Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 9:10

Judson Bible

အ​ပြစ်​ဖြေ​ရာ​ယဇ်​ကောင်​ဆီ​ဥ၊ ကျောက်​ကပ်၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး​ကို ယဇ်​ပ​လ္လင်​ပေါ်​မှာ​မီး​ရှို့​လေ၏။ ထို​သို့​ထာ​ဝ​ရ​ဘု​ရား​သည် မော​ရှေ​အား​မှာ ထား​တော်​မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

13 ပူးပေါင်းရင်းမြစ်များ  

ဘု​ရား​သ​ခင်​နှစ်​သက်​တော်​မူ​သော ယဇ်​မူ​ကား၊ ကျိုး​ပဲ့​သော​စိတ်​ပေ​တည်း။ အို​ဘု​ရား​သ​ခင်၊ ကိုယ်​တော်​သည် ကျိုး​ပဲ့​ကြေ​မွ​သော​နှ​လုံး​ကို ငြင်း​ပယ်​တော်​မ​မူ​တတ်​ပါ။

အ​အူ​ကို​ဖုံး​သော​ဆီ​ဥ​ရှိ​သ​မျှ၊ အ​သည်း​ပေါ်၌​ရှိ​သော​အ​မြှေး၊ ကျောက်​ကပ်​နှစ်​ခု​နှင့် ကျောက်​ကပ်​ဆီ​ဥ​ကို​ယူ၍ ယဇ်​ပ​လ္လင်​ပေါ်​မှာ မီး​ရှို့​ရ​မည်။

ငါ့​သား၊ သင့်​နှ​လုံး​ကို ငါ့​အား​ပေး​လော့။ သင့်​မျက်​စိ​တို့​သည် ငါ​သွား​သော​လမ်း​ကို ကြည့်​မှတ်​ပါ​စေ။

ထာ​ဝ​ရ​ဘု​ရား​သည် သူ့​ကို​နှိပ်​စက်​ခြင်း​ငှာ အ​လို​တော်​ရှိ၍ နာ​စေ​တော်​မူ၏။ သူ​သည် အ​ပြစ်​ဖြေ​သော​ယဇ်​ကို ပူ​ဇော်​ပြီး​မှ၊ အ​မျိုး​အ​နွယ်​တော်​ကို မြင်​ရ​လိမ့်​မည်။ အ​သက်​တော်​လည်း​ရှည်​လိမ့်​မည်။ ထာ​ဝ​ရ​ဘု​ရား၏​အ​ကြံ​တော်​သည်​လည်း သူ၏​လက်၌ ပြည့်​စုံ​ခြင်း​သို့ ရောက်​လိမ့်​မည်။

အ​ကြောင်း​မူ​ကား၊ သန့်​ရှင်း​ခြင်း​ဟု နာ​မ​ရှိ​တော်​မူ​ထ​သော၊ အ​န​န္တ​ကာ​လ​တည်း​ဟူ​သော ဘုံ​ဗိ​မာန်၌ စံ​တော်​မူ​ထ​သော၊ အထွတ်​အ​မြတ် ဖြစ်​တော်​မူ​သော​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ ငါ​သည် မြင့်​မြတ်​သန့်​ရှင်း​သော အ​ရပ်၌​နေ၏။ စိတ်​နှိမ့်​ချ​သော​သူ​နှင့်၊ နှ​လုံး​ကြေ​ကွဲ​သော သူ​တို့၏​စိတ်​ဝိ​ညာဉ်​အ​သက်​ရှင်​စေ​ခြင်း​ငှာ၊ ကြေ​ကွဲ​နှိမ့်​ချ​သော စိတ်​သ​ဘော​ရှိ​သော​သူ​တို့၌​လည်း ငါ​နေ၏။

ဤ​အ​ရာ​အ​လုံး​စုံ​တို့​သည် ငါ့​ကိုယ်​တိုင် ဖန်​ဆင်း​သော​ကြောင့် ဖြစ်​ကြ၏။ စိတ်​နှိမ့်​ချ​ခြင်း၊ နှ​လုံး​ကြေ​ကွဲ​ခြင်း၊ ငါ့​စ​ကား​ကြောင့် တုန်​လှုပ်​ခြင်း​ရှိ​သော​သူ​ကို​သာ ငါ​ကြည့်​ရှု​မည်။

အ​သား​နှင့်​အ​ရေ​ကို တပ်​ပြင်​မှာ​မီး​ရှို့​လေ၏။

သူ၏​သား​တို့​လည်း အ​သွေး​ကို​ယူ​ဆောင်​ခဲ့​သ​ဖြင့်၊ အာ​ရုန်​သည် မိ​မိ​လက်​ညှိုး​ကို အ​သွေး၌​နှစ်၍ ယဇ်​ပ​လ္လင်​ဦး​ချို​တို့၌​ထည့်​ပြီး​မှ၊ ကြွင်း​သော​အ​သွေး​ကို ယဇ်​ပ​လ္လင်​ခြေ​ရင်း​နား၌ သွန်​လေ၏။




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ