Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 9:5

Judson Bible

မော​ရှေ​မှာ​ထား​သော​အ​ရာ​တို့​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ရှေ့​သို့ ဆောင်​ခဲ့​ပြီး​မှ၊ ပ​ရိ​သတ်​အ​ပေါင်း​တို့​သည်​ချဉ်း​ကပ်၍ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ရပ်​နေ​ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

7 ပူးပေါင်းရင်းမြစ်များ  

ထာ​ဝ​ရ​ဘု​ရား၏ သေ​တ္တာ​တော်​အ​ဖို့ ပြင်​ဆင်​သော အ​ရပ်​ဌာ​န​သို့ ဆောင်​ခဲ့​ခြင်း​ငှာ ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ကို ယေ​ရု​ရှ​လင်​မြို့၌ စု​ဝေး​စေ​သော​အ​ခါ၊

သ​တ္တ​မ​လ​ရောက်​မှ၊ မြို့​ရွာ​အ​ရပ်​ရပ်၌​နေ​သော ဣ​သ​ရေ​လ​အ​မျိုး​သား လူ​အ​ပေါင်း​တို့​သည် လာ၍ ရေ​တံ​ခါး​လမ်း​တွင် စည်း​ဝေး​ကြ၏။ ဣ​သ​ရေ​လ​အ​မျိုး၌ ထာ​ဝ​ရ​ဘု​ရား​ထား​တော်​မူ​သော မော​ရှေ​ပ​ည​တ္တိ​ကျမ်း​စာ​ကို ဆောင်​ခဲ့​ပါ​ဟု ကျမ်း​တတ်​ဆ​ရာ​ဧ​ဇ​ရ​ကို တောင်း​သည်​အ​တိုင်း၊

မော​ရှေ​သည်​လည်း ဘု​ရား​သ​ခင်​နှင့်​တွေ့​စေ​ခြင်း​ငှာ၊ လူ​များ​တို့​ကို တပ်​ထဲ​က​ဆောင်​ခဲ့​သ​ဖြင့်၊ သူ​တို့​သည် တောင်​ခြေ​ရင်း​အောက်၌ ရပ်​နေ​ကြ​၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပူ​ဇော်​သော​မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ ဆီ​နှင့်​ရော​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ယူ​ကြ​လော့။ ယ​နေ့​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ထင်​ရှား​တော်​မူ​မည်​ကို ပြော​လော့​ဟု​ဆို​လေ၏။

မော​ရှေ​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ဤ​သို့​ပြု​ကြ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သင်​တို့​အား​ထင်​ရှား​မည်​ဟူ၍​လည်း​ကောင်း၊

ယောက်ျား၊ မိန်း​မ၊ သူ​ငယ်​များ၊ တည်း​ခို​သော တစ်​ပါး​အ​မျိုး​သား​များ​တို့​သည် ကြား၍ နား​လည်​သ​ဖြင့်၊ သင်​တို့၏ ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​ကို ကြောက်​ရွံ့၍၊ ဤ​ပ​ညတ်​တ​ရား စ​ကား​အ​လုံး​စုံ​တို့​ကို စောင့်​ရှောက်​စေ​ခြင်း​ငှာ ပ​ရိ​သတ်​တို့​ကို စု​ဝေး​စေ​ကြ​လော့။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ