Biblia Todo Logo
ပူးပေါင်းရင်းမြစ်များ

- ကြော်ငြာတွေ -



ဝတ်​ပြု 8:31

Judson Bible

မော​ရှေ​သည်၊ အာ​ရုန်​နှင့် သူ၏​သား​တို့​အား​လည်း၊ ထို​သိုး၏​အ​သား​ကို ပ​ရိ​သတ်​စည်း​ဝေး​ရာ တဲ​တော်​တံ​ခါး​နား​မှာ​ပြုတ်​ကြ​လော့။ ထာ​ဝ​ရ​ဘု​ရား​က၊ အာ​ရုန်​နှင့် သူ၏​သား​တို့​သည် ထို​အ​သား​ကို​စား​ရ​ကြ​မည်​ဟု ငါ့​အား​မှာ​ထား​တော်​မူ​သည်​အ​တိုင်း၊ ထို​အ​သား​ကို​လည်း​ကောင်း၊ အ​ရာ၌​ခန့်​ထား​ရာ မုန့်​တောင်း၌​ရှိ​သော​မုန့်​ကို​လည်း​ကောင်း၊ ထို​အ​ရပ်၌ စား​ကြ​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

12 ပူးပေါင်းရင်းမြစ်များ  

အ​ပြစ်​ဖြေ​ရာ​ယဇ်​သား​သည် အ​လွန်​သန့်​ရှင်း၏။ သင်​တို့​သည် ပ​ရိ​သတ်​တို့​အ​ပြစ်​ကို​ခံ၍၊ ထာ​ဝ​ရ​ဘု​ရား​ရှေ့​တော်၌ သူ​တို့​အ​ဖို့ အ​ပြစ်​ဖြေ​ခြင်း​ကို​ပြု​စေ​ခြင်း​ငှာ ထို​ယဇ်​သား​ကို​ပေး​တော်​မူ​သည်​ဖြစ်၍၊ သန့်​ရှင်း​ရာ​ဌာ​န​တော်၌ အ​ဘယ်​ကြောင့်​မ​စား​သ​နည်း။

ထို​အ​သား​ပြုတ်​သော မြေ​အိုး​ကို​ခွဲ​ရ​မည်။ ကြေး​ဝါ​အိုး​ဖြစ်​လျှင် ပွတ်၍​ရေ​နှင့်​ဆေး​ရ​မည်။

ကျေး​ဇူး​တော်​ဝန်​ခံ​ဖို့​ရာ ပူ​ဇော်​သော မိတ်​သ​ဟာ​ယ​ယဇ်​အ​သား​ကို၊ ပူ​ဇော်​သော​နေ့​ချင်း​တွင်​စား​ရ​မည်။ နံ​နက်​တိုင်​အောင် မ​ကြွင်း​စေ​ရ။

ဘု​ရား​သ​ခင်၏​မုန့်​မူ​ကား၊ ကောင်း​ကင်​မှ​ဆင်း​သက်၍ လော​ကီ​သား​တို့​အား အ​သက်​ကို​ပေး​သော​မုန့်​ပေ​တည်း​ဟု မိန့်​တော်​မူ​လျှင်၊-

ယေ​ရှု​က​လည်း၊ ငါ​သည် အ​သက်​မုန့်​ဖြစ်၏။ ငါ့​ထံ​သို့​လာ​သော​သူ​သည် နောက်​တစ်​ဖန် အ​ဆာ​အ​မွတ်​မ​ခံ​ရ။ ငါ့​ကို ယုံ​ကြည်​သော​သူ​သည် နောက်​တစ်​ဖန် ရေ​ငတ်​မ​ခံ​ရ။-

ငါ​သည် ကောင်း​ကင်​မှ​ဆင်း​သက်​သော အ​သက်​မုန့်​ဖြစ်၏။ ဤ​မုန့်​ကို စား​သော​သူ​မည်​သည်​ကား၊ အ​စဉ်​မ​ပြတ် အ​သက်​ရှင်​လိမ့်​မည်။ ငါ​ပေး​သော​မုန့်​ကား၊ လော​ကီ​သား​တို့၏ အ​သက်​အ​ဖို့​အ​လို​ငှာ စွန့်​သော ငါ၏​အ​သား​ပေ​တည်း​ဟု မိန့်​တော်​မူ၏။

ငါ​သည် ခ​ရစ်​တော်​နှင့်​အ​တူ လက်​ဝါး​ကပ်​တိုင်​မှာ အ​သေ​ခံ​ပြီ။ သို့​သော်​လည်း အ​သက်​ရှင်​သေး၏။ ထို​သို့​ဆို​သော် ငါ​သည် ကိုယ်​တိုင်​မ​ရှင်၊ ခ​ရစ်​တော်​သည် ငါ၌ ရှင်​တော်​မူ၏။ ကိုယ်​ခ​န္ဓာ၌ ယ​ခု​ငါ​ရှင်​သော အ​သက်​သည် ဘု​ရား​သ​ခင်၏​သား​တော်​ကို ယုံ​ကြည်​ခြင်း​အား​ဖြင့် တည်၏။ သား​တော်​သည် ငါ့​ကို​ချစ်၍ ငါ့​အ​ဖို့ ကိုယ်​ကို​ကိုယ် စွန့်​တော်​မူ၏။-




ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ