အဓမ္မလူပြစ်မှားရာ၌ ကျော့ကွင်းထောင်လျက်ရှိ၏။ ဖြောင့်မတ်သောသူမူကား၊ ရွှင်လန်းစွာ သီချင်းဆိုတတ်၏။
မတရားသောသူတို့အပေါ်မှာ တောက်သောမီးခဲ၊ ကန့်နှင့်ရောသောမီးလျှံ၊ ပူလောင်သော မုန်တိုင်းကိုသက်ရောက်စေ၍၊ သူတို့သောက်စရာဖို့ စီရင်တော်မူမည်။
ဖြောင့်မတ်သော သူတို့၏နေရာ၌ ဝမ်းမြောက်ခြင်းအသံနှင့် ကယ်တင်ခြင်းအသံရှိ၏။ ထာဝရဘုရား၏ လက်ယာလက်တော်သည် ကြီးသောအမှုကိုပြု၏။
သူ၏ ယဇ်ပုရောဟိတ်တို့ကို ကယ်တင်ခြင်းတန်ဆာကို ဆင်စေသဖြင့်၊ သူ၌သန့်ရှင်းသူတို့သည် ရွှင်လန်းသောသီချင်းကို ရွှင်လန်းစွာ ဆိုရကြလိမ့်မည်။
အလင်းသည် တရားသောသူအဖို့၊ ဝမ်းမြောက်ခြင်းသည် သဘောဖြောင့်သော သူတို့အဖို့ ပျိုးကြဲလျက်ရှိ၏။
ထိုအခါ မောရှေနှင့် ဣသရေလအမျိုးသားတို့သည်၊ ထာဝရဘုရားအား သီချင်းဆိုသော စကားဟူမူကား၊ ထာဝရဘုရားသည်ဘုန်းပွင့်လျက် အောင်ပွဲခံတော်မူသည်ဖြစ်၍၊ ကိုယ်တော်အားသီချင်းဆိုပါအံ့။ မြင်းနှင့် မြင်းစီးသူရဲကို ပင်လယ်ထဲသို့လှဲချတော်မူပြီ။
ဖြောင့်မတ်သောသူ၏မျှော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏မျှော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။
စကားလွန်ကျူးရာတွင် ဆိုးသောကျော့ကွင်းရှိ၏။ ဖြောင့်မတ်သောသူမူကား၊ အမှုထဲက ထမြောက်တတ်၏။
သဘောကောက်သောလူသွားရာလမ်း၌၊ ဆူးပင်များနှင့် ကျော့ကွင်းများ ရှိတတ်၏။ မိမိစိတ်ဝိညာဉ်ကို စောင့်ရှောက်သောသူမူကား ဝေးစွာရှောင်သွားလိမ့်မည်။
အဓမ္မလူသည် မိမိပြုသော ဒုစရိုက်အပြစ်ဖြင့်ဖမ်းမိခြင်း၊ မိမိအပြစ်ကြိုးတို့ဖြင့် ချည်နှောင်ခြင်းကိုခံရလိမ့်မည်။
လူသည် မိမိကာလအချိန်ကို မသိတတ်။ ဘေးပြုရာ ပိုက်ကွန်အုပ်မိသောငါးကဲ့သို့လည်းကောင်း၊ ကျော့ကွင်း၌ ကျော့မိသောငှက်ကဲ့သို့လည်းကောင်း၊ လူသားတို့သည် ဘေးပြုရာကာလထဲသို့ အမှတ်တမဲ့ရောက်၍ ကျော့မိတတ်ကြ၏။
မာရ်နတ်၏ အလိုအတိုင်း ဖမ်းမိသောထိုသူတို့သည် သတိရ၍၊ ထိုဖမ်းမိရာမှ လွတ်ခြင်းသို့ ရောက်ကောင်း ရောက်ကြလိမ့်မည်။
ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ်သည်ဟု သိမှတ်လျက်၊ အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသောအခါ၊ ဝမ်းမြောက်စရာအကြောင်း သက်သက်ဖြစ်သည်ဟု မှတ်ကြလော့။-
ထိုသခင်ကို သင်တို့သည် မမြင်ဖူးသော်လည်း ချစ်ကြ၏။ ယခုမှာလည်း မမြင်ဘဲလျက်၊ ယုံကြည်သောအားဖြင့် ဘုန်းအသရေနှင့် စပ်ဆိုင်သော၊ ပြော၍မမီနိုင်သော ရွှင်လန်းခြင်းစိတ်နှင့် ဝမ်းမြောက်ကြသည်ဖြစ်၍၊-
သင်တို့၏ ဝမ်းမြောက်စရာအကြောင်း စုံလင်စေခြင်းငှာလည်း၊ ဤအရာများကို ငါတို့သည် ရေးလိုက်ကြ၏။
ဣသရေလလူတို့သည် လှည့်၍ပြန်သောအခါ၊ ဗင်္ယာမိန်လူတို့သည် ဘေးရောက်ကြောင်းကို သိမြင်လျှင်၊