Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



သုတ္တံကျမ်း။ 31:26

Judson Bible

ပ​ညာ​စ​ကား​ကို​ပြော​တတ်၍၊ မေ​တ္တာ​တ​ရား​အား​ဖြင့် နှုတ်​မြွက်​တတ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

28 ပူးပေါင်းရင်းမြစ်များ  

မော်​ဒ​ကဲ​အ​မှု​ကို ဧ​သ​တာ၏​ကျွန်​မ​တို့​နှင့် မိန်း​မ​စိုး​တို့​သည် ကြား​ပြော​သော​အ​ခါ၊ မိ​ဖု​ရား​သည် အ​လွန်​ဝမ်း​နည်း​လျက်၊ မော်​ဒ​ကဲ​ဝတ်​သော လျှော်​တေ​ကို​ပယ်၍ အ​ခြား​သော​အ​ဝတ်​ကို ဝတ်​စေ​ခြင်း​ငှာ ပေး​လိုက်​သော်​လည်း၊ မော်​ဒ​ကဲ​သည် မ​ခံ​မ​ယူ​ဘဲ​နေ၏။

ကျွန်​တော်​မ​ကို အ​ရှင်​မင်း​ကြီး၏​စိတ်​နှင့် တွေ့​တော်​မူ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​အ​လို​ရှိ၍ ကျွန်​တော်​မ​တောင်း​ချင်​သော​ဆု​ကို ပေး​သ​နား​ခြင်း​ငှာ အ​ရှင်​မင်း​ကြီး အ​လို​တော်​ရှိ​လျှင်​လည်း​ကောင်း၊ ကျွန်​တော်​မ​ပြင်​ဆင်​သော​ပွဲ​သို့ အ​ရှင်​မင်း​ကြီး​သည် ဟာ​မန်​နှင့်​တ​ကွ တစ်​ဖန်​ကြွ​တော်​မူ​ပါ။ အ​မိန့်​တော်​ရှိ​သည်​အ​တိုင်း နက်​ဖြန်​နေ့၌ ကျွန်​တော်​မ​ပြု​ပါ​မည်​ဟု ပြန်​လျှောက်​လေ၏။

ဖြောင့်​မတ်​သော​သူ၏​နှုတ်​မှ ပ​ညာ​စ​ကား ထွက်​တတ်၏။ ကောက်​လိမ်​သော​လျှာ​မူ​ကား၊ အ​ဖြတ်​ခံ​ရ​လိမ့်​မည်။

သန်​လျက်​နှင့်​ထိုး​သ​ကဲ့​သို့ စ​ကား​ပြော​တတ်​သော လူ​တစ်​ချို့​ရှိ၏။ ပ​ညာ​ရှိ​တို့၏​လျှာ​မူ​ကား အ​နာ​ကို​ပင် ပျောက်​စေ​တတ်၏။

သာ​ယာ​သော​စ​ကား​တို့​သည် ပျား​လ​ပို့​ကဲ့​သို့​ဖြစ်၍၊ စိတ်​ဝိ​ညာဉ်၌ ချို​မြိန်​လျက်၊ ကိုယ်​အ​ရိုး​ကို ကျန်း​မာ​စေ​လျက်​ရှိ​ကြ၏။

အိမ်​နှင့်​စည်း​စိမ်​သည် မိ​ဘ​အ​မွေ​ဥ​စ္စာ ဖြစ်၏။ သ​မ္မာ​သ​တိ​ရှိ​သော မ​ယား​မူ​ကား၊ ထာ​ဝ​ရ​ဘု​ရား ပေး​သ​နား​တော်​မူ​ရာ​ဖြစ်၏။

ကြာ​မြင့်​စွာ​သည်း​ခံ​လျှင် မင်း​ကို​ဖျောင်း​ဖျ​နိုင်၏။ ချို​သော​စ​ကား​သည်​လည်း အ​ရိုး​ကျိုး​အောင်​တတ်​နိုင်၏။

အိမ်​သူ​အိမ်​သား ပြု​မူ​သ​မျှ​တို့​ကို ကြည့်​ရှု​တတ်၏။ ပျင်း​ရိ​ခြင်း​အ​စာ​ကို မ​စား​တတ်၊

တောင်​ပေါ်၌ ခို​လှုံ​ရာ​ကျောက်​ကြား​တွင်​ရှိ​သော ငါ၏​ချိုး​ငှက်၊ သင်၏​မျက်​နှာ​ကို​မြင်​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​ကို ကြား​ပါ​ရ​စေ။ သင်၏​စ​ကား​သံ​သည် ချို၏။ သင်၏​မျက်​နှာ​လည်း လှ၏။

ငါ့​ခင်​ပွန်း၊ သင်၏​နှုတ်​ခမ်း​သည် ပျား​လ​ပို့​ကဲ့​သို့​ယို​တတ်၏။ လျှာ​အောက်​မှာ နို့​နှင့် ပျား​ရည်​ရှိ၏။ အ​ဝတ်​တန်​ဆာ​သည်​လည်း လေ​ဗ​နုန်​အ​မွှေး​အ​ကြိုင်​ကဲ့​သို့ မွှေး​ကြိုင်​လျက်​ရှိ၏။

ထို​အ​မျိုး​သည် သ​စ္စာ​တ​ရား​စ​ကား​ကို ပြော​တတ်၏။ သူ့​နှုတ်၌ အ​ပြစ်​ကို ရှာ၍​မ​တွေ့။ ငြိမ်​ဝပ်​ခြင်း​တ​ရား၊ ဖြောင့်​မတ်​ခြင်း​တ​ရား အ​တိုင်း ငါ​နှင့်​အ​တူ​သွား​လာ၍၊ များ​စွာ​သော သူ​တို့​ကို ဒု​စ​ရိုက်​အ​ပြစ်​မှ​လွှဲ​ရှောင်​စေ​တတ်၏။

မာ​ရိ​က၊ အ​ကျွန်ုပ်​သည် ထာ​ဝ​ရ​ဘု​ရား၏ ကျွန်​မ​ဖြစ်​ပါ၏၊ ကိုယ်​တော်၏​စ​ကား​အ​တိုင်း အ​ကျွန်ုပ်၌ ဖြစ်​ပါ​စေ​သော​ဟု ဝန်​ခံ​ပြီး​မှ၊ ကောင်း​ကင်​တ​မန်​သည် မာ​ရိ​ထံ​မှ​သွား​လေ၏။

ထို​သူ​သည် တ​ရား​ဇ​ရပ်၌ ရဲ​ရင့်​စွာ ဟော​ပြော​စ​ပြု​သ​ဖြင့်၊ အာ​ကု​လ​နှင့် ပြစ်​ကိ​လ​တို့​သည် သူ၏​စ​ကား​ကို ကြား​သော​အ​ခါ၊ သူ့​ကို​ယူ၍ ဘု​ရား​သ​ခင်၏ ဘာ​သာ​တ​ရား​ကို သာ၍ သေ​ချာ​စွာ သင်​ကြား​ကြ၏။-

လွှတ်​တော်၌ ထိုင်​လျက်​ရှိ​သော​သူ အ​ပေါင်း​တို့​သည် သ​တေ​ဖန်​ကို​စေ့​စေ့​ကြည့်​ရှု​လျှင်၊ သူ၏​မျက်​နှာ​သည် ကောင်း​ကင်​တ​မန်၏​မျက်​နှာ​ကဲ့​သို့ ဖြစ်​သည်​ဟု ထင်​မှတ်​ကြ၏။

ညစ်​ညူး​သော စ​ကား​တစ်​ခွန်း​ကို​မျှ သင်​တို့​နှုတ်​ထဲ​က မ​ထွက်​စေ​နှင့်။ ကြား​နာ​သော သူ​တို့၏​အ​ကျိုး​ကို ပြု​စု​စေ​ခြင်း​ငှာ၊ တည်​ဆောက်​စ​ရာ​ဖို့ ကောင်း​သော​စ​ကား​ကို​သာ သုံး​ဆောင်​ကြ​လော့။-

ပြင်​ပ​လူ​တို့၏ မျက်​နှာ​ကို​ထောက်​လျက်၊ ပ​ညာ​နှင့် ကျင့်​ဆောင်၍ ကာ​လ​အ​ချိန်​ကို ရွေး​နုတ်​ကြ​လော့။-

အ​ထက်​ဆို​ခဲ့​ပြီး​သည်​နည်း​တူ မိန်း​မ​တို့၊ ကိုယ်​ခင်​ပွန်း၏ အုပ်​စိုး​ခြင်း​ကို ဝန်​ခံ​ကြ​လော့။-

မ​ယား​က၊ ထာ​ဝ​ရ​ဘု​ရား​သည် ငါ​တို့​ကို​သတ်​ခြင်း​ငှာ အ​လို​တော်​ရှိ​လျှင်၊ မီး​ရှို့​ရာ​ယဇ်​နှင့် ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ငါ​တို့​လက်​မှ ခံ​ယူ​တော်​မ​မူ။ ဤ​အ​ခြင်း​အ​ရာ​အ​လုံး​စုံ​တို့​ကို​လည်း ပြ​တော်​မ​မူ။ ယ​ခု​အ​ခါ၌ ဤ​သို့​သော စ​ကား​ကို​လည်း မိန့်​တော်​မ​မူ​ဟု ပြန်​ပြော၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ