်​နှင့် သု​မိမ်​ပါ​သည်​ဖြစ်၍၊ ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​အ​မှု၌ စီ​ရင်​တော်​မူ​ချက်​ကို ထာ​ဝ​ရ​ဘု​ရား​ရှေ့၊ မိ​မိ​နှ​လုံး​ပေါ်​မှာ​ဆောင်​ရ​မည်။

ထို​သူ​သည် ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့​မှာ ရပ်​သော​အ​ခါ၊ ယဇ်​ပု​ရော​ဟိတ်​သည် ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ဥ​ရိမ်​စီ​ရင်​ဆုံး​ဖြတ်​သော တ​ရား​အ​တိုင်း၊ သူ့​အ​တွက်​မေး​မြန်း​ရ​မည်။ သူ​စီ​ရင်​သည်​အ​တိုင်း၊ သူ​နှင့်​အ​တူ ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထွက်​ဝင်​ရ​ကြ​မည်​ဟု ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း မော​ရှေ​ပြု​လျက်၊ ယော​ရှု​ကို​ခေါ်၍ ယဇ်​ပု​ရော​ဟိတ်​ဧ​လာ​ဇာ​ရှေ့၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​ရှေ့၌ ထား​ပြီး​လျှင်၊

မ​နာ​ရှေ​အ​မျိုး​သည်၊ ဗက်​ရှန်​မြို့​ရွာ​များ၊ တာ​နက်​မြို့​ရွာ​များ၊ ဒေါ​ရ​မြို့​ရွာ​များ၊ ဣ​ဗ​လံ​မြို့​ရွာ​များ၊ မေ​ဂိ​ဒ္ဒေါ​မြို့​ရွာ​များ၌​နေ​သော​သူ​တို့​ကို မ​နှင်​ထုတ်​ဘဲ၊ ခါ​န​နိ​လူ​တို့​သည် အ​နိုင်​နေ​ကြ၏။

ယော​ရှု​သေ​သော​နောက် ကျန်​ကြွင်း​ရစ်​သော လူ​မျိုး​တစ်​စုံ​တစ်​မျိုး​ကို သူ​တို့​ရှေ့​မှ နောက်​တစ်​ဖန် ငါ​မ​နှင်​ထုတ်။

ထာ​ဝ​ရ​ဘု​ရား၏​ကျွန်၊ နုန်၏​သား​ယော​ရှု​သည် အ​သက်​တစ်​ရာ​တစ်​ဆယ်​ရှိ​သော် အ​နိ​စ္စ​ရောက်​လေ၏။

ဧ​ဖ​ရိမ်​တောင်​ပေါ်၊ ဂါ​ရှ​ကုန်း​မြောက်​မှာ​ရှိ​သော သူ၏​အ​မွေ​ခံ​ရာ တိ​မ​နဿေ​ရ​မြို့​နယ်​မြေ၌ သင်္ဂြိုဟ်​ကြ၏။

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​သည် ဘု​ရား​သ​ခင်၏​အိမ်​တော်​သို့ ထ၍ သွား​ပြီး​လျှင်၊ အ​ကျွန်ုပ်​တို့​တွင် အ​ဘယ်​သူ​သည် ဗင်္ယာ​မိန်​အ​မျိုး​ကို အ​ဦး​ချီ​သွား​ရ​ပါ​မည်​နည်း​ဟု ဘု​ရား​သ​ခင်​ထံ​တော်၌ မေး​လျှောက်​ကြ​သော်၊ ထာ​ဝ​ရ​ဘု​ရား​က၊ ယု​ဒ​သည် အ​ဦး​ချီ​သွား​ရ​မည်​ဟု မိန့်​တော်​မူ၏။

ထာ​ဝ​ရ​ဘု​ရား​ထံ​တော်​သို့ သွား၍ ညဉ့်​ဦး​ယံ​တိုင်​အောင် ငို​ကြွေး​လျက်၊ အ​ကျွန်ုပ်​တို့​ညီ ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန် စစ်​တိုက်​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က ချီ​သွား​ကြ​လော့​ဟု မိန့်​တော်​မူ၏။

ထို​ကာ​လ၌ ဘု​ရား​သ​ခင်၏​ပ​ဋိ​ညာဉ်​သေ​တ္တာ​တော်​ပါ​လျက်၊ အာ​ရုန်၏​သား​ဖြစ်​သော ဧ​လာ​ဇာ၏​သား ဖိ​န​ဟတ်​သည်၊ သေ​တ္တာ​တော်​ရှေ့​မှာ အ​မှု​စောင့်​သည်​ဖြစ်၍၊

ဣ​သ​ရေ​လ​အ​မျိုး​သား​တို့​က၊ အ​ကျွန်ုပ်​တို့ ညီ​ဗင်္ယာ​မိန်​အ​မျိုး​သား​တို့​ကို တစ်​ဖန်​သွား၍ တိုက်​ရ​ပါ​မည်​လော၊ မ​သွား​ဘဲ​နေ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​သော်၊ ထာ​ဝ​ရ​ဘု​ရား​က သွား​ကြ​လော့။ နက်​ဖြန်​နေ့​တွင် သူ​တို့​ကို သင်​တို့​လက်၌ ငါ​အပ်​မည်​ဟု မိန့်​တော်​မူ၏။

ထို​သူ​သည် လာ​ရ​ပါ​မည်​လော​ဟု ထာ​ဝ​ရ​ဘု​ရား​အား မေး​လျှောက်​လျှင်၊ ထာ​ဝ​ရ​ဘု​ရား​က၊ လှည်း​များ အ​စ​ရှိ​သည်​တို့၌ ပုန်း၍​နေ​သည်​ဟု မိန့်​တော်​မူ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ