ဝတ်ပြု 8:29Judson Bibleထိုနောက် မောရှေသည် ရင်ပတ်ကိုယူ၍၊ ထာဝရဘုရားရှေ့တော်၌ ချီလွှဲသဖြင့်၊ ချီလွှဲသောပူဇော်သကာပြုလေ၏။ အရာ၌ခန့်ထားရာသိုး၏ ရင်ပတ်သည် မောရှေ၏အဖို့ ဖြစ်သတည်း။ အခန်းကိုကြည့်ပါ။ |
ဣသရေလအမျိုးသားတို့သည် စင်ကြယ်သောဖလား စသည်တို့နှင့်၊ ပူဇော်သကာကို ဗိမာန်တော်သို့ ဆောင်ခဲ့သကဲ့သို့၊ ထိုသူတို့သည် သင်တို့၏ ညီအစ်ကိုအပေါင်းကို မြင်း၊ ရထား၊ ထမ်းစင်၊ မြည်း၊ ကုလားအုတ်ပေါ်၌တင်၍၊ ထာဝရဘုရားအား ပူဇော်ဖို့ရာ၊ ခပ်သိမ်းသော အပြည်ပြည်တို့မှ ငါ၏သန့်ရှင်းသောတောင်၊ ယေရုရှလင်မြို့သို့ ဆောင်ခဲ့ကြလိမ့်မည်ဟု ထာဝရဘုရား မိန့်တော်မူ၏။
ဘုရားသခင်သည် အရာရာ၌ ယေရှုခရစ်အားဖြင့် ဘုန်းတော်ထင်ရှားစေမည်အကြောင်း၊ ဟောပြောသောသူသည် ဘုရားသခင်၏ ဗျာဒိတ်တော်နှင့်အညီ ဟောပြောစေ။ အခြားသောအမှုကို ဆောင်ရွက်သောသူသည်၊ ဘုရားသခင်ပေးသနားတော်မူသော အစွမ်းသတ္တိအတိုင်း ဆောင်ရွက်စေ။ ထိုဘုရားသခင်သည် ကမ္ဘာအဆက်ဆက် ဘုန်းအသရေ အစွမ်းသတ္တိ ရှိတော်မူစေသတည်း။ အာမင်။