အပြစ်မရှိဟုဆိုလျက်၊ မိဘဥစ္စာကိုလုယူသောသူသည် ဖျက်ဆီးသောသူ၏ အပေါင်းအဖော်ဖြစ်၏။
အကျွန်ုပ်အရိုး ရှိသမျှတို့ကလည်း၊ အိုထာဝရဘုရား၊ အစိုးတရပြုသောသူ၏လက်မှ ဆင်းရဲသားကို နုတ်တော်မူ၍၊ လုယူဖျက်ဆီးတတ်သောသူ၏လက်၌ ဆင်းရဲငတ်မွတ်လျက် ခံနေရသောသူကို ချမ်းသာပေးတော်မူတတ်သော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်းဟု လျှောက်ဆိုကြမည်။
ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏။
အလုပ်လုပ်သောအခါ ပျင်းရိသောသူသည်၊ မိမိဥစ္စာကို အချည်းနှီးကုန်စေသောသူနှင့် ညီအစ်ကိုတော်ပေ၏။
အဘဥစ္စာကိုဖြုန်း၍ အမိကို နှင်ထုတ်သောသားသည် အရှက်ခွဲသောသား၊ ကဲ့ရဲ့ခြင်းကို ခံစေသောသားဖြစ်၏။
ကရုဏာမျက်စိရှိသောသူသည် ဆင်းရဲသောသူတို့ကို ကျွေးသောကြောင့် မင်္ဂလာရှိလိမ့်မည်။
တရားကိုစောင့်သောသူသည် ပညာရှိသောသားဖြစ်၏။ စားကြူးသောသူတို့နှင့် ပေါင်းဖော်သောသူမူကား၊ မိမိအဘကို အရှက်ခွဲတတ်၏။
သူသည် အမိအား၊ အိုအမေ၊ ပျောက်သောငွေ၊ အကျွန်ုပ်ရှေ့မှာ ကျိန်ဆဲသောစကားကိုပြောသော ငွေဆယ်တစ်ပိဿာသည် အကျွန်ုပ်၌ ရှိပါ၏။ အကျွန်ုပ်ယူမိပြီဟု ဆိုသော်၊ အမိက၊ ငါ့သား၊ ထာဝရဘုရား ကောင်းချီးပေးတော်မူပါစေသောဟု ဆို၏။