Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 9:23

Judson Bible

တစ်​ဖန် မော​ရှေ​နှင့်​အာ​ရုန်​တို့​သည် ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​ထဲ​သို့​ဝင်၍ ထွက်​ပြီး​မှ၊ လူ​များ​ကို​ကောင်း​ချီး​ပေး​သ​ဖြင့်၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် လူ​များ​တို့​အား​ထင်​ရှား​လေ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

10 ပူးပေါင်းရင်းမြစ်များ  

ထို​သို့ ရှော​လ​မုန်​သည် ပ​တ္ထ​နာ​ပြု၍ ပြီး​သော​အ​ခါ၊ ကောင်း​ကင်​က​မီး​ကျ၍ မီး​ရှို့​ရာ​ယဇ်​အ​စ​ရှိ​သော ယဇ်​မျိုး​ကို လောင်​သ​ဖြင့်၊ အိမ်​တော်​သည် ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​နှင့်​ပြည့်၏။

အာ​ရုန်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား ပ​ရိ​သတ်​အ​ပေါင်း​တို့​အား ဆင့်​ဆို​သော​အ​ခါ၊ သူ​တို့​သည် တော​သို့​မျှော်​ကြည့်၍၊ မိုး​တိမ်၌​ထင်​ရှား​သော ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​ကို မြင်​ရ​ကြ၏။

ထာ​ဝ​ရ​ဘု​ရား မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ အ​လုပ်​ရှိ​သ​မျှ​ကို ပြီး​စီး​စေ​ခြင်း​ငှာ၊ လုပ်​ကြောင်း​ကို မော​ရှေ​သိ​မြင်​သော​အ​ခါ၊ သူ​တို့​ကို ကောင်း​ချီး​ပေး​လေ၏။

ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ ပူ​ဇော်​သော​မိတ်​သ​ဟာ​ယ​ယဇ်​ဖို့ နွား​ထီး​တစ်​ကောင်၊ သိုး​ထီး​တစ်​ကောင်၊ ဆီ​နှင့်​ရော​သော ဘော​ဇဉ်​ပူ​ဇော်​သ​ကာ​ကို ယူ​ကြ​လော့။ ယ​နေ့​ထာ​ဝ​ရ​ဘု​ရား​သည် သင်​တို့​အား​ထင်​ရှား​တော်​မူ​မည်​ကို ပြော​လော့​ဟု​ဆို​လေ၏။

မော​ရှေ​က​လည်း၊ သင်​တို့​သည် ထာ​ဝ​ရ​ဘု​ရား​မိန့်​တော်​မူ​သည်​အ​တိုင်း ဤ​သို့​ပြု​ကြ၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် သင်​တို့​အား​ထင်​ရှား​မည်​ဟူ၍​လည်း​ကောင်း၊

ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် ထို​သူ​နှစ်​ယောက်​ကို ကျောက်​ခဲ​နှင့်​ပစ်​စေ​ခြင်း​ငှာ စီ​ရင်​ကြ၏။ ထို​အ​ခါ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ဣ​သ​ရေ​လ​အ​မျိုး​သား​အ​ပေါင်း​တို့​ရှေ့​မှာ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်၌ ထင်​ရှား​လေ၏။

ကော​ရ​သည်​လည်း၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​ဝ၌ ပ​ရိ​သတ်​အ​ပေါင်း​တို့​ကို မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌​စု​ဝေး​စေ​ပြီး​မှ၊ ထာ​ဝ​ရ​ဘု​ရား၏ ဘုန်း​တော်​သည် ပ​ရိ​သတ်​အ​ပေါင်း​တို့၌ ထင်​ရှား​လေ၏။

ပ​ရိ​သတ်​အ​ပေါင်း​တို့​သည် မော​ရှေ​နှင့် အာ​ရုန်​တစ်​ဖက်၌ စု​ဝေး​ကြ​သော​အ​ခါ၊ ပ​ရိ​သတ်​စည်း​ဝေး​ရာ​တဲ​တော်​သို့ မျှော်​ကြည့်၍၊ မိုး​တိမ်​သည် တဲ​တော်​ကို​လွှမ်း​မိုး၍၊ ထာ​ဝ​ရ​ဘု​ရား၏​ဘုန်း​တော်​သည် ထင်​ရှား​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ